Tuesday, April 21, 2026

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း...

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့်...

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀)...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀)...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရန်...

အာဖရိက ဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

အာဖရိက ဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး လူသို့ လုံးဝ(လုံးဝ)ကူးစက်ခြင်းမရှိသော်လည်း မိမိတို့ မွေးမြူထားသော ဝက်များကို အဆိုပါ ရောဂါဖြစ်ပွားကျရောက်ခြင်းမှ...
HomeNewsLocal Newsရွှေတိဂုံစေတီတော်တွင် (၄၃) ကြိမ်မြောက်...

ရွှေတိဂုံစေတီတော်တွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို လာမည့် ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ နံနက် ၇ နာရီမှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

“မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို နှစ်စဉ် ကျင်းပလာတာဖြစ်ပြီး ယခုနှစ်တွင် (၄၃) ကြိမ်မြောက်အဖြစ် ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်နဲ့အတူ စေတနာရှင်များရဲ့ စတုဒီသာအလှူပွဲများလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးက​ပြောသည်။

ထို့ပြင် ပွဲတော်နေ့တွင် ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များ၌ လွယ်ကူစွာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနထုတ်ပြန်

ဧပြီလ တတိယဆယ်ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကာလအတွင်း မိုးရွာသွန်းမှုမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရ ခိုင်၊ ရှမ်းပြည်နယ်များတွင် ပုံမှန်ထက် လျော့နည်းနိုင်ပြီး စစ်ကိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းနှင့်အတူ ပုံမှန်အတိုင်း ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းရက်များအနေဖြင့် စစ်ကိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် (၃) ရက်မှ (၆)...

နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယမန်နေ့ (ဧပြီ ၂၀) က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအပေါ် ရှင်းလင်းပြောကြားခြင်းဖြစ်ပြီး မိန့်ခွန်းအပေါ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်မည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများက အသီးသီးရှင်းလင်းတင်ပြကြသည်။ ထို့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများက လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဌာနဆိုင်ရာအကြီးအကဲများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍...

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပမည်

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်တွင် ဧပြီ ၁၉ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက မဟာမင်္ဂလာအခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အခမ်းအနားတွင်မူ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားတွင် အထိမ်းအမှတ်ကျောက်စာတိုင်နှင့် အထိမ်းအမှတ်ပြခန်းများလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071