Thursday, May 14, 2026

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...
HomeArticlesသက်ငယ်မုဒိမ်းကျူးလွန်သူများ သေဒဏ်ပေးတရားစီရင်ဖို့ တိုက်တွန်းတဲ့...

သက်ငယ်မုဒိမ်းကျူးလွန်သူများ သေဒဏ်ပေးတရားစီရင်ဖို့ တိုက်တွန်းတဲ့ ပြည်သူ့အသံများ

 

ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာစာဖတ်ပရိသတ်များအတွက် သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေအပေါ် ပြည်သူများရဲ့အမြင်များနဲ့ သက်ငယ်မုဒိန်းမှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ဘယ်လိုမျိုး ကြိုတင်ကာကွယ်သင့်တယ်ဆိုတဲ့  ဒီတစ်ပတ်မှာတော့ ပေါ်ပြူလာစာဖတ်ပရိသတ်များအတွက် သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေအပေါ် ပြည်သူများရဲ့အမြင်များနဲ့ သက်ငယ်မုဒိန်းမှုတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် ဘယ်လိုမျိုး ကြိုတင်ကာကွယ်သင့်တယ်ဆိုတဲ့ စာဖတ်ပရိသတ်အချို့ရဲ့အမြင်များကို စုစည်းမေးမြန်းဖော်ပြလိုက်ရပါတယ်။

နိုးနိုး

သက်ငယ်မုဒိန်းမှုကျုးလွန်တဲ့သူ တွေအတွက် ပြစ်ဒဏ်ပေးမယ်ဆိုရင် တော့ သေဒဏ်ပဲပေးသင့်ပါတယ်။ ငယ်ရွယ်ပြီးဘာမှမသိသေးတဲ့ကလေး တွေရဲ့ဘဝကို ဖျက်ဆီးတဲ့သူတွေကို သေဒဏ်ပေးဖို့ ပြောချင်ပါတယ်။ သက်ငယ်မုဒိန်းမှုတွေက များသော အားဖြင့် စားဝတ်နေရေးအတွက် ပင် ပင်ပန်းပန်းလုပ်ကိုင်နေရတဲ့ ပတ်ဝန်း ကျင်တွေမှာအဖြစ်အများဆုံးလို့ထင်ပါတယ်။ သူတို့တွေက သူတို့ရဲ့ ကလေးတွေကိုမကြည့်နိုင်ဘူးလေ။ မိဘတွေအနေနဲ့ကတော့ ကလေးတွေ ကို ကိုယ့်မျက်စိရှေ့မှာပဲ ထားသင့်ပါ တယ်။ ပြီးတော့ သက်ဆိုင်ရာကနေ ပြီးတော့ ရပ်ကွက်တွေ မြို့နယ်တွေမှာ ကွင်းဆင်းပြီး မိဘတွေကိုရော၊ ကလေး တွေကိုရော ပညာပေးဟောပြောပွဲ တွေ လုပ်ပေးစေချင်ပါတယ်။

*******************

ထက်နိုင်လင်း

သားသမီးချင်းကိုယ်ချင်းမစာဘဲ ဘာမှမသိသေးတဲ့ အဖြူရောင်သက် သက်ကလေးငယ်လေးတွေကို ကိုယ့် ရဲ့စိတ်ထွက်ပေါက်တစ်ခုတည်း ကြောင့် မုဒိန်းမှုပြုလုပ်တာက တကယ့် ကို စက်စုပ်ရွံ့ရှာဖို့ကောင်းပါတယ်။ အပြစ်ကျုးလွန်တဲ့သူတွေကို သေ ဒဏ်ပေးသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေရဲ့အနာဂတ်တွေ ပျောက်ဆုံးမယ်။ ကလေးရော၊ မိဘပါ အရှက်တကွဲအကျိုးနည်းစွာနဲ့ ဘဝ တစ်လျှောက်လုံး နေထိုင်သွားရမယ်။  မုဒိန်းမှုကျူးလွန်ခံရသူတွေရဲ့ပြောပြလို့ မကုန်အောင်ဆုံးရှုံးခဲ့ရတဲ့ အရာ တွေကြောင့် သေဒဏ်ပေးသင့်တယ် လို့မြင်တယ်။ နောက်ပြီးအပြစ်ကျူးလွန်တဲ့သူတွေကိုသေဒဏ်ပေးခြင်း အားဖြင့် နောက်ထပ်အပြစ်ကျူးလွန် ဖို့ ကြံရွယ်ထားတဲ့သူတွေပါကြောက်ရွံ့ ပြီး အပြစ်လုပ်ဖို့ဝန်လေးသွားကြ လိမ့်မယ်၊ သက်ငယ်မုဒိန်းမှုတွေက ကလေးတွေရဲ့ အနီးဆုံးပတ်ဝန်းကျင် မှာရှိတဲ့သူတွေ။ နောက်ပြီးသူတို့မိဘတွေနဲ့အကျွမ်းတဝင်ရှိတဲ့သူတွေသာ အပြစ်ကျူးလွန်တာများတယ်လို့ထင်တယ်။ ပြီးတော့မိဘတွေကိုယ်တိုင်က Sex Educationလိင်ပိုင်းဆိုင်ရာ ပညာပေးခြင်းအကြောင်းတွေကို သိ ထားသင့်ပြီး ကိုယ့်သားသမီးတွေကို ပြန်ပြောပြပေးဖို့လိုအပ်တယ်။ မိဘ တွေကိုယ်တိုင်ကလည်း ကိုယ့်သား သမီးတွေကို ကိုယ်မပါဘဲ အခြား တစ်ယောက်နဲ့သွားဖို့ လာဖို့ထည့်ပေး လိုက်တာမျိုးတွေမလုပ်သင့်ပါဘူး။ Sex Education က လူတိုင်း သိထား ဖို့လိုအပ်ပြီး အခြေခံကျောင်းတွေမှာ ပါသင်ကြားပေးဖို့လိုအပ်ပါတယ်။ ဒီလိုအသိပညာတွေရှိမှ မိမိကိုယ် တိုင်သော်လည်းကောင်း၊ ပတ်ဝန်း ကျင်ကိုသော်လည်းကောင်း ပြန်လည် ဝေမျှပြီးသက်ငယ်မုဒိန်း ဖြစ်ပွားမှုကို ကာကွယ်နိုင်လိမ့်မယ်လို့ မြင်မိပါ တယ်ခင်ဗျ။

