Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့်...

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...
HomeCelebrities' Newsသက်တော် (၇ဝ)၊ ရဟန်းဝါ...

သက်တော် (၇ဝ)၊ ရဟန်းဝါ (၉)ဝါရ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်းဦးကိတ္ထိသာရ ရဲ့ မွေးနေ့ အလှူပွဲ

 

U-Kyaw-Heain-(1)

 

ရုပ်ရှင်မင်းသားကြီးဦးကျော်ဟိန်းဟာ အနုပညာလောကကနေ အနားယူ ကာ သာသနာ့ဘောင်အတွင်း ဝင်ရောက်သွားခဲ့ရင်း ဦးပဉ္စင်းဦးကိတ္ထိသာရ ဆိုတဲ့ဘွဲ့အမည်နဲ့ ငြိမ်းချမ်းစွာ တရားအားထုတ်ကျင့်ကြံနေခဲ့တာ အခုဆိုရင် ၉ဝါတိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ရက်နေ့ဟာ ဦးပဉ္စင်းကြီး ဦးကိတ္ထိသာရရဲ့ သက်တော် ၇ဝပြည့်မွေးနေ့ပါ။ ဆရာတော် ဦးကိတ္ထိသာရက လက်ရှိအချိန်မှာ သြစတြေးလျနိုင်ငံ၊ ကမ်ပါယာမြို့မှာ ကျန်းကျန်းမာမာနဲ့ သီတင်းသုံးလျက်ရှိပါ တယ်။ ဆရာတော်ရဲ့သက်တော်၇ဝပြည့်မွေးနေ့အလှူကို ရန်ကုန်မှာရှိတဲ့ (ဦးကျော်ဟိန်းဘဝက)ဇနီးတော်စပ်ခဲ့သူ ဒေါ်သန်းနွယ်အေးနဲ့သားဖြစ်သူ ကိုနေဝင်းတို့က ပြုလုပ်ပေးခဲ့ပါတယ်။

Kyaw-Hein
“မနက်အရုဏ်ဆွမ်းကို မှော်ဘီမြို့က သာသနာ့ဝန်ဆောင် ကျောင်းတိုက် မှာ သံဃာ၊ကိုရင်အပါး၂ဝဝကျော်ကို ကြာဆံကြော်၊ လက်ဖက်ရည်နဲ့ မုန့်ကပ် တယ်။ ဝါဆိုသင်္ကန်းကပ်တယ်။ နောက်ပြီး သမီးလိုမျိုး ကလေးတစ်ယောက်က ခေါင်းအုံးအလုံး၂ဝ၊ဓာတ်ဘူးအလုံး ၂ဝကပ်တယ်။ နဝကမ္မရယ်ကပ်ခဲ့တာပေါ့ နော်။ ရုပ်ရှင်အဖွဲ့သားတွေဖြစ်တဲ့ ကိုလူချောအဖွဲ့က အားလုံး၈၇ယောက်ဖြစ် တယ်။ ၈၇ယောက်မှာ ဆန်အိတ်၈၇အိတ်ပေါ့။ အသက် ၆ဝနဲ့အထက်ပေါ့။ သူနဲ့ဇာတ်ကားရိုက်ကူးမှုများခဲ့တဲ့သူ ၅၂ယောက်ကိုကျတော့ ဆန်အိတ်တစ် အိတ်အပြင် တစ်ယောက်ကိုကျပ်တစ်သိန်းလှူပါတယ်။ ရုပ်ရှင်စက်မှုအလွှာရဲ့ သာရေးနာရေးအသင်းကိုကျပ်၁ဝသိန်း၊ ဇာတ်ပို့ဇာတ်ရံရဲ့သာရေးနာရေး အသင်းကို ၁ဝသိန်းလှူခဲ့ပါတယ်။ မွေးနေ့တိုင်းမှာတော့ တစ်နှစ်ကိုတစ်မျိုး၊ တစ်မျိုးတော့ လှူပေးပါတယ်။ ဒီနှစ်မှာတော့ နဂိုတုန်းက ဝါဆိုသင်္ကန်းကပ် ပေးဖို့ပါပဲ။ ဘုန်းဘုန်းဘာလှူဖို့ဆန္ဒရှိလဲလို့ ကလေးတွေကို မေးခိုင်းလိုက်တော့ လူကြမ်းသရုပ်ဆောင်တွေကိုလှူချင်တယ်လို့မိန့်လိုက်တော့ အစ်မဖြစ်မြောက် အောင် စီစဉ်ပေးလိုက်တာပါ”လို့ ဒေါ်သန်းနွယ်အေးက ပြောပါတယ်။ ဆရာတော်ရဲ့လက်ရှိကျန်းမာရေးအခြေအနေနဲ့ သြစတြေးလျမှာ သီတင်းသုံးနေ စဉ်ဝေယျာဝစ္စလုပ်ကိုင်ဆောင်ရွက်မှုတွေကိုလည်း ဒေါ်သန်းနွယ်အေးကို ဆက် လက်မေးဖြစ်တဲ့အခါ…

