Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeArticlesသက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲ

သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲ

ဗုဒ္ဓ ဘာသာမြန်မာ လူမျိုး တို့၏ သီတင်းကျွတ်လ တွင် ကျင်းပပြုလုပ်လေ့ရှိသောမြတ် နိုးစရာ အစဉ်အလာကောင်းပွဲတစ်ခု အဖြစ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ ပွဲပင်ဖြစ်သည်။ ဘာသာမြန်မာ လူမျိုး တို့၏ သီတင်းကျွတ်လ တွင် ကျင်းပပြုလုပ်လေ့ရှိသောမြတ် နိုးစရာ အစဉ်အလာကောင်းပွဲတစ်ခု အဖြစ် သက်ကြီးဝါကြီး ပူဇော်ကန်တော့ ပွဲပင်ဖြစ်သည်။  ဘုရားရှင်လက်ထက်တော်က သီတင်းဝါလကျွတ်သည့်အခါ မြတ် စွာဘုရား၏ တပည့်သာဝကများ ဖြစ် သော ရဟန်းတော်များသည် အရပ် ဒေသတစ်ပါး၌ ဝါဆိုဆုံကြရသည့် အတိုင် ဘုရားရှင်မျက်မှောက်သို့ အရောက်လာကြကာ ဘုရှားရှင်အား ဖူး မြော်ကန်တော့လေ့ရှိကြသည်။

ဤသို့အစဉ်အလာများကို အစွဲ ပြု၍ ရှေးမြန်မာဘုရင်နှင့် မိဖုရား တို့သည် သီတင်းကျွတ်သည့်အခါ ရွှေနန်းတော်ကြီးအတွင်း၌ ကန်တော့ ခံပွဲကို ကျင်းပလေ့ရှိကြသည်။ နန်း တော်တွင်းရှိ မင်းညီမင်းသား၊ မင်း ဆွေ မင်းမျိုးများ စုးရုံး၍ မင်းနှင့် မိဖုရားတို့ကို ကန်တော့ကြသည်။  ရှေးမြန်မာဗုဒ္ဓဘာသာဝင်တို့ သည် ဤဓလေ့ထုံးတမ်းကောင်း တစ် ခုအဖြစ် သီတင်း ဝါလကျွတ်သည့်အခါ သက်ကြီးဝါကြီးများအား ပူဇော် ကန်တော့ခြင်းကို တီထွင်ခဲ့ကြဟန် ရှိသည်ဟု ဆိုကြသည်။ ဗုဒ္ဓဘာသာ မြန် မာတိုင်းရင်းသားပေါင်းစုံတို့သည် ဤဓလေ့ထုံးစံကို ယခုထိတိုင် လိုက်နာ ကြလျက် သီတင်းကျွတ်သည့်အခါ ရွာဦးကျောင်းဘုန်းတော်ကြီးများ၊ နှစ်ဖက်မိဘဘိုးဘွားများ၊ ဆရာ သမားများ၊ ရပ်ကွက်မြို့ရွာများရှိ သက်ကြီးရွယ်အိုများအား မုန့်၊ မျက် နှာသုတ်ပဝါ၊ ဝတ်စုံစသည့် ပစ္စည်း ဝတ္ထုများဖြင့် အသီးသီးပူဇော် ကန်တော့လေ့ရှိကြသည်။  ယခုခေတ်တွင် ရပ်ကွက်၊ ကျေး ရွာ၊ မြို့နယ်အတွင်းရှိ သက်ကြီးရွယ် အိုများအား အခမ်းအနားဖြင့် အထူး ပူဇော်ကန်တော့ကြသည်များရှိသည်။ ထို့အတူဌာန၊ အဖွဲ့အစည်းအလိုက် ဌာနအကြီးအကဲများနှင့် သက်ကြီး ဘဝတူ ဝန်ထမ်းများကို ကန်တော့ ကြလေ့ရှိသည်။

