Home News Local News လူကယ်ပြန်ဝန်ကြီးနှင့် UNHCR မြန်မာဌာနေကိုယ်စားလှယ် တွေ့ဆုံ

လူကယ်ပြန်ဝန်ကြီးနှင့် UNHCR မြန်မာဌာနေကိုယ်စားလှယ် တွေ့ဆုံ

0
97

MoU အရ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Barnaby Jones အား ယမန်နေ့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုအတွင်း UNHCR မှ မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် အကူအညီများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် UNHCR အကြား ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ (MoU) အရ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် MoU အရ ရှေ့ဆက်၍ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့် UNHCR ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here