Wednesday, June 17, 2026

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...

ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေး ရခိုင်ပြည်နယ်တွင် ကလေးငယ်...

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက်...
HomeNewsLocal Newsသတ်မှတ် ကာလ အတွင်း...

သတ်မှတ် ကာလ အတွင်း ပို့ကုန်ရငွေများ ပြန်လည် မရောက်ရှိသော ကုမ္ပဏီများအား တရားစွဲ အရေးယူရန် ဗဟိုဘက် ပြင်ဆင် ဆောင်ရွက်နေ

သတ်မှတ်ကာလ အတွင်း ပို့ကုန်ရငွေများ ပြန်လည် မရောက်ရှိသော ကုမ္ပဏီများအား တရားစွဲအရေးယူရန် ဗဟိုဘက် ပြင်ဆင် ဆောင်ရွက်နေ

Unicode

နေပြည်တော်၊ အောက်တိုဘာ ၁၀ရက်

 အောက်တိုဘာ ၃ရက်က အမိန့်ကြော်ငြာစာအမှတ် (၃၅/၂၀၂၁)ဖြင့် ထုတ်ပြန်ခဲ့သော ပို့ကုန်ရငွေအား ရက်(၃၀) ထက် မကျော်လွန်ရ ဆိုသည့် တားမြစ်ချက်သည် ပို့ကုန်ရငွေအားလုံး အကျုံးဝင်သဖြင့် ဘဏ်များသို့ ရောင်းချပေးရန် ဗဟိုဘဏ်က တိုက်တွန်းလိုက်ပြီး. ပို့ကုန်ရငွေအား ရက်(၃၀) ထက် မကျော်လွန်ရန် စစ်ဆေးစောင့်ကြည့်မှုစနစ်များ ထားရှိဆောင်ရွက်ထားသည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန် ချက်ကဆိုသည်။

ယင်းအပြင် ပို့ကုန်ရငွေများ သတ်မှတ်ကာလအတွင်း ပြန်လည် မရောက်ရှိသော ကုမ္ပဏီများအား တရားစွဲအရေးယူရန်အတွက် ပြင်ဆင် ဆောင်ရွက်နေသည့်အပြင် ရက်ပေါင်း(၃၀)အတွင်း ရောင်းချသုံးစွဲရမည့် ပို့ကုန်ရငွေအား စိစစ်နေပြီး ဈေးနှုန်း မြင့်တက်ရန်/ထိန်းသိမ်းရန် ဆောင်ရွက်သည်ဟု ယူဆရ နိုင်သော Bank Account များအား စိစစ်သွားရန် ရှိနေကြောင်းလည်း ဗဟိုဘဏ်ကပြောသည်။

ဗဟိုဘဏ်၏ယခင်ကြေညာချက်များအရ နိုင်ငံပိုင် လုပ်ငန်းများ အပါအဝင် ၂၀၁၈ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၄၄၇ခုကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ရှင်းလင်းရန် သတိပေးထားပြီး စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များအရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း ဆက်လက်ဆောင်ရွက် သွားမည် ဟု အသိပေးကြေညာချက်တစ်ရပ်လည်းရှိနေသည်။

ဗဟိုဘဏ်က (၆-၁၀-၂၀၂၁)ရက်နေ့တွင် ပြင်ဆင်ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၁ ပါ ကိစ္စရပ်နှင့်ပတ်သက်၍ “မည်သူမဆို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများတို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ခြင်းမပြုရ။” ဟု ဖော်ပြခြင်းသည် စည်းကမ်း စနစ်တကျ လိုက်နာမှုမရှိသောကိစ္စရပ်များ အားလုံး အတွက် အကျုံးဝင်ပါကြောင်း နှင့် သာမာန်ရိုးသားစွာ ဆောင်ရွက်နေသူများ ပူပင်မှုရှိရန် မလိုကြောင်း ဗဟိုဘဏ်ကဆက်လက်ပြောသည်။

ယင်းပြင်ဆင်ချက်အရ မည်သူမဆိုနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် တစ်နှစ်ထက် မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

Zaw Gyi

သတ္မွတ္ကာလ အတြင္း ပို႔ကုန္ရေငြမ်ား ျပန္လည္ မေရာက္ရွိေသာကုမၸဏီမ်ားအား တရားစြဲအေရးယူရန္ ဗဟိုဘက္ ျပင္ဆင္ ေဆာင္႐ြက္ေန

