ရေဘေးသင့်ပြည်သူများကို သွားရောက်လှုဒါန်းသူများ အသက်ကယ်အင်္ကျီများ မဖြစ်မနေဝတ်ပေးရန် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်တိုင်းက ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ဆက်စပ်လျက်ရှိသောမြို့နယ်များ ရေကြီးမူဖြစ်စဉ်တွင် လာရောက်အားပေးလှူဒါန်းကျသည့် အလှုရှင်များ အနေဖြင့် ရေလမ်းကြောင်းများ သွားလာရာတွင် အသက်ကယ်အင်္ကျီများကို အယောက်တိုင်းမဖြစ်မနေဝတ်ပေးကြရန် မေတ္တာရပ်ခံထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့ပြင် ရေယာဉ်များပေါ်တွင်တင်သောအလှူပစ္စည်းများနှင့်အလှူရှင်များသည် မိမိအသုံးပြုသည့် စက်တပ်ရေယာဉ်များ၏ နိုင်ဝန်ထက် ကျော်လွန်၍ ဝန်ပို မဖြစ်စေရန် ဂရုပြုကြရန်နှင့် သွားလာရေးများ လုပ်ဆောင်ရာတွင်နီးစပ်ရာ ကယ်ဆယ်ရေးအဖွဲ့များ ၊ ကယ်ဆယ်ရေး BOAT များကိုလည်း အားမနာတမ်း မိသားစုသဖွယ်အကူအညီတောင်းခံနိုင်ပါကြောင်းလည်း အသိပေးထားသည်။
ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို စားနပ်ရိက္ခာသွားရောက်လှူဒါန်းရင်း အသက် ၂၀ အရွယ် လူငယ်ပရဟိတ စေတနာ့ဝန်ထမ်းတစ်ဦး ရေစီးထဲ ခြေချော်ကျပြီး မျောပါေ-သဆုံးခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ယမန်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်း-အိုင်သပြု လမ်းပိုင်းတွင် ရေဘေးသင့်ပြည်သူများကို သွားရောက်လှူဒါန်းသည့် အလှူရှင်တစ်ဦး စက်လှေတိမ်းမှောက်ကာ ေ-သဆုံးခဲ့ရပြီး စက်လှေပေါ်ပါရှိသည့် လူနှစ်ဦးလည်း ပျေ-ာက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
