Tuesday, September 1, 2026

ရေဘေးသင့်ဒေသများကို သွားရောက်ထောက်ပံ့သူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန်...

ရေဘေးသင့်ပြည်သူများကို သွားရောက်လှုဒါန်းသူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်တိုင်းက ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်လျက်ရှိသောမြို့နယ်များ ရေကြီးမူဖြစ်စဉ်တွင် လာရောက်အားပေးလှူဒါန်းကျသည့် အလှုရှင်များ...

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊...

နေပြည်တော်၊စက်တင်ဘာ ၁ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ကို သြဂုတ်...

ထိုင်း-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သြဂုတ်...

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်ကဖြည့်ဆည်းပံ့ပိုးပေးမည်ဟု...

နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ...
HomeInternationalအမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူနှစ်ယောက်ကို...

အမေရိကန်မှာ အမျိုးသမီးတစ်ဦးက လူနှစ်ယောက်ကို ဓားနဲ့ထိုး၊ တရားခံ အသေဖမ်းမိ​တနင်္လာနေ့ မွန်းလွဲပိုင်းက လူစည်ကားလှတဲ့ နယူးယောက်မြို့ တိုင်းမ်စကွဲယား (Times Square) အလယ်ခေါင်မှာ ဓားနှစ်ချောင်း ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ လမ်းသွားလမ်းလာ နှစ်ယောက်ကို အကြောင်းမဲ့ လိုက်ထိုးခဲ့တာကြောင့် အထိုးခံရသူ တစ်ဦး ‌ေ-သဆုံးသွားခဲ့ပြီး၊ သူမကို ဓားချဖို့ ပြောတာကို ငြင်းဆန်ခဲ့တာကြောင့် N.Y.P.D ရဲတပ်ဖွဲ့က သေနတ်နဲ့ ပ-စ်ခတ်နှိမ်နင်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

​ရဲကော်မရှင်နာ ဂျက်စီကာ တစ်ချ် (Jessica Tisch) က ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီအမျိုးသမီးကို လက်နက်ချဖို့ လေးမိနစ်ကြာ အကြောင်းပြ ဖြောင်းဖြခဲ့ပေမဲ့ သူမက ရဲတွေကို “ငါ ဘာမှ မချပေးနိုင်ဘူး။ မင်းတို့ နှစ်ယောက်လုံးကို သ-တ်ပ-စ်လိုက်ရတာကမှ ပိုကောင်းဦးမယ်” လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

​ဒီရုန်းရင်းဆန်ခတ်မှုဟာ မွန်းလွဲ ၄ နာရီ ၃၀ မိနစ် မတိုင်မီလေးမှာ စတင်ဖြစ်ပွားခဲ့တာပါ။ မစ္စတစ်ချ်ရဲ့ ပြောကြားချက်အရ အသက် ၄၉ နှစ်အရွယ် ပမဲလား ဆစ်စနဲရော့စ်(Pamela Cisneros) ဆိုသူ အမျိုးသမီးဟာ ဇနီးဖြစ်သူနဲ့အတူ မြေအောက်ရထားပေါ်ကဆင်းလာတဲ့ အသက် ၆၈ နှစ်အရွယ် အမျိုးသားဆီကို လမ်းလျှောက်သွားခဲ့တာပါ။ အဲဒီဇနီးမောင်နှံဟာ ၄၁ မြောက်လမ်း အနောက်ဘက်နဲ့ ၇ မြောက် အေဗင်နူး (West 41st Street and Seventh Avenue) ထောင့်မှာ လမ်းကူးဖို့ စောင့်နေစဉ်မှာပဲ မစ္စဆစ်စနဲရော့စ်ဟာ သူ့ရဲ့ ရာဘာအိတ်နီထဲကနေ ဓားတွေကို ထုတ်ပြီး အဲဒီအမျိုးသားရဲ့ ဝမ်းဗိုက်ဘေးဘက်ကို ထိုးလိုက်ကာ ၄၂ မြောက်လမ်းဘက်ကို ဦးတည် ထွက်ခွာသွားခဲ့တယ်လို့ မစ္စတစ်ချ်က ပြောပါတယ်။

