Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeCelebrities' Newsသမီးတွေနဲ့ပတ်သက်ရင် ချစ်သုဝေက ...

သမီးတွေနဲ့ပတ်သက်ရင် ချစ်သုဝေက တာဝန်ကျေတဲ့ မိခင်ကောင်းတစ်ယောက်ပါ လင်းလင်း

လင်းလင်းက ဇနီးဖြစ်သူ ချစ်သုဝေရဲ့ မွေးနေ့မှာ မွေးနေ့လက်ဆောင် အဖြစ် စန္ဒရားအဖြူရောင်လေး ပေးခဲ့ပါတယ်။ သမီးလေးတွေနဲ့အတူ စန္ဒရား တီးချင်တယ်ဆိုတဲ့ ဇနီးဖြစ်သူရဲ့စကားကို မှတ်သားထားခဲ့ပြီး မွေးနေ့ လက်ဆောင်အဖြစ် ပေးခဲ့တာလို့ လင်းလင်းက ဆိုပါတယ်။ ဇနီးဖြစ်သူအတွက် မွေးနေ့ဆုတောင်းအနေနဲ့ လင်းလင်းက …

“သူက သမီးတွေနဲ့ ပတ်သက် ရင် တအားတာဝန်ကျေတဲ့ မိခင်၊ ဒီထဲ မှာပဲ စိတ်နှစ်ပြီးတော့ ရှိသမျှအလုပ်တွေတောင် မလုပ်ဘဲနဲ့ ဖျက်ပြီးတော့ သမီးတွေနဲ့ ဘဝကို နှစ်ထားတာဆိုတော့ မွေးနေ့ ဆုတောင်းကို သူနဲ့ သူ့သမီး တွေနဲ့ပဲတွဲပြီး ဆုတောင်းပေးချင်တယ်။ သမီးနှစ်ယောက်နဲ့ သူနဲ့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ မှန်သမျှအားလုံး ဖြစ်ပါစေ၊ အဆင်ပြေပါစေ၊ အောင်မြင်ပါစေ လို့ပဲ ဆုတောင်းပေးချင်တယ်” လို့ ပြောပါတယ်။ လင်းလင်းက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး ချစ်သုဝေက ခရစ်ယာန်ဘာသာကို ကိုးကွယ်တာဖြစ်တာကြောင့် ဘာသာ မတူပေမယ့်လည်း နားလည်မှု အပြည့်ရှိတဲ့ ဇနီးမောင်နှံလို့ ဆိုရမှာပါ။ သမီးလေးနှစ်ယောက်ကို ဘယ်ဘာသာဝင် ဖြစ်စေချင်လဲဆိုတာကိုတော့ လင်းလင်းက…

“ကျွန်တော်က ဖီးလ်ဖြစ်တယ်။ အယူဝါဒခံစားမှုတွေနဲ့ ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ်က အစ လွတ်လွတ်လပ်လပ်ပဲ ထားတယ်။ ကိုယ်ကိုယ်တိုင် လည်း ၂၀ဝ၇၊ ၂၀ဝ၈ ဝန်းကျင်မှာ ဘာသာမဲ့တစ်ယောက်ဖြစ်ဖူးတယ်။ ကိုယ့်ဘာသာကိုယ်ခံစားမှုတွေ များပြီးတော့ အယူဝါဒတစ်ခုပေါ်မှာ သံသယ တွေပွားခဲ့တယ်။ ရွှေဝါရောင် အရေးအခင်းအပြီးမှာပေါ့။ အဲဒါနဲ့ ပတ်သက်ရင် သူများကို ဘယ်လိုဆိုပြီး တစ်ခုခုပြောဖို့ နေနေသာသာ ကိုယ့်ကိုယ်ကိုယ်တောင် တော်တော် ပြင်ဆင်နေရတုန်းပဲ။ ဟိုးတလောက ဘုန်းကြီးဝတ်တယ်။ ဖား အောက်တောရမှာ ဝတ်ချင်တယ်ဆိုပြီး သွားဝတ်တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ပြောရရင် တစ်သက်လုံး တောင် ပြင်ဖို့ဆင်ဖို့ ပြီးဖို့ မလွယ်ဘူး။ ကိုယ့်သားသမီး ကိုပဲဖြစ်ဖြစ် မိန်းမကိုပဲ ဖြစ် ဖြစ်၊ တခြားသူတစ်ယောက် ကိုပဲ ဖြစ်ဖြစ် သွားပြီးတော့ ဝေဖန်ပိုင်းခြား ဆုံးဖြတ်တာ မျိုး မပြောနိုင်ဘူးထင်တယ်။ လူတစ်ဦးတစ်ယောက်က သူ့ အယူဝါဒ၊ သူ့ဘာသာတစ်ခုနဲ့ တောင်မှ ပြီးပြည့်စုံဖို့မပြောနဲ့ အဆင်သင့်ဖြစ်ဖို့ တစ်သက် လုံး ပြင်ဆင်နေရတာမျိုး၊ ကြိုက်တာလုပ်ပါလေ့စေ” လို့ ပြောပါတယ်။ လင်းလင်းက သူ့အနေနဲ့ သမီးလေးတွေက ယုံကြည်အားကိုးပြီး ဆိုးတိုင် ပင်ကောင်းတိုင်ပင် ပြုလုပ် နိုင်တဲ့ ဖခင်မျိုးပဲဖြစ်ချင်တယ် လို့ ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ် ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို Digital ရှေ့ပြေးဥပဒေရုံးများအဖြစ် တိုးချဲ့မည်

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ် တိုးချဲ့ဖွဲ့စည်းသွားရန် လျာထားကြောင်း သိရသည်။ ယမန်နေ့က Naypyidaw ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ဥပဒေရုံးများကို ရှေ့ပြေးဥပဒေရုံးများအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်ခြင်းသည် ရုံးလုပ်ငန်းများတွင် မှတ်ပုံတင်ခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာပေးပို့ခြင်း စသည့်လုပ်ငန်းစဉ်များကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071