230kV ဒဂုံအရှေ့-လှော်ကား ဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ရွှေပေါက္ကံအပါအဝင် မြို့နယ်အချို့ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်း တည်ဆောက်ရာတွင် တိုင်ထူခြင်းနှင့်မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် 230kV ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV လှော်ကား – ပုလဲ – လှည်းကူး – ရွှေပေါက္ကံ ဖီဒါအား မေလ (၂၇) ရက်တွင် ဓာ တ်အားယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မေလ (၂၇) ရက်တွင် ရွှေပေါက္ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ ထောက်ကြန့်မြို့၊ ဖောင်ကြီးမြို့များရှိ ရပ်ကွက်နေရာ အချို့တို့တွင် နံနက် (၁၁)နာရီ မှ (၃)နာရီ အချိန်အထိ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်အားပြတ်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးပန်ကြားထားသည်။