Wednesday, June 24, 2026

အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရန် သဘောတူညီချက်မူကြမ်း...

အိန္ဒိယရူပီးနှင့် မြန်မာကျပ်အကြား နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် (Bilateral Currency Swap Arrangement) တည်ထောင်နိုင်ရန် နှစ်နိုင်ငံဗဟိုဘဏ်များအကြား သဘောတူညီချက်မူကြမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည်...

ပြည်ပပို့ကုန်ပဲနှင့် ပဲမာလိုင်းဈေးနှုန်းများ ပြန်လည်မြင့်တက်၊

ကုလားပဲဈေး အနည်းငယ်ကျဆင်း ပြည်ပပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းအချို့၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စု၏ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှစတင်၍ ဈေးကျဆင်းနေခဲ့သည့် ပို့ကုန်ပဲများဖြစ်သော ပဲစင်းငုံ၊...

မိုးကောင်းမြို့မှ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုအား စားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ဇွန် ၂၁ ရက်မှစတင်၍ မိုးကောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်...

(၁၀)ကြိမ်မြောက် ကမ္ဘာ့ MSME နေ့အခမ်းအနားကို...

AI ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိကထားမည် (၁၀)ကြိမ်မြောက် ကမ္ဘာ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နေ့...
HomeInternationalသမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်အားပေးသည့်...

သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်အားပေးသည့် UFC 31 6 ပွဲတွင် မြန်မာနွယ်ဖွား ချင်းလူငယ် ဂျော့ရှူဝါဗန် ဘရာဇီးပြိုင်ဘက်ကို အလဲထိုးနှင့် အနိုင်ယူ

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ ပရူဒန်ရှယ် စင်တာတွင် ကျင်းပသည့် UFC 316 ပြိုင်ပွဲ၌ ချင်းလူငယ် ဖိုက်တာ ဂျော့ရှူဝါဗန်သည် ပြိုင်ဘက် ဘရာဇီးဖိုက်တာဆီလ်ဗာကို တတိယအချီတွင် အလဲထိုးနှင့် အနိုင်ယူခဲ့သည်။

ပွဲစဉ်အစပိုင်းကတည်းက သူတင်ကိုယ်တင် ယှဉ်ပြိုင်ထိုးသ -တ်ခဲ့ပြီး တတိယအချီ ပြီးခါနီ (၁) မိနစ်အလိုတွင် ဂျော့ရှူဝါဗန်က ပြိုင်ဘက်ကို သံဇကာထောင့်တွင် အလဲထိုးကာ ဘယ်ညာတွဲလုံးလက်သီးများဖြင့် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖိအားပေးတို-က်ခို-က်မှုကြောင့် ပြိုင်ဘက်ဖြစ်သူ ဘရာဇီးဖိုက်တာမှာ မဟန်နိုင်တော့သည့်အခြေအနေဖြစ်သည့်အတွက် ဒိုင်ပွဲရပ်ဖြင့် ဗန်ကိုအနိုင်ပေးခဲ့ခြင်း ဖြစ်သည်။

ဒီပြိုင်ပွဲပါဝင်တဲ့ UFC 316 ပွဲစဉ်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်ကိုတွေ့ရပြီး ဂျော့ရှူဝါဗန်အနေဖြင့် (၇) မြောက်နိုင်ပွဲကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဂျော့ရှူဝါဗန်သည် UFC ပြိုင်ပွဲ (၈) ပွဲအထိ ဝင်ရောက်ယှဉ် ပြိုင်ထားပြီး (၇) ပွဲနိုင်၊ (၁) ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရန် သဘောတူညီချက်မူကြမ်း ရေးဆွဲနေ

အိန္ဒိယရူပီးနှင့် မြန်မာကျပ်အကြား နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် (Bilateral Currency Swap Arrangement) တည်ထောင်နိုင်ရန် နှစ်နိုင်ငံဗဟိုဘဏ်များအကြား သဘောတူညီချက်မူကြမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ဇွန် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောအဖွဲ့အား နေပြည်တော်ရှိ ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရေးဆိုင်ရာ သဘောတူညီချက်မူကြမ်း ရေးဆွဲနေမှု၊ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ပြည်ပပို့ကုန်ပဲနှင့် ပဲမာလိုင်းဈေးနှုန်းများ ပြန်လည်မြင့်တက်၊

ကုလားပဲဈေး အနည်းငယ်ကျဆင်း ပြည်ပပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းအချို့၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စု၏ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှစတင်၍ ဈေးကျဆင်းနေခဲ့သည့် ပို့ကုန်ပဲများဖြစ်သော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့မှာ ဇွန် ၂၀ ရက်တွင် အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ်တစ်သောင်းခန့် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ ဇွန် ၂၀ ရက် ပေါက်ဈေးများအရ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၂၉၅,၀၀၀၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၂၉၀,၀၀၀ နှင့်...

မိုးကောင်းမြို့မှ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုအား စားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ဇွန် ၂၁ ရက်မှစတင်၍ မိုးကောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေ ဘေးသင့်အိမ်ထောင်စုများအနက် မဖြစ်မနေရွှေ့ ပြောင်းရန်လိုအပ်သော အိမ်ထောင်စု(၃၂)စုကို မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင်ဖွင့်လှစ်ထားသည့် ယာယီရေကေယ်ဆယ်ရေးစခန်းများသို့ရွေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုကို ကချင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇွန် ၂၃ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်(၂၅)အိတ်၊ ဆီ(၁၀)ပိသာ၊ ကြက်ဥ(၁၀၀၀)လုံးနှင့် ခေါက်ဆွဲခြောက် (၁၀)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ချောင်းရေများမြင့်တက်ခဲ့မှုကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071