Saturday, May 9, 2026

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...

ကင်မ်က ပူတင်ထံ စစ်အောင်ပွဲနေ့ သဝဏ်လွှာပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်သည် ရုရှားနှင့် အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုရန် ၎င်းနိုင်ငံ၏ ကတိကဝတ်ကို စနေနေ့တွင် ထပ်လောင်းအတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် နာဇီဂျာမနီတို့အပေါ် အောင်နိုင်ခဲ့မှု နှစ်ပတ်လည်နေ့အဖြစ်...
HomeNewsLocal Newsလူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကိုအားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး...

လူအများစုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများကိုအားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မည်ဖြစ်၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်နေ

ဇန်နဝါရီ ၁၅ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ဟုမ္မလင်းခရိုင်ရှိ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊မြို့မိ၊မြို့ဖများ၊အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအား နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေသဖွံဖြိုးရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဟုမ္မလင်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်၍ ဒေသတွင်းဖြစ်ထွန်းသည့် လက် ဖက်၊ရာဘာစိုက်ပျိုးခြင်းများကို အားပေးဆောင် ရွက်ကြရမည်ဟု ဆိုသည်။

ဒေသတွင်း၌ မြေပဲ၊နှမ်း၊ဆီမုန်ညှင်းတို့စိုက်ပျိုးကာ ဝါးသယံဇာတ၊ကြိမ်၊ရွှေ၊သဘာဝသယံဇာတအရင်းအမြစ်များ၊ရေနံနှင့်သဘာဝဓာတ်ငွေ့များလည်းထွက်ရှိ၍ ဒေသဖွံ့ဖြိုးရေးအတွက် အဓိက လိုအပ်သည့် လျှပ်စစ်စွမ်းအားရရှိရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်း​ပြောသည်။

“လူအများစုလုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် မိမိတို့အနေနဲ့ MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် MSME လုပ်ငန်းများအား အားပေးဆောင် ရွက်နေခြင်းမှာ တိုင်းပြည်၏စီးပွားရေးမြှင့်တင်ရန်၊ပြည်ပသွင်းကုန်များအစားထိုးနိုင်ရန်နှင့်ပြည် ပသို့ ပြည်တွင်းထုတ်ကုန်များတင်ပို့နိုင်ရန် ရည် ရွယ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဟု ရှင်းပြသည်။

ဟုမ္မလင်းဒေသတွင် ဒေသတွင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဆောင်ရွက်ရမည်ဖြစ်ကာ တစ်ဧကအထွက်နှုန်းတိုးတက်အောင်ဆောင် ရွက်နိုင်ပါက ဒေသတွင်းရှိပြည်သူများ၏ ဝင်ငွေများစွာတိုးတက်လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝလည်း မြင့်တက်လာမည်ဟု ဆိုသည်။

ဟုမ္မလင်းဒေသ၌ အရည်အသွေးကောင်းမွန်သည့် ဆန်နှင့်အခြားစိုက်ပျိုးရေးထုတ်ကုန်များထွက်ရှိ၍ ဒေသတွင်းစိုက်ပျိုးရေးထုတ်ကုန်များကို အ ခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ဒေသဖွံ့ ဖြိုးတိုးတက်မှုကို များစွာအကျိုးပြုမည်ဟု ဆို သည်။

“စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ သုံးရေရရှိရေးကို ချင်းတွင်းမြစ်ကနေ မြစ်ရေတင်လုပ်ငန်းတွေနဲ့ ဆောင်ရွက်လို့ရနိုင်မှာဖြစ်ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား အောင်မြင်စွာဆောင် ရွက်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ပတ်သက်သည့် အသိပညာရှင်၊အတတ်ပညာရှင် လူ့စွမ်း အားအရင်းအမြစ်ကောင်းများရရှိရန် နိုင်ငံနှင့်အဝန်း၌ စိုက်ပျိုးမွေးမြူရေး၊အထက်တန်းကျောင်းများနှင့်သိပ္ပံများ ဖွင့်လှစ်၍ အားပေးဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“မိမိတို့အနေနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အဓိကထားအားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း နေအိမ်များစွာပျက်စီး

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များစွာ အမိုးလန်ခြင်း၊ အကာအရံများပျက် စီးခြင်း၊ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကာ ငါးဖားကျေးရွာရှိ "ဇိနမာန်အောင်"စေတီတော်၏ ထီးတော်တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ပျက်စီးမှုများအားဖယ်ရှားရှင်းလင်းခြင်း၊ ပျက်စီးနေအိမ်များတွင်နေထိုင်သူများ ယာယီနေထိုင်နိုင်ရန်စီစဥ်ပေးခြင်း၊ လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပံ့ပိုးပေးနိုင်ရန်စီစဥ်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင် တိုက်တွန်း

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က တောင်းဆိုခဲ့သည်။  အရှေ့အလယ်ပိုင်း ပဋိပက္ခကဲ့သို့သော အကျပ်အတည်းများသည် ပိုမိုကျယ်ပြန့်ပြီး ခန့်မှန်းရခက်သော နိုင်ငံတကာအစီအစဉ်ကို ထင်ဟပ်နေကာ ကမ္ဘာ့အခြေအနေများသည် အလျင်အမြန်ပြောင်းလဲနေကြောင်း မစ္စတာ အနူတင်က အလေးပေးပြောကြား ခဲ့သည်ဟု သောကြာနေ့က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းတွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကူးစက်ရောဂါစစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်ရေးအစီအမံများကို ပိုမိုတင်းကျပ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ကူးစက်မှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်းကို အလေးပေးပြောကြားသော်လည်း ခရီးသွားများကို စေ့စေ့စပ်စပ် စစ်ဆေးရန်နှင့် ဆိုက်ရောက်လာသော ယာဉ်များနှင့် သင်္ဘောများကို စောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စစ်ဆေးရေးဂိတ်အရာရှိများကို ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ကြားထားကြောင်း ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ‌ေ-သဆုံးခဲ့သူ သုံးဦးအပါအဝင် သောကြာနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071