Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeInternationalလိမ်လည်မှုဗဟိုဌာနများကို ပူးပေါင်းနှိမ်နင်းရာအနည်းဆုံး ၂၇၆...

လိမ်လည်မှုဗဟိုဌာနများကို ပူးပေါင်းနှိမ်နင်းရာအနည်းဆုံး ၂၇၆ ဦး အဖမ်းခံရ၊ မြန်မာတစ်ဦးပါ

အက်ဖ်ဘီအိုင်၊ ဒူဘိုင်းရဲတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူပေါင်း ၂၇၆ ဦး ထက်မနည်းကို ဖမ်းဆီးနိုင်ခဲ့ပြီး ခရစ်ပ်တိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများတွင် အသုံးပြုသည့် လိမ်လည်မှုဗဟိုဌာန (Scam Centers) ၉ ခု ထက်မနည်းကို ဖျ-က်သိမ်းနိုင်ခဲ့သည်။

အဆိုပါ လိမ်လည်မှုဗဟိုဌာနများသည် အမေရိကန်နိုင်ငံသားများကို ပ-စ်မှတ်ထားခဲ့ကြပြီး၊ ထိုသို့လိမ်လည်မှုများကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

၂၀၂၅ ခုနှစ်တွင် ဆန်ဒီယေဂို အက်ဖ်ဖီအိုင်‌အေးဂျင့်များသည် ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကို လုပ်ဆောင်နေသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များစွာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်တွင်းလုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ က စုံစမ်းစစ်ဆေးရေးကို စတင်ခဲ့သည်။ တရားစွဲဆိုချက်များ၊ တိုင်ကြားချက်များနှင့် တရားရုံးမှတ်တမ်းများအရ ဆန်ဒီယေဂိုတွင် တရားစွဲခံထားရသည့် တရားခံများသည် “Ko Thet Company” (ကိုသက်ကုမ္ပဏီ)၊ “Sanduo Group” နှင့် “Giant Company” ဟုခေါ်သော လိမ်လည်မှုဗဟိုဌာနများကို စီမံခန့်ခွဲခြင်း၊ အလုပ်လုပ်ခြင်းနှင့် အခြားသူများကို လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

တရားခံ ၆ ဦးစလုံးသည် “Pig-butchering” (ကြာရှည်ယုံကြည်မှုယူပြီးမှ လိမ်လည်ခြင်း) ပုံစံဖြင့် ခရစ်ပတိုရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကို လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ ၎င်းမှာ လိမ်လည်သူက သားကောင်ဖြစ်မည့်သူကို ခင်မင်ရင်းနှီးမှု သို့မဟုတ် ချစ်ရေးဆိုမှုမှတစ်ဆင့် အချိန်ယူကာ ယုံကြည်မှုတည်ဆောက်ပြီးနောက်၊ လိမ်လည်သူများက ပြန်လည်ယူငင်သွားမည့် အတုအယောင် ရင်းနှီးမြှုပ်နှံမှုများဆီသို့ ငွေပို့ရန် နားချသည့် လိမ်လည်မှုမျိုး ဖြစ်သည်။

ကိုသက်ကုမ္ပဏီ (Ko Thet Company) ၏ စီမံခန့်ခွဲသူနှင့် လူသစ်စုဆောင်းသူဟု ယူဆရသူ သက်မင်းညီ (Pixy ဟုလည်း ခေါ်ဆိုသူ) သည် လိမ်လည်မှုဝင်းများကို စီမံခန့်ခွဲခဲ့သည်။ ၂၀၂၆ ခုနှစ်၊ မတ်လတွင် ကာလီဖိုးနီးယားတောင်ပိုင်းခရိုင် ဂျူရီအဖွဲ့က သတ်မင်းညီနှင့် ထွက်ပြေးနေသော တရားခံတစ်ဦးကို ကြေးနန်းဆက်သွယ်ရေး လိမ်လည်မှုနှင့် ငွေကြေးခဝါချမှု ပူးပေါင်းကြံစည်မှုများဖြင့် တရားစွဲဆိုခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အခြားတိုင်ကြားချက်နှစ်ခုအရ အာဝမ်၊ ချန်ဒရာ၊ မာရီယမ်နှင့် ထွက်ပြေးနေသူတစ်ဦးတို့ကို Sanduo Group နှင့် Giant Company ဟုခေါ်သော လိမ်လည်မှုအဖွဲ့အစည်းများမှ ခရစ်ပတိုလိမ်လည်မှုများ လုပ်ဆောင်မှုဖြင့် တရားစွဲဆိုထားသည်။

