Tuesday, June 9, 2026

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည်...

၁၉၅၄ ခုနှစ်ကချမှတ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၈...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရသည် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇွန် ၈ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံစဥ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...
HomeNewsLocal Newsသစ်နှင့်ဝါး အလျှံပယ်ရှိသဖြင့် ပြည်တွင်းစက္ကူစက်ရုံများမှ...

သစ်နှင့်ဝါး အလျှံပယ်ရှိသဖြင့် ပြည်တွင်းစက္ကူစက်ရုံများမှ စက္ကူများထုတ်လုပ်နိုင်ပါက အကျိုးများမည်ဟု နစက ဥက္ကဋ္ဌပြော

ပြည်တွင်း၌စက္ကူများလုံလောက်စွာထုတ်လုပ်နိုင်ရန် နိုင် ငံတော်မှဆောင်ရွက်ရန်လိုသကဲ့သို့ ပုဂ္ဂလိ ကနှင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန်လိုဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နိုဝင်ဘာ ၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၈/၂၀၂၂)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များရှိကာ နေ့ စဉ်ထုတ်သတင်းစာများ ရိုက်နှိပ်ထုတ်ဝေနေသ ကဲ့သို့ မဂ္ဂဇင်းများ၊ဂျာနယ်များနှင့်ကျောင်းသုံး စာအုပ်များအတွက် စက္ကူများလိုအပ်လျက်ရှိ၍ ပြည်ပမှတင်သွင်းနေရသည်ဟု ပြောသည်။

“မြန်မာနိုင်ငံမှာ စက္ကူထုတ်လုပ်နိုင်တဲ့ သစ်နဲ့ဝါးတွေ အလျှံပယ်ရှိသလို စက္ကူစက်ရုံတွေလည်းရှိပြီးဖြစ်ပါတယ် သို့သော် အကြောင်းအမျိုးမျိုးကြောင့် စက္ကူတွေထုတ်လုပ်နိုင်မှုမရှိသည်ကိုတွေ့ရပါတယ်။ နိုင်ငံမှာရှိပြီးဖြစ်တဲ့ စက္ကူစက်ရုံတွေက စက္ကူတွေထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်သလို စက္ကူပျော့ဖတ်တွေကိုလည်း ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းများ တဖြည်းဖြည်းကျဆင်းလာကာ တရားမဝင်သစ်ထုတ်လုပ်မှုများ ပိုမိုများပြားလျက်ရှိသည်ကိုတွေ့ရှိရပြီး သစ်တောများပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန်လိုသည်ဟု ပြောသည်။

“နိုင်ငံမှာ ဝါးတောတွေအများအပြားရှိပါတယ် အဲဒီဝါးတွေကိုသုံးပြီး စက္ကူတွေကိုထုတ်လုပ်နိုင်မယ်ဆိုရင် များစွာအကျိုးရှိမှာဖြစ်ပါတယ် ပြည် နယ်နဲ့တိုင်းတွေအလိုက် ဝါးထုတ်လုပ်ရေးနဲ့ပတ် သက်ပြီး စနစ်တကျဆောင်ရွက်ကြစေလိုပါတယ် သစ်တောတွေ ပြန်လည်ဖုံးလွှမ်းရေးအတွက်လည်း ဆောင်ရွက်ကြစေလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

သစ်တောများပြန်လည်စိုက်ပျိုးရေးအတွက် လာမည့်မိုးရာသီမှစ၍ အမျိုးသားရေးရည်မှန်းချက်အဖြစ် စီမံချက်ချမှတ်ဆောင်ရွက်ရန်လိုကာ ပြည် တွင်း၌စက္ကူများလုံလောက်စွာထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်မှဆောင်ရွက်ရန်လိုအပ်သကဲ့ သို့ ပုဂ္ဂလိကနှင့်ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန်လိုသည်ဟု ပြော သည်။

မြန်မာနိုင်ငံ၌ တစ်နှစ်လျှင်ဝါးအလုံးရေ ၂၆၅ သန်းခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းနှင့်ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့သည် ဝါးအများဆုံးထုတ် လုပ်နိုင်သည့် ဒေသများဖြစ်ကာ တစ်နိုင်ငံလုံးမှ ထွက်ရှိသည့်ဝါးများကို ပျော့ဖတ်အဖြစ်ထုတ် လုပ်ပါက ပျော့ဖတ်တန်ချိန် ၄ သန်းခန့်ရရှိနိုင်မည်ဟု ပြောသည်။

ယင်း ပျော့ဖတ်များဖြင့် နိုင်ငံအတွက်လိုအပ်သည့်စက္ကူအား လုံလောက်စွာထုတ်လုပ်နိုင်မည်ဖြစ်ကာ ပြည်ပနိုင်ငံများသို့လည်း ပျော့ဖတ်များတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ နိုင်ငံအတွင်း တည် ဆောက်ထားရှိသည့် စက္ကူစက်ရုံများလည်ပတ် နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းတွက်ချက်ဆောင်ရွက်သွားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာဟု နိုင်ငံတော်သမ္မတပြော

၁၉၅၄ ခုနှစ်ကချမှတ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၈ ရက်ညနေပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ်ရုပ်ရှင်ရုံ၌ကျင်းပသော "၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်"ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် တရုတ်နိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အပြည့်အဝထောက်ခံကြိုးပမ်းပေးခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် "တရုတ်တစ်နိုင်ငံတည်း မူဝါဒ"ကို အခြေခံကျသည့် မူဝါဒအဖြစ် ခိုင်မာစွာကျင့်သုံးလျက်ရှိပြီး နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေရန်အတွက် ယင်း မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောသည်။ "နှစ်နိုင်ငံပြည်သူတွေရဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရသည် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ်ဖော်ဆောင်ပေးနိုင်မည်ကိုအပြည့်အဝယုံကြည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇွန် ၈ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံစဥ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကိုနားလည်သိရှိပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ်ဖော်ဆောင်ပေးနိုင်မည်ကို အပြည့်အဝယုံကြည်သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် မိတ်ဆွေဟောင်း မိတ်ဆွေရင်းနိုင်ငံများဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် နှစ်နိုင်ငံအစိုးရနှင့် ခေါင်းဆောင်များကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့မှု၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏အစိတ်အပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံ၏မိတ် ဆွေအဖြစ်အမြဲမှတ်ယူထားရှိကာ မြန်မာနိုင်ငံကိုအောင်မြင်သော...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071