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၀ရက္

ေအာက္တိုဘာ ၃ရက္က အမိန႔္ေၾကာ္ျငာစာအမွတ္ (၃၅/၂၀၂၁)ျဖင့္ ထုတ္ျပန္ခဲ့ေသာ ပို႔ကုန္ရေငြအား ရက္(၃၀) ထက္ မေက်ာ္လြန္ရ ဆိုသည့္ တားျမစ္ခ်က္သည္ ပို႔ကုန္ရေငြအားလုံး အက်ဳံးဝင္သျဖင့္ ဘဏ္မ်ားသို႔ ေရာင္းခ်ေပးရန္ ဗဟိုဘဏ္က တိုက္တြန္းလိုက္ၿပီး. ပို႔ကုန္ရေငြအား ရက္(၃၀) ထက္ မေက်ာ္လြန္ရန္ စစ္ေဆးေစာင့္ၾကည့္မႈစနစ္မ်ား ထားရွိေဆာင္႐ြက္ထားသည္ဟု ဗဟိုဘဏ္၏ ထုတ္ျပန္ ခ်က္ကဆိုသည္။

ယင္းအျပင္ ပို႔ကုန္ရေငြမ်ား သတ္မွတ္ကာလအတြင္း ျပန္လည္ မေရာက္ရွိေသာ ကုမၸဏီမ်ားအား တရားစြဲအေရးယူရန္အတြက္ ျပင္ဆင္ ေဆာင္႐ြက္ေနသည့္အျပင္ ရက္ေပါင္း(၃၀)အတြင္း ေရာင္းခ်သုံးစြဲရမည့္ ပို႔ကုန္ရေငြအား စိစစ္ေနၿပီး ေဈးႏႈန္း ျမင့္တက္ရန္/ထိန္းသိမ္းရန္ ေဆာင္႐ြက္သည္ဟု ယူဆရ ႏိုင္ေသာ Bank Account မ်ားအား စိစစ္သြားရန္ ရွိေနေၾကာင္းလည္း ဗဟိုဘဏ္ကေျပာသည္။

ဗဟိုဘဏ္၏ယခင္ေၾကညာခ်က္မ်ားအရ ႏိုင္ငံပိုင္ လုပ္ငန္းမ်ား အပါအဝင္ ၂၀၁၈ ခုႏွစ္အတြင္း ပို႔ကုန္တင္ပို႔ခဲ့ၿပီး ပို႔ကုန္ရေငြ ျပန္လည္ ဝင္ေရာက္ရန္ က်န္ရွိသည့္ ကုမၸဏီ ၄၄၇ခုကို ၂၀၂၁ ခုႏွစ္၊ ဩဂုတ္လ ၉ ရက္ေန႔မွစ၍ ရက္ေပါင္း (၃၀) အတြင္း ရွင္းလင္းရန္ သတိေပးထားၿပီး စာရင္းရွင္းလင္းျခင္းမရွိပါက စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ ပို႔ကုန္/ သြင္းကုန္ဆိုင္ရာ လုပ္ထုံး လုပ္နည္း မ်ားအရလည္းေကာင္း၊ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒပါ ျပ႒ာန္းခ်က္မ်ားအရလည္းေကာင္း ဆက္လက္ေဆာင္႐ြက္ သြားမည္ ဟု အသိေပးေၾကညာခ်က္တစ္ရပ္လည္းရွိေနသည္။

ဗဟိုဘဏ္က (၆-၁၀-၂၀၂၁)ရက္ေန႔တြင္ ျပင္ဆင္ခဲ့သည့္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၄၁ ပါ ကိစၥရပ္ႏွင့္ပတ္သက္၍ “မည္သူမဆို ႏိုင္ငံျခားသုံးေငြ စီမံခန႔္ခြဲမႈႏွင့္စပ္လ်ဥ္း၍ ဤဥပေဒအရ ထုတ္ျပန္သည့္ နည္းဥပေဒမ်ား စည္းမ်ဥ္း၊ စည္းကမ္းမ်ား၊ အမိန႔္ေၾကာ္ျငာစာ၊ အမိန႔္ၫႊန္ၾကားခ်က္ႏွင့္ လုပ္ထုံးလုပ္နည္းမ်ားတို႔ပါ တားျမစ္ခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္ ျခင္းမျပဳရ။” ဟု ေဖာ္ျပျခင္းသည္ စည္းကမ္း စနစ္တက် လိုက္နာမႈမရွိေသာကိစၥရပ္မ်ား အားလုံး အတြက္ အက်ဳံးဝင္ပါေၾကာင္း ႏွင့္ သာမာန္႐ိုးသားစြာ ေဆာင္႐ြက္ေနသူမ်ား ပူပင္မႈရွိရန္ မလိုေၾကာင္း ဗဟိုဘဏ္ကဆက္လက္ေျပာသည္။

ယင္းျပင္ဆင္ခ်က္အရ မည္သူမဆိုႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈႏွင့္စပ္လ်ဥ္း၍ တားျမစ္ခ်က္ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္လွ်င္ တစ္ႏွစ္ထက္ မပိုသည့္ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရမည္ျဖစ္သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071