Tuesday, July 28, 2026

နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏...

နေပြည်တော်၊ ဇူလိုင် ၂၈ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့်...

ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ...

နေပြည်တော်၊ဇူလိုင် ၂၈ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများအပြင် အာဟာရ၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့်...

ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂)...

ရန်ကုန်၊ ဇူလိုင် ၂၈ ရန်ကုန်မြို့အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးနှင့် ဓာတ်အားဖြန့်ဖြူးမှုပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီ Switch Gear...

အစိုးရငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီနှင့် ALP ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၈ အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီနှင့်...
HomeInternationalလီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို...

လီဆာ၏ ပုံရိပ်ဖြင့် ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာအရောင်းမြှင့်တင်ရန် တောင်းဆို

ထိုင်းသစ်သီးဝလံများကို နိုင်ငံတကာတွင် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုတွင် ထိုင်းနိုင်ငံဖွား ကေပေါ့ပ်နာမည်ကျော် လာလီဆာ လီဆာမန်နိုဘောလ်ကို ထည့်သွင်းပေးရန် ဒေသတွင်း သစ်သီးစိုက်တောင်သူများက ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကို တောင်းဆိုခဲ့ကြသည်။

စနေနေ့က သူ၏ချန်သာဘူရီပြည်နယ် ခရီးစဉ်အတွင်း မစ္စပေတုံတန်သည် အရှေ့ပိုင်းဒေသမှ သစ်သီးစိုက်ပျိုးသူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ တင်ပို့မှု နှောင့်နှေးကြန့်ကြာခြင်းနှင့် လုပ်သားရှားပါးခြင်းတို့ အပါအဝင် စိုးရိမ်ပူပန်မှုများကို ၎င်းတို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အဆိုပါ စိန်ခေါ်မှုများကို အစိုးရက ကူညီဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ၎င်းတို့က အဆိုပြုတင်ပြခဲ့ကြသည်။

ထင်ရှားသော အဆိုပြုချက်များအနက်တစ်ခုမှာ သစ်သီးဝလံများ အရောင်းမြှင့်တင်ရေး ကြိုးပမ်းမှုများတွင် လီဆာကို ဦးဆောင်ပါဝင်စေရန် ဖိတ်ခေါ်ပေးရေးဖြစ်သည်။ သူ၏ နိုင်ငံတကာသို့ လွှမ်းမိုးသောပုံရိပ်သည် ထိုင်းသစ်သီးဝလံများကို ဈေးကွက်သစ်များသို့ အထူးသဖြင့် တရုတ်နိုင်ငံသို့ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးတွင် အထောက်အကူပြုနိုင်သည်ဟု စိုက်ပျိုးသူများက ယုံကြည်ကြသည်။

ယင်း လှုပ်ရှားမှုအရ နှစ်စဉ် ထိုင်းသစ်သီးဝလံတင်ပို့မှုကို လက်ရှိ ဘတ် ၂၀၀ မှ ၃၀၀ ဘီလျံရှိနေရာမှ ဘတ် ၅၀၀ ဘီလျံအထိ တိုးမြှင့်နိုင်ရန် မျှော်လင့်ထားသည်။

တင်ပို့မှုများသည် ၁၂ ရက်အထိ နှောင့်နှေးကြန့်ကြာမှုများနှင့် ကြုံရသည့် နယ်စပ်စစ်ဆေးရေးဂိတ်များ၏ အကောက်ခွန်ကိစ္စများကို ပိုမိုပြန်ဆန်စေရေး ဆောင်ရွက်ပေးရန်လည်း စိုက်ပျိုးသူများက တောင်းဆိုခဲ့သည်။

နောက်ထပ် အဓိကစိုးရိမ်စရာတစ်ခုမှာ လုပ်သားရှားပါးမှုဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားများကို အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးရန်ှနှင့် ၎င်းတို့ကို ပြည်နယ်တစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ခွင့်ပေးရန် စိုက်ပျိုးသူများက အဆိုပြုခဲ့သည်။ တောဆင်ကျူးကျော်မှုများကြောင့် ထိခို-က်ခဲ့သော ဒူးရင်းစိုက်ပျိုးသူများနှင့် ဒေသခံများအတွက် ဘတ်သန်း ၁၀၀ လျော်ကြေးငွေကိုလည်း ၎င်းတို့က တောင်းဆိုခဲ့သည်။

ယင်းအဆိုပြုချက်များနှင့် ပတ်သက်၍ အစိုးရသည် ပိုလျှံထွက်ကုန်များကို ဝယ်ယူရန်နှင့် အလေအလွင့်ဖြစ်မှုများ လျှော့ချနိုင်ရန် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း မစ္စပေတုံတန်က ပြောကြားခဲ့သည်။

ထို့အပြင် ပို့ကုန်လုပ်ထုံးလုပ်နည်းများကို မြန်ဆန်လာ‌စေရန် ကတိပြုခဲ့ကာ စိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းရန် အလုပ်သမားဝန်ကြီးဌာနကို ညွှန်ကြားထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်တွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖွင့်လှစ်၊ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးရေး လေ့ကျင့်သင်ကြားပေးမည်

နေပြည်တော်၊ ဇူလိုင် ၂၈ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုနယ်ပယ်ငါးရပ်ကို အဓိကထား လေ့ကျင့်သင်ကြားပေးမည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်းတွင် နေ့စဉ်လူနေမှုဘဝ လုပ်ငန်းဆောင်တာများကို ကိုယ်တိုင်ဆောင်ရွက်နိုင်စေရေး (Activities of Daily Living – ADL) နှင့် အထူးပညာရေး (Special Education)...

ကျောင်းကျန်းမာရေးနှင့် ဆယ်ကျော်သက် လူငယ်ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည်

နေပြည်တော်၊ဇူလိုင် ၂၈ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေး လုပ်ငန်းများအပြင် အာဟာရ၊ ဆယ်ကျော်သက်လူငယ်ကျန်းမာရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားခဲ့သည်။ ကျောင်းကျန်းမာရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ကျောင်းကျန်းမာရေး လုပ်ငန်းများကို အခြေခံပညာကျောင်းများအပြင် ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်နှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများအထိ တိုးချဲ့ဆောင်ရွက်ရန်နှင့်...

ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ဒဂုံဆိပ်ကမ်း အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်

ရန်ကုန်၊ ဇူလိုင် ၂၈ ရန်ကုန်မြို့အတွင်း ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးနှင့် ဓာတ်အားဖြန့်ဖြူးမှုပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမှတ်(၂) ဓာတ်အားခွဲရုံကို ခေတ်မီ Switch Gear စနစ်သစ်များဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ အမှတ်(၂) ဓာတ်အားခွဲရုံ တွင် ယခင်အသုံးပြုခဲ့သည့် စက်ကိရိယာဟောင်းများကို ဖယ်ရှားကာ ၁၂ ကေဗွီ ဗို့အားထိန်းချုပ်နိုင်သည့် အဝင်တစ်လိုင်း၊ အထွက်ခြောက်လိုင်းပါ ခေတ်မီ Switch Gear များဖြင့် ဇူလိုင် ၂၆ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဝန်ထမ်းများက စနစ်တကျ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071