Monday, July 13, 2026

ဒီရေမြင့်တက်မှုနှင့် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေတိုးလာ

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်၌ ဒီရေမြင့်တက်နေခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းအတွင်း ရေမြင့်တက်လာကြောင်း ငမိုးရိပ်တမံထိန်းသိမ်းရေးဌာနထံမှ သိရသည်။ သို့သော် ငမိုးရိပ်တမံအထက်ပိုင်းရှိ ရေလှောင်တမံများတွင် မိုးရေများကို သို လှောင်ထိန်းသိမ်းထားနိုင်သဖြင့်...

ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်  FIFA Rank...

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီး၏ ကွာတားဖိုင်နယ်ပွဲစဉ်များ...

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လထဲမှာ...

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားဖို့ရှိတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောကြားကြကြောင်း Bangkok Post...

စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်း ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးစစ်ဆေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးအတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၃ ရက်နံနက်ပိုင်းတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၌ မော်တော်ဘုတ်များဖြင့်...
HomeNewsLocal Newsရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့်...

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုများတွင် အသုံးပြုခဲ့သည့် တရားမဝင်လူနေအဆောက်အအုံ ၇၂ လုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကာဖျက်ဆီးရန် (၅)လုံးသာကျန်ရှိ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့သည့် တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းနှင့် စနစ်တကျဖျက်ဆီးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က  ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက်အအုံတစ်လုံးအား ထပ်မံ၍ စနစ်တကျ မိုင်းခွဲဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ ဟု အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိသည်။

ဖောက်ခွဲဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ အနက်မှ ကိုးထပ်အဆောက်အအုံတစ်လုံးကို စနစ်တကျထပ်မံ၍ မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၇၂ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ပျက်ဆီးရန် ကျန်ရှိသည့် တရားမဝင် အဆောက်အအုံ ၅ လုံးကိုလည်း ထပ်မံဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီရေမြင့်တက်မှုနှင့် မိုးဆက်တိုက်ရွာ သွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေတိုးလာ

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်၌ ဒီရေမြင့်တက်နေခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းအတွင်း ရေမြင့်တက်လာကြောင်း ငမိုးရိပ်တမံထိန်းသိမ်းရေးဌာနထံမှ သိရသည်။ သို့သော် ငမိုးရိပ်တမံအထက်ပိုင်းရှိ ရေလှောင်တမံများတွင် မိုးရေများကို သို လှောင်ထိန်းသိမ်းထားနိုင်သဖြင့် လက်ရှိအခြေအနေအရ ရေကြီးမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နိုင်ခြေ မရှိသေးကြောင်း ဆို သည်။ ယနေ့ ဇူလိုင် ၁၃ ရက် တိုင်းတာချက်များအရ ငမိုးရိပ်ရေလှောင်တမံ၏ ရေပြည့်မှတ်မှာ ၁၀၇ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၉၆ ဒသမ ၉၀ ပေရှိကာ မိုးရေချိန် ၀ ဒသမ ၄၉ လက်မ ရွာသွန်းခဲ့ကြောင်း အသ်ပေးထားသည်။ အခြားရေလှောင်တမံများအနေဖြင့် ...

ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်  FIFA Rank ထိပ်ဆုံး ၄ သင်း ဆီမီးဖိုင်နယ်သို့ ပြိုင်တူတက်ရောက်နိုင်ခဲ့

အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီး၏ ကွာတားဖိုင်နယ်ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီးနောက်၊  FIFA World Rankings (ကမ္ဘာအဆင့်သတ်မှတ်ချက်) ၏ ထိပ်ဆုံးလေးသင်းစလုံး ပထမဆုံးအကြိမ်  ထိပ်ဆုံးလေးသင်းစလုံး ဆီမီးဖိုင်နယ် (Semi-finals) သို့ အသီးသီး တက်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဖီဖာကမ္ဘာ့အဆင့် (၁) မှ (၄) အတွင်းရှိသော ကမ္ဘာ့အင်အားကြီးအသင်းများ ဆီမီးဖိုင်နယ်အဆင့်သို့ တစ်ပြိုင်နက်တည်း အတူတကွ တက်လှမ်းနိုင်ခဲ့ခြင်းမှာ...

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လထဲမှာ ထိုင်းနိုင်ငံကို သွားမယ်

မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လဆန်းပိုင်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် သွားဖို့ရှိတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေက တနင်္လာနေ့မှာ ပြောကြားကြကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားပါတယ်။ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက်ပိုင်း၊ ဦးမင်းအောင်လှိုင် အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဆီ ဒုတိယအကြိမ်မြောက် သွားတဲ့ ခရီးစဉ် ဖြစ်လာမှာပါ။ သူဟာ သမ္မတအဖြစ် တာဝန်ယူပြီးတဲ့နောက် အာဆီယံအဖွဲ့ဝင် မဟာမိတ်နိုင်ငံတစ်ခုဆီ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ဒီလအစောပိုင်းတုန်းက လာအိုနိုင်ငံကို သွားခဲ့ပါသေးတယ်။ သတင်းရင်းမြစ်တွေဘက်ကတော့ မြန်မာနိုင်ငံ သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071