Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeCelebrities' Newsသက်ကြီး လူရွှင်တော်ကြီးတွေရဲ့ ...

သက်ကြီး လူရွှင်တော်ကြီးတွေရဲ့  ခက်ခဲကြမ်းတမ်းမှုတွေကို ဝါရင့်လူရွှင်တော်ကြီး ဦးဧရာဖွင့်ဟ

“ကျွန်တော်တို့ လူရွှင်တော်တွေဆိုတာက စုမိ ဆောင်းမိနည်းတယ်။ ပျော်ပျော်နေတတ်တဲ့သူတွေ များတယ်။ အဲဒါကြောင့်လည်း လူရွှင်တော်ဖြစ်ကြတာ ပေါ့လေ။ အသက်အရွယ်ကြီးလာလို့ အလုပ်မရှိတော့ တဲ့အခါကျရင် လက်ထဲမှာ စုမိဆောင်းမိမရှိဘူး။ သား ထောက်သမီးခံရှိတဲ့ လူတွေကတော့ သိပ်ပြသနာမရှိ ဘူး။ သားထောက်သမီးခံမရှိတဲ့ လူရွှင်တော်တွေကြ တော့ တော်တော်ဒုက္ခရောက်ကြတယ်။ တချို့ဆိုရင် လမ်းဘေးမှာ သေတာတွေတောင်ရှိတယ်” လို့  လူရွှင် တော်တွေ အသက်အရွယ်ကြီးလာတဲ့အခါမှာ စုမိ ဆောင်းမိမရှိရင် ဒုက္ခရောက်ကြရတဲ့အကြောင်းကို ဝါရင့် လူရွှင်တော်ကြီး ဦးဧရာက ပြောပြပါတယ်။

လူရွှင်တော်တွေဆိုတာ အလုပ်မရှိတဲ့အခါကြရင် မီးရထားတို့ ဘတ်စ်ကားပေါ်တို့မှာ ဈေးရောင်းရတာ မျိုးတွေရှိပြီး အဲဒီလို စီးပွားရှာရတာမျိုးတွေရှိတယ်လို့ လူရွှင်တော်တွေရဲ့ဘဝကို သူကပြောပြပါတယ်။ “ဘယ်သူကနှစ်သက်မှာလဲဗျာ။ အဲဒီအလုပ်ကြီး ကိုလေ။ ဒါပေမဲ့လည်း လုပ်ကြရတာပဲလေ။ အဲဒီ အလုပ်ကလည်း သွားနိုင်လာနိုင်ပြောနိုင်ဆိုနိုင်တဲ့ အရွယ်တွေပဲ လုပ်လို့ရတာလေ။လူကြီးတွေကြတော့ လုပ်ဖို့ မလွယ်တော့ဘူးလေ။ အဲဒီအချိန်ကြရင် တော်တော် လေးကို မျက်နှာငယ်ရတယ်။ အားလည်း ငယ်ရတယ်။ဘယ်လောက်နာမည်ကြီးကြီး၊ လူရွှင် တော်ဘဝမှာ ဘယ်လောက်သိက္ခာသမာဓိရှိခဲ့ရှိခဲ့ အိုမင်းမစွမ်း ဖြစ် သွားတဲ့အခါကျရင် လူရွှင်တော်ဟာ လူရွှင်တော်ပါပဲ။ ကိုယ့်လောကသားတွေကလည်း လူရွှင်တော်ဆိုရင် သိပ်အထင်မကြီးကြတဲ့ အခါမှာ တအားဒုက္ခရောက် ကြတယ်” လို့ သက်ကြီးလူရွှင် တော်တွေနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက် အခဲကို ဦးဧရာကပြောပြပါတယ်။ လူရွှင်တော်ကြီးဦးဧရာရဲ့ လက်ရှိကျန်းမာရေး အနေနဲ့ကတော့ ကောင်းမွန်လျက်ရှိပေမယ့် အရင်   လိုတော့ လှုပ်လှုပ်ရှားရှား ပြန်မကနိုင်တော့ဘဲ ဇာတ် ကားရိုက်ကူးမှု အပိုင်းမှာလည်း ဖိုက်တင်ခန်းတွေနဲ့ စစ်တိုက်ခန်းတွေတော့ ရိုက်ကူးလို့ မရသေးပေမယ့် ဇာတ်ကားတွေကတော့ လက်ရှိမှာ ရိုက်ကူးလျက်ရှိ နေပါကြောင်းလည်း သိရပါတယ်။

“ပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်တော်သေမလိုဖြစ်ပြီး၊  တချို့ဆိုရင် သေပြီဆိုပြီး ဖေ့ဘွတ်စ်မှာ တင်ကြတော့ အားလုံးကတောင် ဝမ်း နည်းကြတယ်။ အဲဒီပရိသတ် တွေရဲ့ ဆုတောင်းကြောင့် လူရွှင်တော်ဧရာ ပြန်ကောင်းလာပါပြီ။ အရင်လောက် မစွမ်းပေမယ့် စွမ်းသလောက်ပညာလေးနဲ့ ပြန်လည် ဖျော်ဖြေပါဦးမယ်။ကျွန်တော့်ကိုလည်း ပြန်အားပေးကြ ပါဦးလို့ ပြောချင်ပါတယ်”လို့ သူ့ရဲ့ပရိသတ်တွေ အတွက် ဦးဧရာက ပြောပြပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071