Tuesday, May 12, 2026

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်အရ...

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက်...

လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ဧရာဝတီယူနိုက်တက်အသင်း ဘင်္ဂလားဒေ့ရှ်တိုက်စစ်မှူး...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းသည် အသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရီတူးပေါ်နာ ချက်ကမာ (Ritu...

ထိုင်ဝမ်ကို ဒဗ္ဗလျူအိတ်ခ်ျအို ညီလာခံ တက်ခွင့်မပြု-...

လာမည့်သီတင်းပတ်တွင် စတင်မည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိပ်ချ်အို) ၏ နှစ်ပတ်လည်ညီလာခံတွင် ထိုင်ဝမ်ကို ပါဝင်တက်ရောက်ခွင့်မပြုကြောင်း တရုတ်နိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့ သော်လည်းထိုင်ဝမ်ကမူ တရားဝင်အစည်းအဝေး၏ ပြင်ပအစည်းအဝေများအတွက်...
HomeMoviesစလင်းမြို့ ပုထိုးဖြူရပ်ကွက်ရှိ တောင်သူ...

စလင်းမြို့ ပုထိုးဖြူရပ်ကွက်ရှိ တောင်သူ (၄၀) ဦးအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် (၃၇၈) သိန်း ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၆ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ (မေလ ၁၂ ရက်) နံနက် ၉ နာရီက စတင်ထုတ်ချေးပေးခဲ့ရာ ပုထိုးဖြူရပ်ကွက်မှ တောင်သူ (၄၀) ဦးအား ငွေကျပ် (၃၇၈) သိန်းကို ပထမဦးဆုံး ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ချေးငွေထုတ်ချေးမှု အစီအစဉ်

ယခုထုတ်ချေးပေးသည့် စိုက်ပျိုးစရိတ်ချေးငွေသည် ပုထိုးဖြူရပ်ကွက်အတွင်းရှိ တောင်သူ (၄၀) ဦး၏ မိုးစပါးစိုက်ဧက (၁၂၆) ဧကအတွက် ဖြစ်ပြီး၊ တစ်ဧကလျှင် ငွေကျပ် (၃) သိန်းနှုန်းဖြင့် တွက်ချက်ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

ထုတ်ချေးသည့် စနစ်

တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းသုံး သွင်းအားစုများကို အချိန်မီ ကြိုတင်ဝယ်ယူအသုံးပြုနိုင်ရန်အတွက် –
တောင်သူများပိုင်ဆိုင်သည့် (ပုံစံ-၇) မူရင်းများကို ဘဏ်အပေါင်အဖြစ် ရယူခြင်း၊ တောင်သူတစ်ဦးချင်းစီ ကိုယ်တိုင်အာမခံသည့်စနစ် (Individual Guarantee) ဖြင့် လွယ်ကူလျင်မြန်စွာ ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။

မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယခုမေလမှစတင်ကာ အရှိန်အဟုန်ဖြင့် ထုတ်ချေးပေးလျက်ရှိပြီး၊ ကျန်ရှိနေသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း အလှည့်ကျ ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး စီမံချက်စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ငှက်ဖျားရောဂါကို အပြီးတိုင်တိုက်ဖျက်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Malaria Microstratific ation ဟုခေါ်သည့် စီမံချက်အသစ်တစ်ရပ်ကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံချက်အသစ်အရ မြို့နယ်တစ်ခုလုံးကို တစ်ပြေးညီဆောင်ရွက်မည့်အစား ကျေးရွာတစ်ရွာချင်းစီနှင့် တောစပ်တစ်ခုချင်းစီအထိ ရောဂါဖြစ်ပွားမှုနှုန်းကို အ သေးစိတ် ခွဲခြမ်းစိတ်ဖြာကာ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ ရောဂါအန္တရာယ်ရှိမှု အခြေအနေကို အရောင်များဖြင့် အဆင့်သတ်မှတ်ကာ ငှက်ဖျားပိုး အားအကောင်းဆုံးရှိနေသည့် အနီရောင်အဆင့်ဒေသများကို ဦးစားပေး တိုက်ဖျက်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့သို့ အသေးစိတ်အဆင့်သတ်မှတ်လိုက်ခြင်းကြောင့် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများကို အမှန်တကယ်...

KIP ဆိပ်ကမ်းသို့ စားအုန်းဆီတန်ချိန် (၅၃၀၀)ဝင်ရောက်

စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးနိုင်ရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာကုမ္ပဏီများမှ စားအုန်းဆီများကို ပြည်ပမှတင်သွင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်းနှင့် KIP ဆိပ်ကမ်းများသို့ ဆီသင်္ဘောများ ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ (၂၇) ရက်တွင် ကြည့်မြင်တိုင်မြို့နယ်ရှိ KI P...

လာမည့် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ဧရာဝတီယူနိုက်တက်အသင်း ဘင်္ဂလားဒေ့ရှ်တိုက်စစ်မှူး ရီတူးပေါ်နာကို ခေါ်ယူ

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲဝင်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက် အမျိုးသမီးအသင်းသည် အသင်း၏ တိုက်စစ်ပိုင်း အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်း၏ တိုက်စစ်မှူး ရီတူးပေါ်နာ ချက်ကမာ (Ritu Porna Chakma) ကို ခေါ်ယူစာချုပ်လိုက်ပြီးဖြစ်ကြောင်း အသိပေးထားသည်။ ရီတူးပေါ်နာသည် ၂၀၂၄ ခုနှစ် တောင်အာရှအမျိုးသမီးချန် ပီယံရှစ် (SAFF Women's Championship) ပြိုင်ပွဲတွင် ဘင်္ဂလားဒေ့ရှ်အသင်း ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံး၏ အကောင်းဆုံး ကစားသမားဆု (Most Valuable Player)ကိုပါ ရရှိထားသူဖြစ်ကြောင်း သိရသည်။ ဘယ်တောင်ပံတိုက်စစ်တွင် အဓိကကစားသည့် သူမကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071