ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ရဲစခန်းတစ်ခုတွင် ကားဗုံးပေ-ါက်ကွဲသဖြင့် အခင်းဖြစ် ပွါးရာ နေရာသို့ လာသည့် ရဲတပ်ဖွဲ့ဝင်များကို ခြုံခိုတို-က်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးထက်မနည်းေ-သဆုံးခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
စနေနေ့က တို-က်ခိုက်မှုအပြီး ရို-က်ကူးထားသော ဓာတ်ပုံများအရ ရဲစခန်းအဆောက်အအုံသည် အပျ-က်အစီးပုံအဖြစ်ပြိုကျသွားခဲ့ပြီး အုတ်ခဲများ၊ မီးလေ-ာင်ကျွမ်းနေသော အပျ-က်အစီးများနှင့် ပျ-က်စီးနေသော ယာဉ်များသည် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲနေသည်ကို တွေ့ရသည်။
ပြိုကျနေသော ရဲကင်းစခန်းအောက်မှ ရဲ ၁၄ ဦး၏ ရုပ်အလေ-ာင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီး ရဲသုံးဦးကိုမူ အသက်ရှင်လျက်တွေ့ရှိခဲ့သဖြင့် သူတို့ကို ဆေးရုံသို့ အမြန်ပို့ဆောင်ပေးခဲ့ကြောင်း ရဲအရာရှိ ဆာဂျက်ခန်းက ပြောကြားခဲ့သည်။
စစ်သွေးကြွများသည် ပေ-ါက်ကွဲပစ္စည်းများတင်ဆောင်ထားသော ကားတစ်စီးဖြင့် ရဲကင်းစခန်းကို ဦးစွာဝင်တို-က်ပြီးနောက် ပရိဝုဏ် အတွင်းသို့ဝင်ရောက်ကာ ကျန်ရှိသော ရဲတပ်ဖွဲ့ဝင်များကို ပ-စ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
စစ်သွေးကြွများသည် တို-က်ခိုက်မှုတွင် ဒရုန်းများကိုလည်း အသုံးပြုခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအေဂျင်စီများနှင့် အရပ်ဘက်ဆေးရုံများမှ လူနာတင်ယာဉ်များသည် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိခဲ့ပြီး ဘန်နူရှိ အစိုးရဆေးရုံများတွင် အရေးပေါ်အခြေအနေကြေညာထားကြောင်း အရာရှိများက ပြောကြားခဲ့သည်။
အစ်တီဟတ် အူလ် မူဂျာဟီဒင်ဟု သိကြသော စစ်သွေးကြွမဟာမိတ်အဖွဲ့က တို-က်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref: ဂျေရုဆလင်ပို့စ်