​အသ-က်ဆုံးရှုံးခဲ့ရတဲ့ ထိုးခုတ်မှုဟာ အဲဒီနောက် စက္ကန့် ၂၀ တောင် မပြည့်ခင်မှာ ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နေကာမျက်မှန်နဲ့ ဘေ့စ်ဘောဦးထုပ်တွေ ရောင်းချတဲ့ အလီယူ ဒီယေး (Aliou Dieye) ကလဲ တိုက်ခိုက်သူဟာ ဓားတစ်ချောင်းကို ကိုင်ပြီး အခြားအမျိုးသမီးတစ်ဦးဆီ သူ့ဆိုင်ရှေ့တည့်တည့်မှာတင် တိုးကပ်သွားတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။

​”သူမ ဘာမှ မပြောဘူး” လို့ အသက် ၆၂ နှစ်အရွယ် မစ္စတာဒီယေးက ပြောပါတယ်။ “သူမက အဲဒီအမျိုးသမီးဆီ လမ်းလျှောက်သွားပြီး ဗိုက်ကို ဓားနဲ့ ထိုးလိုက်တာပဲ။”

​ဓားထိုးခံရသူဟာ ပလက်ဖောင်းပေါ် လဲကျသွားခဲ့ကြောင်း၊ ဓားထိုးသူ မြောက်ဘက်ကို ဦးတည်ထွက်ခွာသွားချိန်မှာပဲ သူနဲ့ သူ့သူငယ်ချင်းက 911 ကို ဖုန်းဆက် အကြောင်းကြားခဲ့တာဖြစ်ကြောင်း မစ္စတာဒီယေးက ပြောပါတယ်။ မစ္စတစ်ချ်က အဆိုပါ ဓားထိုးမှုကို “အဓိပ္ပာယ်မရှိတဲ့ တို-က်ခိုက်မှု” လို့ ခေါ်ဆိုခဲ့ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ ဆေးရုံအရောက်မှာ ‌ေ-သဆုံးသွားကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။ အသက် ၆၈ နှစ်အရွယ် အမျိုးသားကတော့ စိုးရိမ်စရာမရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မစ္စတစ်ချ်က ပြောပါတယ်။ စိစစ်ချက်အရ ထိခိုက်ခံရသူ နှစ်ဦးလုံးရဲ့ အမည်များကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေဘေးသင့်ဒေသများကို သွားရောက်ထောက်ပံ့သူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မေတ္တာရပ်ခံ 

ရေဘေးသင့်ပြည်သူများကို သွားရောက်လှုဒါန်းသူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်တိုင်းက ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်လျက်ရှိသောမြို့နယ်များ ရေကြီးမူဖြစ်စဉ်တွင် လာရောက်အားပေးလှူဒါန်းကျသည့် အလှုရှင်များ အနေဖြင့် ရေလမ်းကြောင်းများ သွားလာရာတွင် အသက်ကယ်အင်္ကျီများကို အယောက်တိုင်းမဖြစ်မနေဝတ်ပေးကြရန် မေတ္တာရပ်ခံထုတ်ပြန်ထားခြင်းဖြစ်သည်။ ထို့ပြင် ရေယာဉ်များပေါ်တွင်တင်သောအလှူပစ္စည်းများနှင့်အလှူရှင်များသည် မိမိအသုံးပြုသည့် စက်တပ်ရေယာဉ်များ၏ နိုင်ဝန်ထက် ကျော်လွန်၍ ဝန်ပို မဖြစ်စေရန် ဂရုပြုကြရန်နှင့် သွားလာရေးများ လုပ်ဆောင်ရာတွင်နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့များ ၊ ကယ်ဆယ်ရေး BOAT များကိုလည်း အားမနာတမ်း မိသားစုသဖွယ်အကူအညီတောင်းခံနိုင်ပါကြောင်းလည်း အသိပေးထားသည်။ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို...

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

နေပြည်တော်၊စက်တင်ဘာ ၁ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Bulochnikov Anatoly Mikhailovich ကို သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ငွေပေးချေမှု၊ အခွန်နှင့် ICT ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်...

ထိုင်း-မြန်မာ လွှတ်တော် နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၁ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Tor Saralamba ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၃၁ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ခိုင်မာစေရေးတို့နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်း သိရသည်။။ အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071