Home Movies အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

အင်ဒိုမီးတောင်ပေါက်ကွဲမှုတွင်စင်ကာပူနိုင်ငံသားနှစ်ဦး ‌ေ-သဆုံး

0
86

          
အင်ဒိုနီးရှားနိုင်ငံ ဟယ်လ်မာဟီရာကျွန်းပေါ်ရှိ ဒူကိုနိုမီးတောင်ပေါက်ကွဲမှုတွင် ပျောက်ဆုံး‌ နေသည့် စင်ကာပူနိုင်ငံသားနှစ်ဦးသည် ‌ေ-သဆုံးသွားပြီဖြစ် ကြောင်း အတည်ပြုခဲ့သည်ဟု ဒေသခံကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
       
ကယ်ဆယ်ရေးသမားများသည် မီးတောင်ဝပတ်လည်တွင် အလေ-ာင်းများကို တွေ့ရှိခဲ့ပြီး သယ်ဆောင်မှုများ ကို လုပ်ဆောင်နေကြောင်း အေဂျင်စီ၏ အကြီးအကဲ အီဝမ် ရမ်ဒါနီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
       
“မီးတောင်ပေါက်ကွဲမှု တွေကဆက်ဖြစ်နေတာနဲ့ ရာသီဥတုဆိုးဝါးတာကြောင့် အလောင်းတွေကို ရွှေ့ပြောင်းတာမှာ အဟန့်အတားဖြစ်နေဆဲပါပဲ” ဟု အီဝမ်က ပြောကြားခဲ့ပြီး ထိုဒေသတွင် မိုးရွာသွန်းလျက်ရှိနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။
      
အသက်ရှင်သူများနှင့် ပျောက်ဆုံးနေသူများစာရင်းကို အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ချိန်တွင် ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးမှာ အသက် ၃၀ နှင့် အသက် ၂၇ နှစ်အရွယ်များဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သည်။
         
စင်ကာပူနိုင်ငံသားနှစ်ဦး၏ ကျောပိုးအိတ်များဟု ယူဆရသော အိတ်များကိုလည်း ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့သည်။
         
တနင်္ဂနွေနေ့နံနက်ပိုင်းမှစ၍ အပူရှာဒရုန်းနှစ်စင်းနှင့်အတူ ဝန်ထမ်း ၁၅၀ ခန့်ဖြန့်ကျက်၍ ရှာဖွေကယ်ဆယ်မှုများလုပ်ဆောင်ခဲ့သည်။
         
မီးတောင်ဝမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း သွားလာလှုပ်ရှားမှုများကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်သော်လည်း စင်ကာပူခရီးသွားအုပ်စုတစ်စုနှင့် အင်ဒိုနီးရှားနိုင်ငံသားများကို မီးတောင်ဝအနီးသို့ ခေါ်ဆောင်လာမှုအတွက် ဒေသခံလမ်းပြအများအပြားကို စုံစမ်းစစ်ဆေးနေကြောင်း မြောက်ဟယ်လ်မာဟီရာ ရဲတပ်ဖွဲ့အကြီးအကဲ အာလစ်ဆွန် ပါဆာရီဘူက ပြောကြားခဲ့ပြီး ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ပြောကြားခဲ့သည်။

Ref: စီအင်န်အေ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here