ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်တွင် ပြုလုပ်နေသည့် လမ်းမတော်ပွဲဈေး ၂ ရက်ထပ်တိုးလိုက်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
လမ်းမတော်မြို့နယ်၏ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်နေ့ကစတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါပွဲဈေးကို နိုဝင်ဘာ ၁ ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သော်လည်း ရာသီဥတုအခြေအနေကြောင့် နှစ်ရက်ထပ်တိုးပြီး နိုဝင်ဘာ ၇ ရက်အထိပြုလုပ်သွားမည်ဖြစ်သည်။
လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် ဝါးတန်းလမ်းထိပ်မှ လမ်းမတော် လမ်းထိပ်အထိ ဆိုင်ခန်းပေါင်း ၁၈၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။
