Friday, May 23, 2025

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...
HomePoemသတၳဳေရာင္မွတ္စု

သတၳဳေရာင္မွတ္စု

nလိုချင်သည်ဖြစ်စေ၊
မလိုချင်သည်ဖြစ်စေ၊
မနက်ခင်းဟာ
ကိုယ့်ဆီရောက်လာခဲ့ပြီ။
အိမ်ထဲကနေ
အမှိုက်ထုပ်တစ်ထုပ်လို
လမ်းထဲလွင့်ကျလာတဲ့ကိုယ်ဟာ
ဖော်ဝေးရဲ့ကဗျာကို
ပြန်ပြန် သတိရနေမိတယ်။

မနေ့က
ဘာမှမဟုတ်ခဲ့တဲ့သူဟာ
ဒီနေ့လည်း
ဘာမှမဟုတ်သလိုပါပဲ။
လူတွေကပ်ထားတဲ့တံဆိပ်ဟာ
လူတွေကို
လိမ္မာစေတယ်၊ မိုက်မဲစေတယ်၊
ရိုးသားစေတယ်၊ ကောက်ကျစ်စေတယ်။
တစ်ခါ တစ်ခါတော့
မီးခိုးငွေ့လို ကိုယ်လွင့်သွားချင်မိတယ်။
အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းတွေကို
ကိုယ်သိပ် နားမလည်သလိုပဲ။
ဒါပေမဲ့ ကိုယ်မကျ ဆုံးချင်ဘူး။

ချစ်သူရဲ့လက်ထဲမှာ မကျဆုံးချင်ဘူး။
အမေ့ရဲ့ လက်ထဲမှာ မကျဆုံးချင်ဘူး။
ကိုယ့်ထက် အသိဥာဏ်နိမ့်ကျတဲ့
သူတွေရဲ့ လက်ထဲမှာ မကျဆုံးချင်ဘူး။
သွေးနဲ့ သားနဲ့ တည်ဆောက်ထားတဲ့
ကိုယ်ဟာ ကားသော့ကို
ညာဘက်လက်နဲ့ ဟန်ပါပါ လှည့်ပြီး
ဘယ်ဘက်လက်က
အကောင်းစား မျက်မှန်တစ်လက်ကိုင်ပြီး
လက်ဖက်ရည်ဆိုင်ထဲ
ဘယ်သူ့ကိုမှ ငဲ့စောင်းမကြည့်ဘဲ
ထိုင်ချင်ခဲ့ဖူးတယ်။

ပိုက်ဆံတောင်းလာတဲ့
ကလေး တွေလာရင်
၂ဝဝ တန်တစ်ရွက်လောက်ထည့်ပြီး
ဆေးပေါ့လိပ်ကို
အေးအေး ဆေးဆေး ဆက်ဖွာချင်ခဲ့ဖူးတာပေါ့။
အခုတော့
ကိုယ့်အိတ်ထဲက၂ဝဝဟာ
ကိုယ့်လက်ဖက်ရည်ဖိုးပါပဲ ကလေးရယ်။
ဘုရားသခင်က လူကို ဖန်ဆင်းပြီးတော့
ကိုယ်ဟာကိုယ့်ခန္ဓာအတွက်
စားနပ်ရိက္ခာကို ဆက်လက်ဖန်ဆင်းရတယ်။
နေစရာထိုင်စရာကို ဖန်ဆင်းရတယ်။

အသက်မပါပေမယ့်
လှလှပပ ပြုံးတတ်အောင် သင်ယူရတယ်။
ဘဝဟာ သင်ယူရခြင်းတွေနဲ့
ဖွဲ့စည်းထားတဲ့ ပင့်ကူအိမ်ပါပဲ။
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ သင်ယူရတယ်။
သူများတွေကို ကာကွယ်ဖို့သင်ယူရတယ်။
အကြမ်းဖက်မှုတွေဟာ
ကာကွယ် ခြင်းတွေရဲ့ ဘေးထွက်ဆိုးကျိုးပဲ။
ကိုယ် သင်ယူနေရတဲ့အရာတွေထဲမှာ
ကိုယ်ရောက်နေတဲ့နေရာမှာ
နေတတ်ထိုင်တတ်အောင်
သင်ယူရတဲ့အလုပ်က
အဆိုးရွားဆုံး သင်ယူရခြင်းပေါ့။
ခွေးချင်းကိုက်တာတောင်
ကိုယ့်ခွေးကို အနိုင်ရစေချင်တဲ့
လူ့စိတ်သဘောထားအတိုင်း
ကိုယ်ဟာကိုယ့်ကိုယ်ကိုယ်
အမြဲတမ်း ဇာတ်လိုက်လို့ထင်မြင်မိအောင်
သင်ယူခဲ့ပြီးပြီ။

ခန္ဓာကိုယ်ကိုအပြည့်ပေးပြီး
စိတ်ကိုတစ်ဝက်တိတိ ပေးအပ်ရတဲ့
အသက်မွေးမှုကို
ဆက်လက်သင်ယူနေရဆဲပဲ။
ဒဏ်ရာရ နေတဲ့ အတိတ်၊
မသန်စွမ်းတဲ့အနာဂတ်
ဘာဖြစ်ဖြစ် ကိုယ်ဟာ
နေပျော်အောင် သင်ယူနေတုန်းပါပဲ
ကမ္ဘာကြီးငြိမ်းချမ်းရေးကို
မခူးဆွတ်ရသေးတဲ့
လူအချင်းချင်းနှိမ့်ချဆက်ဆံ၊
လုယက်သတ်ဖြတ်နေကြတာ
မေတ္တာတရားကို
သင်ကြားဖို့မေ့လျော့ နေလို့လား။

အလုပ်ထဲရောက်တဲ့အခါ
ကိုယ့်အကြောင်း ကိုယ်ခဏမေ့ထား။
ထမင်းစားနားတဲ့အခါ
ကိုယ့် အကြောင်းကိုယ်ခဏမေ့ထား။
ညနေပိုင်း အလုပ်သိမ်းတဲ့အခါ
ကိုယ့်အကြောင်းကိုယ်ခဏမေ့ထား။
လူတွေဟာ ကိုယ်ဖော်တဲ့အဆိပ်
ကိုယ်မျိုနေကြတာလား။
ဆော့ခရိတ္တိဟာ
အမှန်တရားဘက်က အဆိပ်တစ်ခွက်နဲ့
မားမားရပ်ခဲ့တယ်။

လင်းသက်ငြိမ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071