အက်ဖ်ဘီအိုင်၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူပေါင်း ၂၇၆ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများတွင် အသုံးပြုသည့် လိမ်လည်မှုဗဟိုဌာန (Scam Centers) ၉ ခု ထက်မနည်းကို ဖျ-က်သိမ်းနိုင်ခဲ့သည်။
အဆိုပါ လိမ်လည်မှုဗဟိုဌာနများသည် အမေရိကန်နိုင်ငံသားများကို ပ-စ်မှတ်ထားခဲ့ကြပြီး၊ ထိုသို့လိမ်လည်မှုများကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။
၂၀၂၅ ခုနှစ်တွင် ဆန်ဒီယေဂို အက်ဖ်ဖီအိုင်အေးဂျင့်များသည် ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကို လုပ်ဆောင်နေသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များစွာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်တွင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ က စုံစမ်းစစ်ဆေးရေးကို စတင်ခဲ့သည်။ တရားစွဲဆိုချက်များ၊ တိုင်ကြားချက်များနှင့် တရားရုံးမှတ်တမ်းများအရ ဆန်ဒီယေဂိုတွင် တရားစွဲခံထားရသည့် တရားခံများသည် “Ko Thet Company” (ကိုသက်ကုမ္ပဏီ)၊ “Sanduo Group” နှင့် “Giant Company” ဟုခေါ်သော လိမ်လည်မှုဗဟိုဌာနများကို စီမံခန့်ခွဲခြင်း၊ အလုပ်လုပ်ခြင်းနှင့် အခြားသူများကို လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
တရားခံ ၆ ဦးစလုံးသည် “Pig-butchering” (ကြာရှည်ယုံကြည်မှုယူပြီးမှ လိမ်လည်ခြင်း) ပုံစံဖြင့် ခရစ်ပတိုရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းမှာ လိမ်လည်သူက သားကောင်ဖြစ်မည့်သူကို ခင်မင်ရင်းနှီးမှု သို့မဟုတ် ချစ်ရေးဆိုမှုမှတစ်ဆင့် အချိန်ယူကာ ယုံကြည်မှုတည်ဆောက်ပြီးနောက်၊ လိမ်လည်သူများက ပြန်လည်ယူငင်သွားမည့် အတုအယောင် ရင်းနှီးမြှုပ်နှံမှုများဆီသို့ ငွေပို့ရန် နားချသည့် လိမ်လည်မှုမျိုး ဖြစ်သည်။
ကိုသက်ကုမ္ပဏီ (Ko Thet Company) ၏ စီမံခန့်ခွဲသူနှင့် လူသစ်စုဆောင်းသူဟု ယူဆရသူ သက်မင်းညီ (Pixy ဟုလည်း ခေါ်ဆိုသူ) သည် လိမ်လည်မှုဝင်းများကို စီမံခန့်ခွဲခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ်လတွင် ကာလီဖိုးနီးယားတောင်ပိုင်းခရိုင် ဂျူရီအဖွဲ့က သတ်မင်းညီနှင့် ထွက်ပြေးနေသော တရားခံတစ်ဦးကို ကြေးနန်းဆက်သွယ်ရေး လိမ်လည်မှုနှင့် ငွေကြေးခဝါချမှု ပူးပေါင်းကြံစည်မှုများဖြင့် တရားစွဲဆိုခဲ့သည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အခြားတိုင်ကြားချက်နှစ်ခုအရ အာဝမ်၊ ချန်ဒရာ၊ မာရီယမ်နှင့် ထွက်ပြေးနေသူတစ်ဦးတို့ကို Sanduo Group နှင့် Giant Company ဟုခေါ်သော လိမ်လည်မှုအဖွဲ့အစည်းများမှ ခရစ်ပတိုလိမ်လည်မှုများ လုပ်ဆောင်မှုဖြင့် တရားစွဲဆိုထားသည်။
ဒူဘိုင်းရဲတပ်ဖွဲ့သည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများကို သိသိသာသာ နှောင့်ယှက်ဟန့်တားနိုင်ခဲ့သည်။ ဒူဘိုင်းရဲတပ်ဖွဲ့သည် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တို-က်ဖျ-က်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များကို ကာကွယ်ရန် ကတိကဝတ်ပြုထားသည့်အတိုင်း နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများကို ဖော်ထုတ်ဖျ-က်သိမ်းရန် နိုင်ငံတကာ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းလျက်ရှိသည်။
ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့ (RTP) ၏ လူဝင်မှုကြီးကြပ်ရေးဗျူရို၊ နိုင်ငံခြားရေးဌာနနှင့် အွန်လိုင်းလိမ်လည်မှု တို-က်ဖျ-က်ရေးဗဟိုဌာနတို့ကလည်း သိသာထင်ရှားသော အကူအညီများပေးခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုကြောင့် အဓိကတရားခံတစ်ဦးဖြစ်သူ အာဝမ်ကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta Platforms, Inc. ကလည်း ဤစုံစမ်းစစ်ဆေးမှုအတွက် အရေးကြီးသော အချက်အလက်များကို ပံ့ပိုးပေးခဲ့သည်။
ဆန်ဒီယေဂို အက်ဖ်ဘီအိုင်သည် အခြားသော ခရစ်ပတိုရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်ဒီယေဂိုနှင့် ဖီးနစ်တို့ ပူးပေါင်းစတင်ခဲ့သည့် Operation Level Up စစ်ဆင်ရေးသည် သားကောင်များကို ကြိုတင်ဖော်ထုတ်ပြီး အကြောင်းကြားပေးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ FBI သည် သားကောင်ပေါင်း ၉,၀၀၀ နီးပါးကို အကြောင်းကြားနိုင်ခဲ့ပြီး ဒေါ်လာ ၅၆၂ သန်းခန့် ဆုံးရှုံးမည့်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် ဆန်ဒီယေဂို အက်ဖ်ဘီအိုင်သည် ကရင်ပြည်နယ်ရှိ တိုင်းချန် လိမ်လည်မှုလုပ်ငန်းစုကိုလည်း စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် သမ္မတ ထရမ့်ပ်သည် အမေရိကန်မိသားစုများ၏ ဘဝတစ်သက်တာ စုဆောင်းငွေများကို ကုန်ခမ်းစေသည့် ဆိုင်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနှင့် မတရားခေါင်းပုံဖြတ်သည့် အစီအစဉ်များကို ဦးစားပေးနှိမ်နင်းရန် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အမိန့်မှတစ်ဆင့် သမ္မတ ထရမ့်သည် အားနည်းသော အမေရိကန်များကို ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုများဖြင့် ခေါင်းပုံဖြတ်နေသည့် နိုင်ငံခြားအထောက်အပံ့ရ ရာဇဝတ်မှုကွန်ရက်များကို ရပ်တန့်ရန် ရနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုရန် ညွှန်ကြားထားသည်။