တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralmba တို့ သြဂုတ် ၃၁ ရက်ကတွေ့ဆုံ၍ အ ထက်ပါကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်းနှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှင့်အတူ တပ်မတော်နှစ်ရပ်ကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည် ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်အကြမ်း ဖက်မှုတိုက်ဖျက်ရေးတို့ကို ထိရောက်စွာတားဆီးနှိမ်နင်းရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လက်နက်၊ ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့်ထိန်းချုပ်ဓာတုပစ္စည်းများတရားမဝင်သယ်ဆောင်ရောင်းဝယ် ဖောက်ကားမှုတားဆီးထိန်းချုပ်ရေး၊ အွန်လိုင်းလိမ် လည်လောင်းကစားမှုများကို နှစ်နိုင်ငံပူးပေါင်းနှိမ်နင်းရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
