Saturday, September 19, 2026

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...

ရေပြန်ကျသွား၍ ခမောက်ကြီးမြို့မှ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအား သန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့တွင် စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ခမောက်ကြီးချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော်လည်း...

ဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်း

မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးအသင်းသည် ယနေ့ စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းကယှဥ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဥ်၌နိုင်ပွဲရရှိခဲ့သဖြင့် ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်တွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်းသည် လက်ဘနွန်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများရှိ Grade-12 ဖြေဆိုမည့်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများရှိ Grade-12 ဖြေဆိုမည့် ကျောင်းသား/သူများကို စခန်းသွင်းလေ့ ကျင့်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်က ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် ဦးဆောင်ပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့်ပက်သက်သည့်...
HomeNewsLocal Newsရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား...

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး အသက် ၆၈ နှစ်အရွယ် ရွှေနဝလီဆိုင်ရှင် ဦးမျိုးတင့်ထံ ရွှေဆွဲကြိုးအတု ရောင်းလိုကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ဝင်းပိုင်စိုးက အသင့်ယူဆောင်လာသည့် တူဖြင့် ဦးမျိုးတင့်၏ ငယ်ထိပ်အား ထုနှက်ကာ ငွေထုပ်တစ်ထုပ်ကို လုယူထွက်ပြေးခဲ့ကြောင်း သိရသည်။ လုယက်ခံရသည့် ငွေပမာဏမှာ ခန့်မှန်းအားဖြင့် ကျပ်သိန်း ၄၀ ကျော်ရှိကြောင်း သိရသည်။

ဖြစ်စဉ်အပြီး အခင်းဖြစ်ပွားရာအနီးရှိ ပြည်သူများက ဝိုင်းဝန်းလိုက်လံဖမ်းဆီးခဲ့ရာ ဝင်းပိုင်စိုးကို ရေကျော်လမ်းနှင့် လိပ်ကန်လမ်းဆုံအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူဝင်းပိုင်စိုးအား အမှုဖွင့်အရေးယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်နေပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၇၃/၄ တွင် "မြတ်မန္တလာထွန်း"အဝေးပြေးခရီးသည်တင်(Expressကားပေါ်သို့သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အဝေးပြေးခရီးသည်တင်(Express) ကား၏ ရှေ့လေကာမှန်မှာပျ-က်စီးသွားခဲ့ပြီး လိုက်ပါလာသူများတွင် ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။

ရေပြန်ကျသွား၍ ခမောက်ကြီးမြို့မှ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံအား သန့်ရှင်းရေးပြုလုပ်

တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့တွင် စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ခမောက်ကြီးချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သော်လည်း ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် ရေများပြန်လည်ကျဆင်းသွားသဖြင့် မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ၊ လူမှုကူညီရေးအသင်းဝင်များက (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံအား သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ နုန်းများ၊ ရွံ့နွံများကို ဖယ်ရှားရှင်းလင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကာ ရေတွင်းများကိုလည်း ရေစုပ်ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

ဗိုလ်လုပွဲတက်ရောက်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်း

မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးအသင်းသည် ယနေ့ စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းကယှဥ်ပြိုင်ခဲ့သည့် အမျိုးသမီးနှစ်ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဥ်၌နိုင်ပွဲရရှိခဲ့သဖြင့် ဗိုလ်လုပွဲသို့တက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်တွင် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်းသည် လက်ဘနွန် အမျိုးသမီးအသင်းနှင့်ယှဥ်ပြိုင်ကစားပြီးနောက် (၂)ပွဲ ပြတ်ဖြင့်နိုင်ပွဲရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်တက်ဂ်ဘော အမျိုးသမီးနှစ်ယောက်တွဲအသင်းသည် ဗိုလ်လုပွဲစဥ်အား မနက်ဖြန် စက်တင်ဘာ ၂၀ ရက်၌ ထိုင်းအမျိုးသမီးအသင်းနှင့်ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071