ဒူဘိုင်းရဲတပ်ဖွဲ့သည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများကို သိသိသာသာ နှောင့်ယှက်ဟန့်တားနိုင်ခဲ့သည်။ ဒူဘိုင်းရဲတပ်ဖွဲ့သည် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို တို-က်ဖျ-က်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ သားကောင်များကို ကာကွယ်ရန် ကတိကဝတ်ပြုထားသည့်အတိုင်း နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများကို ဖော်ထုတ်ဖျ-က်သိမ်းရန် နိုင်ငံတကာ ဥပဒေစိုးမိုးရေး အေဂျင်စီများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းလျက်ရှိသည်။

ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့ (RTP) ၏ လူဝင်မှုကြီးကြပ်ရေးဗျူရို၊ နိုင်ငံခြားရေးဌာနနှင့် အွန်လိုင်းလိမ်လည်မှု တို-က်ဖျ-က်ရေးဗဟိုဌာနတို့ကလည်း သိသာထင်ရှားသော အကူအညီများပေးခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုကြောင့် အဓိကတရားခံတစ်ဦးဖြစ်သူ အာဝမ်ကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီဖြစ်သော Meta Platforms, Inc. ကလည်း ဤစုံစမ်းစစ်ဆေးမှုအတွက် အရေးကြီးသော အချက်အလက်များကို ပံ့ပိုးပေးခဲ့သည်။

ဆန်ဒီယေဂို အက်ဖ်ဘီအိုင်သည် အခြားသော ခရစ်ပတိုရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်ဒီယေဂိုနှင့် ဖီးနစ်တို့ ပူးပေါင်းစတင်ခဲ့သည့် Operation Level Up စစ်ဆင်ရေးသည် သားကောင်များကို ကြိုတင်ဖော်ထုတ်ပြီး အကြောင်းကြားပေးခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလအထိ FBI သည် သားကောင်ပေါင်း ၉,၀၀၀ နီးပါးကို အကြောင်းကြားနိုင်ခဲ့ပြီး ဒေါ်လာ ၅၆၂ သန်းခန့် ဆုံးရှုံးမည့်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် ဆန်ဒီယေဂို အက်ဖ်ဘီအိုင်သည် ကရင်ပြည်နယ်ရှိ တိုင်းချန် လိမ်လည်မှုလုပ်ငန်းစုကိုလည်း စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် သမ္မတ ထရမ့်ပ်သည် အမေရိကန်မိသားစုများ၏ ဘဝတစ်သက်တာ စုဆောင်းငွေများကို ကုန်ခမ်းစေသည့် ဆိုင်ဘာရာဇဝတ်မှု၊ လိမ်လည်မှုနှင့် မတရားခေါင်းပုံဖြတ်သည့် အစီအစဉ်များကို ဦးစားပေးနှိမ်နင်းရန် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ အမိန့်မှတစ်ဆင့် သမ္မတ ထရမ့်သည် အားနည်းသော အမေရိကန်များကို ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုများဖြင့် ခေါင်းပုံဖြတ်နေသည့် နိုင်ငံခြားအထောက်အပံ့ရ ရာဇဝတ်မှုကွန်ရက်များကို ရပ်တန့်ရန် ရနိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုရန် ညွှန်ကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071