Friday, February 13, 2026

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ်...

ခရီးသွားကာလဖြစ်၍ Toll Plaza များတွင်ကြန့်ကြာမှုဖြစ်ပေါ် ခဲ့ပါက နားလည်မှုဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် Max Highway က ခရီးသွားများကို မေတ္တာရပ်ခံခဲ့သည်။ ယနေ့ ဖေဖော်ဝါရီ ၁၂...
HomeMyanmar Theatrical Traditionသဘင်အစည်းအရုံး (ဗဟို)ရွေးကောက်ပွဲမှာ ဦးမိုးဝင်း...

သဘင်အစည်းအရုံး (ဗဟို)ရွေးကောက်ပွဲမှာ ဦးမိုးဝင်း ထပ်မံအရွေးချယ်ခံ ဖြစ်ဦးမလား

U-Moe-win

မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံး(ဗဟို)ရဲ့ အမှုဆောင်အဖွဲ့ အနေနဲ့ အောက်တိုဘာလမှာတော့ အမှုဆောင်သက်တမ်း ၂နှစ်တာ ပြည့် တော့မှာပဲဖြစ်ပါတယ်။ ဒီ၂နှစ်တာသက်တမ်းအတောအတွင်းမှာလည်း သဘင် အစည်းအရုံး(ဗဟို)အနေနဲ့ သဘင်လောကနဲ့ ပတ်သက်လို့ လုပ်ဆောင်မှုတွေ အတော်တော်များများ လုပ်ဆောင်နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါကြောင့်လည်း ၂နှစ်တာအတွင်းလုပ်ဆောင်ခဲ့တဲ့အကြောင်းအရာတွေ အပေါ်မှာ ဘယ်လိုသုံး သပ်မိပါသလဲဆိုတာကိုတော့ သဘင်အစည်းအရုံး (ဗဟို)ရဲ့ အတွင်းရေးမှူး ဦးမိုးဝင်းကို မေးကြည့်တဲ့အခါ …….

“ကျွန်တော်တို့ အမှုဆောင်အဖွဲ့တွေ တော်တော် ပင်ပန်းပါတယ်။ ဒီအမှုဆောင်အဖွဲ့မှာ ပါဝင်တဲ့လူတိုင်းက ကိုယ့်စီးပွားရေးကို ကိုယ်ပြန်မကြည့်နိုင်တော့ဘူး။ ဒါပေမဲ့ သဘင်ချစ်တဲ့စိတ်နဲ့ လုပ်နေကြတာပါ။ ကျွန်တော်တို့တွေရဲ့ အားကြိုးမာန်တက်လှုပ်ရှားမှုကြောင့် သဘင်အစည်းအရုံး ကြီးက အများအမြင်မှာလည်း တိုးတက်လာတာကို တွေ့ကြရပါတယ်။ အားလုံး စိတ်ဝင်စားတာကိုလည်း မြင်တွေ့ကြရပါတယ်။ ဒါပေမဲ့ ကုန်ကျငွေအတွက် ကိုယ်ပိုင်စိုက်ထုတ်ငွေကတော့ တော်တော်များခဲ့ပါတယ်။ အဲဒါကိုလည်း ကျွန်တော်တို့က ပြန်ပြီးတော့မတောင်းတော့ပါဘူး။ လှူလိုက်တာပါပဲ။ ဒါကိုလည်း ကျွန်တော်တို့ ပီတိဖြစ်မိပါတယ်။ကိုယ်ချစ်တဲ့ သဘင်သည်တွေကို လှူရတဲ့အတွက်ပေါ့။ မပြေလည်တဲ့ ကိစ္စရပ်တွေလည်း ရှိပါလိမ့်မယ်။ ဒါတွေ ကလည်း အဖွဲ့အစည်းတိုင်းမှာဖြစ်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ စိတ်ဓာတ်မကျပါဘူး။ အားလုံးကို စိတ်ချမ်းသာဖို့အတွက် အားလုံးညီညွတ်ကြဖို့ အတွက် ကျွန်တော်တို့ကြိုးစားပြီးတော့ ညှိနှိုင်းအဖြေရှာပြီး ဆောင်ရွက်သွား မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

သဘင်အစည်းအရုံး(ဗဟို) ရွေးကောက်ပွဲကိုတော့ အောက်တိုဘာလ ထဲမှာကျင်းပပြုလုပ်သွားဖို့ စီစဉ်မှာဖြစ်ပြီး သူ့အနေနဲ့ နောက်ထပ်ပြန်လည် ရွေးချယ်ခံဖို့ကတော့ အခုအချိန်မှာ မဆုံးဖြတ်ရသေးကြောင်း ဦးမိုးဝင်း ကပြောပါတယ်။ ၂နှစ်တာကာလအတွင်းမှာ သဘင်လောကအတွက် အကောင်းဆုံး ကြိုးစားခဲ့ကြတာကြောင့် ထောက်ခံအားပေးမှုတွေလည်း ရရှိ ခဲ့သလို ဝေဖန်မှုတွေကိုလည်း အမှုဆောင်အဖွဲ့အနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုဝေဖန်မှုတွေကို သူတို့အနေနဲ့ ဘယ်လိုစိတ်ထားပြီး ဖြတ်ကျော်ခဲ့ရသလဲလို့ ဦးမိုးဝင်းကို ထပ်မေးတဲ့အခါ
“ကျွန်တော်တို့က ကောင်းအောင် လုပ်ချင်တာလေ။ အများ ကောင်းကျိုး လုပ်မယ့်ကိစ္စ၊ ဒါက ပရဟိတပါပဲ။ ကျွန်တော်တို့ အခုလုပ်နေတာ တစ်ပြား မှလည်း မရပါဘူး။ ကိုယ့်ဘာသာကိုယ်လည်း ကုန်သေးတယ်။ ဒါပေမဲ့ ဘာ တွေ့လာလဲဆိုတော့ ကျွန်တော်တို့ ပီတိတွေပဲဖြစ်လာတယ်။ ကျွန်တော်တို့ အားလုံးရဲ့စိတ်ထဲမှာ ကောင်းအောင်ပဲလုပ်ပေးမှာ။ ဒီကုလားထိုင်ကြီးမှာ ထိုင်နေဖို့ဆိုတဲ့ ဆန္ဒကိုလုံးဝကိုမရှိတာပါ။ အချိန်မရွေး နေရာကဖယ်ပေးဖို့ အဆင်သင့်ပါပဲ။ အဲဒီအတွက်လည်း တုန်လှုပ်မှုမရှိပါဘူး။ ချောက်ချားမှုမရှိ ဘူး။ သိပ်ပျော်နေတယ်။ ကိုယ့်ထက်စွမ်းဆောင်နိုင်မယ့်သူတွေ၊ သဘင်ကို ချစ်တဲ့ သူတွေ ရောက်လာလိမ့်မယ်လို့ မျှော်မှန်းပါတယ်။ အဲဒီအတွက် လည်း ကြိုဆိုပါတယ်”လို့ ဦးမိုးဝင်းကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071