မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းသည် အသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရီတူးပေါ်နာ ချက်ကမာ (Ritu Porna Chakma) ကို ခေါ်ယူစာချုပ်လိုက်ပြီးဖြစ်ကြောင်း အသိပေးထားသည်။
ရီတူးပေါ်နာသည် ၂၀၂၄ ခုနှစ် တောင်အာရှအမျိုးသမီးချန် ပီယံရှစ် (SAFF Women’s Championship) ပြိုင်ပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်း ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံး၏ အကောင်းဆုံး ကစားသမားဆု (Most Valuable Player)ကိုပါ ရရှိထားသူဖြစ်ကြောင်း သိရသည်။
ဘယ်တောင်ပံတိုက်စစ်တွင် အဓိကကစားသည့် သူမကို ခေါ်ယူခြင်းဖြင့် ဧရာဝတီယူနိုက်တက်အသင်း၏ တိုက်စစ်အရှိန်အဟုန်ကို ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်ခြင်းဖြစ်ကြော င်း သိရသည်။
လက်ရှိတွင် ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာအမျိုးသမီးလိဂ်တွင် အောင်မြင်မှုမှတ်တိုင်သစ်များ စိုက်ထူနိုင်ရန် ပြင်ဆင်နေပြီး၊ တောင်အာရှ၏ ထိပ်တန်းကစားသမားတစ်ဦးဖြစ်သူ ရီတူးပေါ်နာ ရောက်ရှိလာခြင်းကြောင့်အသင်း ပရိသတ်များအကြား စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း သိရသည်။
Photo – Ritu Porna Chakma FB