*******************

အောင်ကြည်ထွန်း

သက်ငယ်မုဒိန်းမှုတွေကို သေ ဒဏ်ပေးဖို့ကိုတော့ လေးလေးနက် နက်စဉ်းစားစေချင်ပါတယ်။ ဥပဒေ ဆိုတာပြုပြီးရင် ပြင်ရခက်တယ်။ ဥပ မာ အသက်မပြည့်သေးတဲ့စုံတွဲ တစ် တွဲခိုးပြေးလို့ မိဘတွေကသဘောမတူ တဲ့အခါ ကောင်လေးကို သက်ငယ် မဒိန်းမှုနဲ့စွဲလိမ့်မယ်။ အကယ်လို့ ကောင်မလေးက မိဘစကားနားထောင် ပြီး အလိုမတူပါဘူးလို့ တရားရုံးမှာ ထွက်ဆိုရင်ကောင်လေးကို သေဒဏ် ပေးရတာမျိုးတွေ ဖြစ်သွားမယ်။ ဒါကကိုယ့်အမြင်ပေါ့။ မိဘတွေ အနေနဲ့ ကတော့  ကိုယ့်ကလေးတွေကို ကိုယ်နဲ့သိသည်ဖြစ်စေ၊ မသိသည် ဖြစ်စေ ဘယ်သူနဲ့မှစိတ်ချပြီး မထား ဖို့လိုပါတယ်။ ပိုပြီးဂရုစိုက်သင့်တဲ့ အချိန်ဖြစ်နေပါပြီ။ လူတွေက တရား မဲ့လာကြပြီး ကိုယ့်ကလေးကိုလည်း သော့ခတ်ထားလို့မရဘူးဆိုတော့ အရင်ခေတ်တွေထက်ပိုပြီး Safety ဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ အခုဆို စောင့်ကြည့်စနစ်တွေလည်း ခေတ်စားလာပြီ။ I T နည်းပညာအကူ အညီတွေနဲ့လည်း မိမိကလေးလုံခြုံ ဖို့ကို ဂရုစိုက်သင့်နေပါပြီ။ ဥပမာ ကလေးကျောင်းသွားတာတို့၊ ဆော့ နေတာတို့ဆိုရင်ွဏှ လိုစနစ်မျိုး တွေနဲ့ဆိုရင်တော့ ၇ဝ ရာခိုင်နှုန်း လောက် ကာကွယ်ပြီးသားဖြစ်မယ် လို့ထင်ပါတယ်။ ပြီးတော့အဲ့ဒီစက် တွေကလည်း သောင်းဂဏန်း လောက်ပဲရှိတယ်လေ။

