ပေကျင်း၊ဧပြီ ၂၄
မြန်မာနိုင်ငံ ဝပြည်နယ်၌ သတ္တုတူးဖော်ရေးပါမစ်ထုတ်ပေးရေးအတွက်ဆွေးနွေးရန် ဧပြီလ (၂၃)ရက်နေ့ကတွေ့ဆုံခဲ့ကြကြောင်း International Tin Association (ITA) က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးကို သတ္တုရင်းနှီးမြှုပ်နှံသူများနှင့် သတ္တုတွင်းဗျူရိုမှခေါင်းဆောင်များတက်ရောက်ကြပြီး Manxiang ဒေသ၌ သတ္တုတူးဖော်ရန်လျှောက်ထားခြင်း၊ စုစည်းခြင်းနှင့်ခွင့်ပြုမိန့်များလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
‘ဝ’ ပြည်နယ်မှထုတ်လုပ်မှုသည် မြန်မာ့သံဖြူတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး ထုတ်လုပ်သူဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးမားဆုံး သံဖြူတင်သွင်းသူလည်းဖြစ်သည်။
ယခုအစည်းအဝေးကို မူလက ယခုလပထမပတ်တွင် ပြုလုပ်ရန်စီစဉ်ထားသော်လည်း ငလျင်လှုပ်ခတ်ပြီးနောက်ရွှေ့ဆိုင်းခဲ့ခြင်းလည်းဖြစ်သည်။
အစည်းအဝေးမှရရှိလာမည့်အလားအလာများသည် ဒေသတွင်း၌ နှစ်နှစ်နီးပါး သတ္တုတူးဖော်မှုပိတ်ပင်ထားခြင်းကို မကြာမီရုတ်သိမ်းနိုင်ခြေရှိမည်ဟု သတ္တုကုန်သည်များအကြား မျှော်လင့်ချက်များပြန်လည်မြင့်တက်လာစေခဲ့သည်။
Source : သည်စတား