Kyaw-Hein2

“အခု လက်ရှိအချိန်မှာတော့ ပြန်ကောင်းသွားပြီ ပေါ့နော်။ လွန်ခဲ့ တဲ့ ၃လ၊ ၄လလောက်တုန်းကတော့ နေမကောင်းဘူးပေါ့နော်။ နှလုံးသွေး ကြောပိတ်လို့ ခွဲစိတ်ကုသထားပါ တယ်။ အဲဒီဖြစ်စဉ်ကိုတော့ အိုခြင်း၊ နာခြင်းရဲ့ အကြောင်းကိုတော့ ပေါ်ပြူလာဂျာနယ်မှာ အခန်းဆက် အနေနဲ့ ပါပါလိမ့်မယ်။ ဦးပဉ္စင်းက တော့ တစ်ပါးတည်းပဲ သီတင်းသုံး ပါတယ်။ တစ်ပါးတည်းနေပြီး ဝေယျာ ဝစ္စတွေလည်း သူ့ဘာသာ သူပဲလုပ် တာ။ ဒါပေမဲ့ ကလေးတွေကတော့ နေ့စဉ်လာရတာပေါ့နော်။ အကြီးမ အိမ်ကနေလာရင် ၃မိနစ် လောက်ပဲ မောင်းရတယ်။ အငယ်မကတော့ ၂၅မိနစ်ပဲမောင်းရတယ်။ သူတို့ တစ် နေ့တစ်ခေါက်တော့ ရောက်ကြတာ ပေါ့နော်။ ဆွမ်းကပ်တာတို့လုပ်ပေး ရတယ်။ တခြား ကပ္ပိယတော့ မရှိပါ ဘူး”လို့ သူမက ပြောပါတယ်။

kyaw4
ဦးကျော်ဟိန်းရဲ့ သားဖြစ်သူ ကိုနေဝင်းကလည်း ဦးပဉ္စင်းဦးကိတ္ထိသာရနဲ့ပတ်သက်ပြီး….

“ဦးပဉ္စင်းကြီးရဲ့ မွေးနေ့မှာ ပရိသတ်တွေ၊ ခင်တဲ့သူတွေကို ပြန်မျှ ဝေချင်တာကတော့ ဦးပဉ္စင်းကြီးက ကျွန်တော့်ကို ဆုံးမခဲ့တဲ့ စကား တစ်ခွန်းရှိတယ်။ သူတစ်ပါးကို ကူညီ ချင်လို့ရှိရင် ကိုယ်က ကူညီပေးလို့ရ မယ့် နေရာကို ရောက်အောင်လုပ် ရမယ်၊ ကူညီနိုင်တဲ့ အင်အားရှိ အောင်လုပ်ရမယ်တဲ့။ အဲဒါလေးကို ကျွန်တော်မျှဝေချင်ပါတယ်။ အဲဒါ နားထောင်ပြီး သဘောကျတဲ့သူတွေ အနေနဲ့ ကိုယ့်အင်အားကို တည် ဆောက်ပြီးတော့ ကူညီကြဖို့ဆိုတဲ့ စကားလေးကို မျှဝေလုပ်ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဦးပဉ္စင်း ဦးကိတ္ထိသာရကို ဖူးမြော်ချင်ကြတဲ့ မြန်မာနိုင်ငံက ဒါယကာ၊ ဒါယိကာမ တွေအတွက် မြန်မာနိုင်ငံကို ပြန်ကြွ ဖို့အစီအစဉ် ရှိမရှိလည်း ဒေါ်သန်း နွယ်အေးကို မေးဖြစ်တဲ့အခါ “ဦး ပဉ္စဇင်းရဲ့ ကျန်းမာရေးအခြေအနေ အရ လက်ရှိအချိန်မှာ ပြန်ကြွဖို့ မဖြစ်နိုင်ပါဘူး။ လေယာဉ်က ၇ နာရီ လောက် စီးရမှာဆိုတော့လေ၊ ဆရာ ဝန်တွေကလည်း ခွင့်ပြုမှာမဟုတ်ပါ ဘူး”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071