ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက်(၅)ရှိ နေအိမ်တစ်လုံးတွင် သေနတ်ပြခြိမ်းခြောက်ပြီး ကြိုးဖြင့်တုတ်ကာ ငွေကျပ်သိန်း ၅၀၀၀ အပါအဝင် ယွမ်နှင့် အခြားပစ္စည်းများအား ဓားပြတိုက်ယူဆောင်သွားခဲ့မှု သြဂုတ် (၂၃) ရ က် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ (၅) နာရီခွဲကျော်ခန့်က Mask တပ်ထားသော အမည်မသိအမျိုးသား (၆) ဦးသည် ဆိုင်ကယ် (၂) စီးဖြင့် ဝိုင်းမော်မြို့၊ (၅)ရပ်ကွက်ရှိ (၂)ထပ်နေအိမ်တိုက်တစ်လုံးအတွင်းသို့ ဝင်ရောက်လာပြီး သေနတ်ပြခြိမ်း ခြောက်၍ နေအိမ်အတွင်းရှိနေသူများအား ကြိုးဖြင့်တုတ်ကာ ဓားပြတိုက်လုယက်ခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်တွင် ငွေကျပ်သိန်း ၅၀၀၀၊ ယွမ် ၇၀၀၀၀၊လက်စွပ် (၁) ကွင်း၊ ဆိုင်ကယ် (၁) စီးနှင့်ဖုန်း (၇) လုံးတို့အား ပြစ်မှုကျူးလွန်သူများက ဓားပြတိုက် လုယက်ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သွားသူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။