စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ဇွန်လ (၃)ရက်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို) ကျောင်းရှေ့လမ်းမကြီးတွင် စောင့်ဆိုင်း၍ ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ မောင်းနှင်နေသော မော်တော်ယာဥ်/ မော်တော်ဆိုင်ကယ်များတွင် ယာဥ်လိုင်စင်အတု၊ နံပါတ်ပြားအတုများ တပ်ဆင်မောင်းနှင်ခြင်းရှိ/မရှိနှင့် လိုင်စင်မဲ့ယာဥ်များပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုင်စင်မဲ့ယာဥ် အသုံးပြု မောင်းနှင်သူများတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက အသိပေး ပြောကြားထားသည်။
ဝန်းသိုမြို့နယ်တွင် လိုင်စင်မဲ့ မော်တော်ယာဥ်/ မော်တော်ဆိုင်ကယ်များ လုံးဝမရှိစေရေး စီမံချက် ချမှတ်၍ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခြင်းနှင့် ဆိုင်ကယ်အရောင်းဆိုင်များတွင် လိုင်စင်မဲ့နှင့် သက်တမ်းလွန် ဆိုင်ကယ်များ ရောင်းချမှု ရှိ/မရှိတို့ကို အဖွဲ့စုံဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကောလင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မျိုးသူ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်ဆန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသ-တ်ဦးစီးမှူး ဦးနိုင်လင်းဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းစစ်ဆေးဆောင်ရွက်နေခြင်းဖြစ်သည်။