*******************

ခင်မျိုးထွေး

သက်ငယ်မုဒိန်းမှုကျူးလွန်သူ တွေကို သေဒဏ်ပေးစေချင်ပါတယ်။ မဟုတ်ရင်လည်း မှတ်လောက်သား လောက်ဖြစ်အောင် ထောင်ဒဏ်တစ် သက်တစ်ကျွန်းပေးစေချင်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုရင် တောင် သူတို့ကိုမပေးသင့်ပါဘူး။ သူတို့ကိုတွေးပြီးရင်းတွေးတိုင်းနောင်တရနေစေချင်ပါတယ်။ မိဘတွေအနေ နဲ့ကလည်း ကိုယ့်သားသမီးတွေကို   သေချာလေးစောင့်ရှောက်သင့်ပါ တယ်။ ပြီးတော့ကိုယ့်ကလေးတွေကိုSex Education တွေ သင်ထားသင့် ပါတယ်။ Danger နေရာတွေကို သတိထားဖို့တို့ဘာတို့အဲ့ဒီလိုမျိုးလေး တွေပြပေးသင်ပေးရမှာပါ။ ကိုယ့်သား သမီးတွေကိုလည်း တခြားသူတွေ ဆီမှာ အပ်ထားတာတို့ ယုံကြည်ပြီး ထည့်လိုက်တာတို့ကိုမလုပ်သင့်ပါဘူး။

*******************

ဝိုင်ချိုရှိန်း

သက်​ငယ်​မုဒိန်းမှုကိုဘယ်​လို မြင်​လဲဆို​တော့ လုံးဝလုံးဝကိုမဖြစ်သင့့်တဲအရာတစ်​ခု။ တကယ့်ကိုရွံရှာဖို့​ကောင်းတဲ့အရာတစ်​ခုလို့ မြင်​ပါ တယ်​။ အ​ခြေခံလူတန်းစား တစ်​ နည်းအားဖြင့်​အသိဥာဏ်​နည်းပါးပြီး ဆင်​ခြင်​တုံတရားနည်းတဲ့ ပတ်​ဝန်း ကျင်​မှာ အများဆုံးအဖြစ်​များတယ်​လို့ ထင်​မိတယ်​။ဥပ​ဒေအရ ထိထိ​ရောက်​​ရောက်​အပြစ်​​ပေးဆုံးမသင့်​ တယ်​ထင်​တယ်​။ (ဥပမာ-​ထောင်ဒဏ်​ တစ်​သက်​တစ်​ကျွန်းပဲဖြစ်​ဖြစ်​၊ ကြိုး မိန့်​​ပေးတာပဲဖြစ်​ဖြစ်​​ပေါ့။ အဲ့ဒါမှပဲ ​နောက်​လူ​တွေမလုပ်​ရဲ​တော့မှာ။ သက်​ငယ်​မုဒိန်းမှု​လျော့ကျသွားမယ်​ထင်​တယ်​။ မိဘ​တွေအ​နေနဲ့ က​လေး ကို မျက်​စိ​အောက်​ကအ​ပျောက်​မခံ ဘဲ ဘယ်​သွားသွား က​လေးကိုဂရုတ စိုက်​ကြည့်​ရှုသင့်​ပါတယ်​။အထူးသ ဖြင့်​ လိင်မတူတဲ့ ဘယ်​သူနဲ့မဆိုလွှတ်​ထားတာတို့ ထိန်းခိုင်းတာတို့လုံးဝမ ပြုလုပ်​သင့်​ပါဘူးလို့ အကြံပေးချင် ပါတယ်။

*******************

မင်းမော်ဦး

သက်ငယ်မုဒိန်းမှုတွေဖြစ်ရတာ internet အတွေပေါ်လာလို့ထင်တယ်။  သေသေချာချာ စုံစမ်းပြီး ကျူးလွန်သူ ရော၊ ခံရသူအတွက်ရောပြစ်ဒဏ်ကို မျှမျှတတ ဆုံးဖြတ်စေချင်ပါတယ်။ ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတာ မှန်ကန်ဖို့ အရေးကြီးပါတယ်။ အခု ခေတ်က ငွေရှိရင်အပြစ်ပေါ့တဲ့ ခေတ်ပါ။ သက်ငယ်မုဒိန်းမှုတွေက ဗဟုသုတမြ<ွကယ်တဲ့သူတွေရှိတဲ့ နေရာအများစုမှာ ဖြစ်ဖို့များပါတယ်။ အဓိကကတော့ ဆင်းရဲတဲ့နေရာတွေ မှာပေါ့။ မိဘတွေအနေနဲ့ကလည်း ကိုယ့်သားသမီးကို ချုပ်ချယ်တိုင်း မကောင်းပါဘူး။ သားသမီး နား လည်အောင်ရှင်းပြပြောဆိုရမှာ။ ဥပမာပေးသင့်ပေးရမယ်လေ။ ကိုယ် ဖြစ်ချင်တာတွေချည်းပဲ လုပ်ရင်တော့ ချုပ်ချယ်တဲ့ဒဏ် စိတ်ပင်ပန်းတဲ့ဒဏ် မခံနိုင်ဘဲလုပ်ချင်တာတွေ မလုပ်ချင် တာတွေပါ အကုန်လျှောက်လုပ်မိ မှာပါ။

 အောင်ပြည့်စုံ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071