Wednesday, June 17, 2026

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...

ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေး ရခိုင်ပြည်နယ်တွင် ကလေးငယ်...

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက်...
HomeNewsLocal Newsရေလက်ကြားအနီးအီရန်ဒုံးကျည်စခန်းများကိုယူအက်စ်က ဗုံးကြဲတို-က်ခိုက်

ရေလက်ကြားအနီးအီရန်ဒုံးကျည်စခန်းများကိုယူအက်စ်က ဗုံးကြဲတို-က်ခိုက်

ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ကမ်းရိုးတန်းတစ်လျှောက်မှ ဒုံးကျည်စခန်းများကို အမေရိကန်တပ်ဖွဲ့များက တို-က်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (စန့်ကွန်) က အင်္ဂါနေ့တွင် လူမှုကွန်ရက် အိတ်စ် မှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ နာရီပိုင်းက အမေရိကန်တပ်ဖွဲ့တွေဟာ ဟော်မုဇ်ရေလက်ကြားအနီး အီရန်ကမ်းရိုးတန်းတစ်လျှောက်က ခိုင်ခံ့အောင် တည်ဆောက်ထားတဲ့ အီရန်ဒုံးကျည်စခန်းတွေကို ပေါင် ၅,၀၀၀ ရှိတဲ့ မြေအောက်ထိုးဖေ-ာက်ဗုံး အများအပြား အသုံးပြုပြီး အောင်မြင်စွာ တို-က်ခိုက်နိုင်ခဲ့ပါတယ်” ဟု စစ်ဌာနချုပ်က ဆိုသည်။

“အဆိုပါစခန်းတွေမှာရှိတဲ့ အီရန်ရဲ့ သင်္ဘောဖျ-က် ခရုဇ်ဒုံးကျည် တွေဟာ ရေလက်ကြားအတွင်းက နိုင်ငံတကာ သင်္ဘောသွားလာရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပါတယ်” ဟု ၎င်း သတင်းတွင် ဆက်လက် ဖေါ်ပြထားသည်။

အင်္ဂါနေ့အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကအနေဖြင့် ရက်သတ္တ သုံးပတ်မြောက်ထဲသို့ ရောက်ရှိလာပြီဖြစ်သော အီရန်ကို တို-က်ခိုက်မှုများကို ရပ်တန့်ရန် “အဆင်သင့်မဖြစ်သေး” ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ပူးတွဲစောင့်ရှောက်ပေးရေး တာဝန်ဆောင်ရွက်ရန် ၎င်း၏တောင်းဆိုချက်ကို နေတိုးအဖွဲ့ဝင်အများစုနှင့် အမေရိက၏ မဟာမိတ်များက ငြင်းပယ်ခဲ့ကြသည့်အပေါ် “စိတ်ပျက်မိကြောင်း” ထရမ့်ပ်က ဝန်ခံခဲ့ပြီး၊ အမေရိက အနေဖြင့် “ဘယ်သူ့အကူအညီမှ မလိုအပ်ဘူး” ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ဂျပန်၊ သြစတြေးလျနှင့် တောင်ကိုရီးယားတို့ကလည်း ငြင်းပယ်ခဲ့ကြောင်း ၎င်း သတင်း၌ ဖေါ်ပြထားသည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်ကမူ ဟော်မုဇ်ရေလက်ကြားသည် “စစ်မဖြစ်ခင်က အခြေအနေမျိုးကို ပြန်ရောက်မှာမဟုတ်ဘူး” ဟု အင်္ဂါနေ့တွင် အိတ်စ် ၌ ရေးသားခဲ့သော်လည်း အသေးစိတ်ကိုမူ ဖော်ပြခြင်းမရှိပေ။

ဂျေပီမော်ဂန်၏ မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် အကယ်၍ ဟော်မုဇ်ရေလက်ကြားသာ အလုံးစုံ ပိတ်ဆို့ခံရပါက အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သည့်နိုင်ငံများသည် ထုတ်လုပ်မှုလုပ်ငန်းများကို “၂၅ ရက်ထက် ပိုမို” ဆက်လက်ဆောင်ရွက်နိုင်လိမ့်မည်မဟုတ်ကြောင်း လေ့လာသူများက သတိပေးထားသည်။

ဆော်ဒီအာရေဗျ၊ အီရတ်၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)တို့သည် အီရန်နိုင်ငံနည်းတူ ၎င်းတို့၏ ရေနံစိမ်းများ တင်ပို့ရန်အတွက် ဤကျဉ်းမြောင်းသော ရေလမ်းကြောင်းအပေါ်တွင် မှီခိုနေကြရပေသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီကမူ အမေရိက၊ အစ္စရေးနှင့် ၎င်းတို့၏ မဟာမိတ်သင်္ဘောများမှလွဲ၍ ကျန်နိုင်ငံတကာ သင်္ဘောများအတွက် ရေလက်ကြားမှာ ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က အမေရိကန်မီဒီယာများကို ပြောကြားခဲ့သည်။

အမေရိက နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက် နေ့တွင် အီရန်ကို အကြီးအကျယ် စတင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများကြောင့် ကမ္ဘာတစ်ဝန်း သင်္ဘောသွားလာရေးကို အနှောင့်အယှက်ဖြစ်စေကာ ရေနံဈေးနှုန်းများ ထိုးတက်ပြီး ကမ္ဘာ့စီးပွားရေးကို လှုပ်ခါစေခဲ့သည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်နေ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း သိရသည်။ ဖလမ်းမြို့ကို ဧပြီလအတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဒေသခံအများစုမှာ နေရပ်သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ဒေသတွင်း ကျန်းမာရေး၊ ပညာရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement Test အထူးအစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သော ကျောင်းနေအရွယ် ကလေးများအား ပညာရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် အရည်အချင်းစစ်ဆေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရသည်။ “စာရင်းအရတော့ ဖလမ်းမြို့နယ်တစ်ခုလုံးမှာ ဖြေဆိုသူ ၃,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ပျ-က်ကွက်သူအချို့ရှိတာကြောင့် အမှန်တကယ် ဖြေဆိုသူက ၃,၀၀၀ နီးပါးရှိပါတယ်” ဟု ဖလမ်းမြို့...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့် ကမ္ဘာ့ဖလားဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီ

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon d'Or ဆု ရှစ်ကြိမ်ရရှိထားသည့် အသက် ၃၈ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး မက်ဆီသည် အုပ်စု(ည)ပွဲစဉ်တွင် အယ်လ်ဂျီးရီးယားအသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲ၌ အာဂျင်တီးနားအသင်း၏ သုံးဂိုးစလုံးကို တစ်ဦးတည်း သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါသွင်းဂိုးများနှင့်အတူ မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် စုစုပေါင်း ၁၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဂျာမနီဂန္ထဝင်တိုက်စစ်မှူး မီယိုဆလပ် ကလိုဆေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071