Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomePoemလည်နေတဲ့ ကမ္ဘာပေါ်မှာ သွားနေတဲ့စိတ်

လည်နေတဲ့ ကမ္ဘာပေါ်မှာ သွားနေတဲ့စိတ်

sate

စိတ်အဟောင်းပေါ် လိပ်ပြာသန့်ချင်လို့လား
ဖြစ်ခဲ့တာတွေ ရေရောပြီးသာ ပူဇော်စမ်းပါ
ကမ္ဘာကြီးက အလှတရားကို
ဘယ်တော့မှ သစ္စာမဆိုဘူး
စိတ်ရဲ့ ခွက်လက်ကျန်ကို
ခွက်လက်ကျန်နဲ့ မျှားနေတယ်
ဖော့တုံးလေးမမြှုပ်ခင်ထိ လောဘမတက်ခဲ့ဘူး ။

ကိုယ်သွေးနေတဲ့ဓား သစ္စာတရား ဒီရေတက်ချိန်
လယ်သာကုတ်ကို မြန်မာငွေငါး ထောင်နဲ့ ပေါင်လိုက်ပြီ
ကိုယ့်အမြည်းနဲ့ကိုယ် ယဉ်ကျေးမှု ရှိခဲ့ပါတယ်
စပါးကြိတ်မှဆန်ကွဲရတဲ့ အညွန့်အဖူး လေးတွေ
ကောက်ကောက်စားရင်း ခေတ်တရားကို တိုင်ကပ်ပြီး နေ့စဉ်သတင်းစာနဲ့ နာရီတိုက်ထားလိုက်တယ်။

ဟေ့ … ဟေ့… ဟေ့ …
လူမိုက်ကြီးရဲ့ အရက်ခွက်ကိုတော့
ရေလာမရောချင်စမ်းနဲ့ကွယ်
ငိုလိုက်ရယ်လိုက် အကယ်ဒမီဆုတွေ ပျင်းတယ်
အကောင်းစားတံဆိပ်တွေ ပျင်းတယ်
ရှော့ပင်းမောတွေ ပျင်းတယ်
ခန္ဓာမြဲဖို့ ဆုတောင်းတဲ့ကောင်တွေ ပျင်းတယ်
သနားစရာကောင်းလွန်းလို့
ကိုယ့်ဘဝကိုယ်တောင် ဂီယာကြီး မထိုးခဲ့ဘူး ။

အတက်ကြမ်းကြမ်း အဆင်းကြမ်းကြမ်း
‘ဂ’ကွေ့တွေ ထပ်လာတဲ့ဘဝထဲ
ကိုယ်ပျိုးသမျှ ရစ်ခွေခဲ့ပြီးပြီ
မြွေတစ်ကောင်လို တွားမသွားတတ်ဘဲနဲ့တော့
ဟော့ဒီလမ်းပေါ် တက်မလာနဲ့
ကမ္ဘာကြီးက မင်းကိုပျင်းတယ် ။

ကျော်ဇင်ငထင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071