Wednesday, June 24, 2026

အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရန် သဘောတူညီချက်မူကြမ်း...

အိန္ဒိယရူပီးနှင့် မြန်မာကျပ်အကြား နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် (Bilateral Currency Swap Arrangement) တည်ထောင်နိုင်ရန် နှစ်နိုင်ငံဗဟိုဘဏ်များအကြား သဘောတူညီချက်မူကြမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည်...

ပြည်ပပို့ကုန်ပဲနှင့် ပဲမာလိုင်းဈေးနှုန်းများ ပြန်လည်မြင့်တက်၊

ကုလားပဲဈေး အနည်းငယ်ကျဆင်း ပြည်ပပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းအချို့၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စု၏ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှစတင်၍ ဈေးကျဆင်းနေခဲ့သည့် ပို့ကုန်ပဲများဖြစ်သော ပဲစင်းငုံ၊...

မိုးကောင်းမြို့မှ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုအား စားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ဇွန် ၂၁ ရက်မှစတင်၍ မိုးကောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်...

(၁၀)ကြိမ်မြောက် ကမ္ဘာ့ MSME နေ့အခမ်းအနားကို...

AI ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိကထားမည် (၁၀)ကြိမ်မြောက် ကမ္ဘာ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နေ့...
HomeNewsLocal Newsလာမည့်ဆောင်းတွင်း ‌စိုစွတ်အေးမြသည့် လာနီညာရာသီဥတုဖြစ်ပေါ်နိုင်ပြီး...

လာမည့်ဆောင်းတွင်း ‌စိုစွတ်အေးမြသည့် လာနီညာရာသီဥတုဖြစ်ပေါ်နိုင်ပြီး ရန်ကုန်ပိုအေးနိုင်ဟုဆို

မြန်မာနိုင်ငံတွင် လာမည့် ဆောင်းတွင်း၌ စိုစွတ်အေးမြသည့် လာနီညာရာသီဥတုဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တွင် ပိုအေးနိုင်ကြောင်း မိုးလေဝသပညာရှင်ဦးဝင်းနိုင်၏ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။

NOAA NWS Climate Prediction Center မှ အောက်တိုဘာလ ၉ ရက်နေ့ထုတ်ပြန်ချက်အရ – “အစွန်းရောက်ရာသီဥတုအခြေအနေ လာနီညာ (La Niña)”ဖြစ်ပေါ်လျှက်ရှိပြီး ယနေ့မှ စတင်၍ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလအထိ ဆက်လက်ရှိနေနိုင်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ မှ စတင်ပြီး ပုံမှန်ရာသီဥတုအခြေအနေ(Neutral)သို့ ပြန်လည်ကူးပြောင်းနိုင်ချေ ၅၅ ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ထားသည်။

လာနီညာဖြစ်ပေါ်သည့်ကာလအတွင်းအအေးပိုပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခြေအနေဆိုးရွားတတ်သည့်အတွက် ဂရုစိုက် နေထိုင်ရန် ဦးဝင်းနိုင်က တိုက်တွန်းထားသည်။

လာနီညာ အစွန်းရောက်ရာသီဥတုအခြေအနေဖြစ်လာသည့်အတွက် မိုးရွာသွန်းနိုင်သည့် အခြေအနေမှာ ကမ်းရိုးတန်း/ကမ်းရိုးတန်းအနီး ပြည်နယ်တိုင်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်သည်။

ထို့ပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အောက်တိုဘာလကုန်အထိ နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများမှာ နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ဖေဖေါ်ဝါရီလအထိ ဧရာဝတီတိုင်းမှအပ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အနည်းငယ်အအေးပိုနိုင်ပြီး၊မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၅°C မှ ၁°C အထိ လျော့နည်းနိုင်(အအေးပိုနိုင်ကြောင်း) ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် လျော့နည်းနိုင်ကာ အအေးပိုနိုင်မည်ဖြစ်ကြောင်းခန့်မှန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရန် သဘောတူညီချက်မူကြမ်း ရေးဆွဲနေ

အိန္ဒိယရူပီးနှင့် မြန်မာကျပ်အကြား နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် (Bilateral Currency Swap Arrangement) တည်ထောင်နိုင်ရန် နှစ်နိုင်ငံဗဟိုဘဏ်များအကြား သဘောတူညီချက်မူကြမ်း ရေးဆွဲလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ဇွန် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောအဖွဲ့အား နေပြည်တော်ရှိ ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် အိန္ဒိယရူပီး-မြန်မာကျပ် နှစ်နိုင်ငံငွေလဲလှယ်ရေးစနစ် တည်ထောင်ရေးဆိုင်ရာ သဘောတူညီချက်မူကြမ်း ရေးဆွဲနေမှု၊ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးရှိသော ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ပြည်ပပို့ကုန်ပဲနှင့် ပဲမာလိုင်းဈေးနှုန်းများ ပြန်လည်မြင့်တက်၊

ကုလားပဲဈေး အနည်းငယ်ကျဆင်း ပြည်ပပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးပဲမာလိုင်းအချို့၏ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း ပြည်တွင်းသုံးကုလားပဲအုပ်စု၏ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းနေကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ဇွန်လဆန်းပိုင်းမှစတင်၍ ဈေးကျဆင်းနေခဲ့သည့် ပို့ကုန်ပဲများဖြစ်သော ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတို့မှာ ဇွန် ၂၀ ရက်တွင် အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ်တစ်သောင်းခန့် ပြန်လည်မြင့်တက်လာကြောင်း သိရသည်။ ဇွန် ၂၀ ရက် ပေါက်ဈေးများအရ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၂၉၅,၀၀၀၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ကျပ် ၂၉၀,၀၀၀ နှင့်...

မိုးကောင်းမြို့မှ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုအား စားသောက်ကုန်များထောက်ပံ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ဇွန် ၂၁ ရက်မှစတင်၍ မိုးကောင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေ ဘေးသင့်အိမ်ထောင်စုများအနက် မဖြစ်မနေရွှေ့ ပြောင်းရန်လိုအပ်သော အိမ်ထောင်စု(၃၂)စုကို မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင်ဖွင့်လှစ်ထားသည့် ယာယီရေကေယ်ဆယ်ရေးစခန်းများသို့ရွေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရေဘေးသင့်အိမ်ထောင်စု(၃၂)စုကို ကချင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇွန် ၂၃ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်(၂၅)အိတ်၊ ဆီ(၁၀)ပိသာ၊ ကြက်ဥ(၁၀၀၀)လုံးနှင့် ခေါက်ဆွဲခြောက် (၁၀)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ချောင်းရေများမြင့်တက်ခဲ့မှုကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071