လူကုန်ကူးခြင်း၊ ညှ-င်းပ-န်းနှိ-ပ်စ-က်ခြင်းများကို နိုင်ငံတာကာနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)က ယမန်နေ့ ဖေဖော်ဝါရီ (၅)ရက် ရက်စွဲဖြင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ကြေညာထားသည်။
ထို့အပြင် ဒေသခံပြည်သူလူထုစားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အကောင်အတည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လူကု-န်ကူးခံရသူ များကို မြန်မာသံရုံးနှင့် နိုင်ငံတကာသံရုံးများက တောင်းခံလာပါက ရှာဖွေပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် နယ်မြေအတွင်း မူ-းယစ်ဆေးဝါးနှင့် ပတ်သက်၍ တားဆီးနှိမ်နှင်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထိုင်းနိုင်ငံဘက်မှ အွန်လိုင်းငွေလိ-မ်လ-ည်မှု ဂိုဏ်များကိစ္စများနှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်မြို့ နေရာ (၅) နေရာကို ယမန်နေ့က လျှပ်စစ်မီးဖြတ်တောက်လိုက်ပြီးနောက် လူကုန်ကူးခြင်းများကို နိုင်ငံတကာနှင့် လက်တွဲတိုက်ဖျက်သွားမည်ဟု အသိပေးလာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၃၁)ရက်ကလည်း မြဝတီမြို့နှင့်အနီးတဝိုက်တွင် ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်နှင့် အာဝါဒေးများအားလုံး ပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သေးသည်။
