Monday, January 20, 2025

မြန်မာကျောင်းသားများ ပညာရေးလမ်းကြောင်းများ ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန်...

မြန်မာကျောင်းသားများ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေးလမ်းကြောင်းများနှင့် သင်တန်းများကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်နိုင်စေရန် ရန်ကုန်မြို့၌ ၂၀၂၅ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို...

တရုတ်(တိုင်ပေ)နှင့် ဗီယက်နမ်အသင်းတို့၏ အုပ်စုအဆင့်ဗိုလ်လုပွဲ သရေရလဒ်ထွက်ပေါ်

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲ အုပ်စုအဆင့်ဗိုလ်လုပွဲကို ယနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ(၂)နာရီ ၌...

အင်းစိန် ကွယ်ကဘောဆေးရုံတည်ထောင်သူ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်...

အင်းစိန်မြို့နယ်ရှိ ကွယ်ကဘောဆေးရုံကို တည်ထောင်ခဲ့သူ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စောဆိုင်မွန်သာသည် ဇန်နဝါရီလ (၁၈) ရက် ညပိုင်းက...

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...
HomeCelebrities' Newsလူတွေကို မယုံကြည်ဖို့ သင်ခန်းစာရလိုက်ပါတယ်...

လူတွေကို မယုံကြည်ဖို့ သင်ခန်းစာရလိုက်ပါတယ် ရွှေအိမ်စည်

Miss Grand International Myanmar သရဖူ ရုပ်သိမ်းခံရပြီး နောက်ပိုင်း အနုပညာအလုပ်တွေကိုပဲ တောက်လျှောက်လုပ်ကိုင်လာတဲ့ ရွှေအိမ်စည်က အခုဆိုရင် Miss Golden Land Myanmar 2018 ပြိုင်ပွဲကို ရခိုင်ပြည်နယ်ကိုယ်စားပြု အလှမယ် အဖြစ်ဝင်ရောက်ယှဉ်ပြိုင် လာတာတွေ့ရပါတယ်။ အရင်က ပြိုင်ပွဲတွေမှာလည်း ပြဿနာ လေးတွေရှိခဲ့တဲ့ ရွှေအိမ်စည်ကအရင် ပြိုင်ပွဲအတွေ့အကြုံတွေအရ လူတွေကို မယုံကြည် ဖို့ သင်ခန်းစာယူဖြစ်တယ်လို့ဆိုပါတယ်။ သရဖူရုပ်သိမ်းခံရပြီးနောက်ပိုင်းမှာပြိုင်ပွဲတွေ ဝင် မပြိုင်တော့ဖို့ စိတ်ကူးထားပေမယ့်လည်း ဘေးကသူ့ကို ချစ်ခင်အားပေးတဲ့သူတွေရဲ့ ခွန်အား တွေကြောင့်ပဲ ပြန်လည်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ကို ရွှေအိမ်စည်က …

”အိမ်စည်ယုံကြည်မှုအတိုင်း အတာတစ်ခုထိ ရှိလို့လည်း ဝင်ပြိုင်တာပါ။ နို့မို့ဆိုရင် အချိန် ကုန်ခံပြီးဝင်ပြိုင်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ကလည်း ဂယက်ထထားတာ လောလော လတ်လတ်မှာလည်း စိတ်ဆင်းရဲမှုတွေ အများ ကြီးဖြစ်ခဲ့တယ်။ မပြိုင်ခင် ၅ ရက်အတွင်းမှာ ဖြုတ်ချခံထားရတာဆိုတော့ပြောမယ်ဆိုရင် အဲဒီ stress ကလူတစ်ယောက်ကို တစ်သက်လုံး မပြိုင်ချင်လောက်ထိအောင် ဖြစ်စေတယ်။ အိမ်စည်ဆိုရင် ဘယ်လောက်ပဲ အလှမယ် ပြိုင်ပွဲတွေကိုဝါသနာပါပါစေဆံပင်တွေလည်း ညှပ်ချပစ်လိုက်တယ်လေ။ မပြိုင်တော့ဘူး၊ မော် ဒယ်လ်ပဲလုပ်တော့မယ်ဆိုပြီးတော့ လုံးဝသေချာနေပြီ။ ဒီစိတ်ကို ပြန်ပြီး ဆွဲယူဖို့ အတွက် အချိန်အတိုင်းအတာအရက သိပ်မယူရဘူး။ စိတ်ပိုင်းဆိုင်ရာအရတော့ တအား အချိန်ယူရတယ်။ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိတ်ကများ တာပေါ့။ ကိုယ့်ကိုတကယ်ဖြစ်စေချင်ကြတဲ့ သူတွေရဲ့တွန်းအားတွေကြောင့်ပါပဲ” လို့ ဆိုပါ တယ်။

အခုလက်ရှိဝင်ပြိုင်နေတဲ့ Miss Golden Land Myanmar Organization နဲ့ရှေ့ဆက်လက်တွဲပြီးလုပ်ဆောင်ရမယ်ဆိုရင် အဆင်ပြေမယ်လို့ ယုံကြည်မှုရှိလားဆိုတာကိုတော့ ရွှေအိမ်စည်က …

”နှစ်ဦးနှစ်ဖက် အတူတူလုပ် ကိုင်ရပြီဆိုရင် စည်းကမ်းကတော့ လိုက်နာရမှာပဲလေ။ ဒါပေမဲ့ အိမ်စည့်ကို ရွေးချယ်ခဲ့မယ်ဆိုရင် သူတို့လည်း အိမ်စည့် ရဲ့ပုံစံ၊ အိမ်စည့်ရဲ့ စရိုက်ကိုသည်းခံနိုင်လို့လို့ ဆိုရမှာပေါ့။ အဲဒါကတော့ အခြေအနေ ကြည့်ရမှာပဲ။ အိမ်စည်က ဃသညအမသူ လုပ်တာတော့မခံဘူး ” လို့ ပြောပါတယ်။ ရွှေအိမ် စည်ရဲ့ပြိုင်ပွဲတိုင်းကို ချစ်သူဖြစ်တဲ့ကိုအေးနေဝင်းကလည်း အမြဲတမ်းလိုက်လံအားပေး လေ့ရှိသူပါ။ ချစ်သူဆီကနေဘယ်လိုပံ့ပိုးမှုတွေရလဲဆိုတာကိုတော့ ရွှေအိမ်စည်က …

”ဘက်စုံပေါ့။ သူက ကိုယ့်ထက်လည်း အသက်ကြီးတယ်။ Intelligent လည်း ဖြစ်တယ်။ အဓိကက စိတ်ခံစားချက်နဲ့ပတ်သက်ပြီး တအားလွန် ကျူးမသွားဘဲ ထိန်းချုပ်နိုင်အောင် သူကသင်ပေးပါတယ်” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071