ထို့အတူ ကျောင်း အလိုက် ကျောင်းသူ၊ ကျောင်းသား များ စုပေါင်း၍ ဆရာ၊ ဆရာမများ အားလည်းကောင်း၊ စာရေးဆရာ၊ သတင်းစာဆရာများ၊ စုပေါင်း၍ အသက်ကြီးရင့်ကြသော စာပေပညာ ရှင်ကြီးများအားလည်းကောင်း၊ စာ ပေ၊ ဂီတ၊ ရုပ်ရှင်သဘင်အနုပညာ ရှင်များကလည်း အသက်အရွယ်ကြီး ရင့်သော ပညာရှင်ကြီးများအား လည်းကောင်း၊ ခမ်းနားစွာ ပူဇော် ကန်တော့ကြသည့် အာစရိယပူဇော် ပွဲမျိုးလည်း ရှိပေသည်။ အချို့အဖွဲ့ များသည် သီတင်းကျွတ်သာမက မိမိ တို့အဖွဲ့ နှစ်ပတ်လည်၊ အခြားနေ့ရက် ကြီးများတွင် ကျင်းပ တတ်ကြသည်။  ယင်းသက်ကြီးဝါကြီး ပူဇော် ကန်တော့ ပွဲများကို ဗုဒ္ဓဒေသနာ လာ ဝတ္ထု ပစ္စည်းတစ်ခုခုကို လှူဒါန်း ၍ ပူဇော်သည့် အာမိသာ ပူဇော်ခြင်း နှင့် တရားဖြင့်လှူဒါန်းသည့် ဓမ္မဖြင့် ပူဇော်ခြင်းဟူသော ပူဇော်နည်းနှစ်မျိုး စလုံး နှင့် ပူဇော်ကြသည်ကို တွေ့ရ ပေမည်။

ထို့ ပြင် လောကကြောင်း ရှုထောင့်အရ သက်ကြီးရွယ်အိုများ၊ ဆရာသမား များ၊ ပညာရှင်ကြီးများထံ မှ အဖိုးတန်သည့် ဆုံးမစကား များ ကြား ရခြင်း၊ ပညာရှိ သူတော်ကောင်း များ၏ ချီးမွမ်းခြင်းကို ခံရခြင်း၊ လူ ချစ်လူခင် ပေါများခြင်း၊ ယဉ်ကျေးသူ များဟု အသိအမှတ်ပြုခံရခြင်းစသော အကျိုးတရားများ ရရှိနိုင်ကြပေမည်။ ဓမ္မကြောင်းရှုထောင့်အရပူဇာစ ပူဇာ နေယျာနမင်္ဂလာ၊ ဒါန မင်္ဂလာ၊ ဂါရဝ မင်္ဂလာ၊နိဝါတမင်္ဂလာ၊ ကတညုတာ မင်္ဂလာ၊ သောဝစဿ မင်္ဂလာတရား တော်များဖြစ်၍ ဘုရားရှင် ဟော ကြားသည့် ၃၈ ဖြာမင်္ဂလာတရားနှင့် အကျိုးထူးများ ရရှိနိုင်ကြလေသည်။

ထို့ပြင် မြတ်စွာဘုရားရှင်ဟောကြားသည့် ဓမ္မပဒပါဠိတော် အယုဝဍ္ဎုနသ တို့သား ဝတ္ထု ၌ သက် ကြီးရွယ်အိုများအား ရှိးခိုးပူဇော်ခြင်း၊ ရိုသေလေးစားခြင်း၊ ပြုစုလုပ်ကျွေး ခြင်းတို့ကို အမြဲတစေ ပြုလုပ်သောသူ သည် အသက်ရှည်ခြင်း၊ အဆင်းလှ ခြင်း၊ ကိုယ်စိတ်ချမ်းသာခြင်း၊ အား ခွန်ဗလရှိခြင်းဟူသော အကျိုးလေး မျိုးကို ရရှိနိုင်သည်ဟု ဗုဒ္ဓဘုရှားရှင် က ဟောတော်မူထားသည်။  သက်ကြီးရွယ်အိုများအား ပူ ဇော်ကန်တော့ တောင်းပန်ခြင်းသည် အပြစ်ကိုကုစားခြင်း၊ အပြစ်ကို ပပျောက် စေနိုင်သည်လည်း ဖြစ်ကြောင်း၊ အလွန်ကြီးလေးသော ကံကြီး ငါးပါး မှ တစ်ပါး၊ အခြားကံကြီး ကံငယ်ထိုက် စေမှုတို့ကို ပပျောက်စေနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည်။  ထို့ကြောင့် ဓလေ့ကောင်း၍ အကျိုးများသော သက်ကြီးဝါကြီး ပူဇော်ကန်တော့ပွဲကို ဗုဒ္ဓဘာသာဝင် များသည် မြန်မာ့ယဉ်ကျေးမှု အစဉ် အလာအကောင်းတစ်ခုဖြစ် ထာဝရ ထိန်းသိမ်းစောင့်ရှောက်ကြရမည် မလွဲပါပေ။

မြတ်မင်းလှိုင်

မှီငြမ်း

ဦးအေးနိုင် (ဘီအေ)အစိုးရဓမ္မာစရိယ နှင့် စတီယင်္ဂဏ(ရွှေတံဆိပ်ရ အဋ္ဌကထာ

ပြန်အကျော်)ဓမ္မာစရိယ၏ ဆယ့်နှစ်လရာသီမြန်မာ့ရိုးရာ ရာသီပွဲတော်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071