Tuesday, September 1, 2026

ငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု လျှော့ချနိုင်ရန် Base...

မန္တလေး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန်အတွက် Base Isolation System...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ...

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ...

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ်...

တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်)...

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန်

ရန်ကုန်​၊စက်တင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံတွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ရေပြည့်အမှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲမှ ရေများ စီးဆင်းလျက်ရှိသည်။ ယနေ့ စက်တင်ဘာ ၁ ရက်...
HomeNewsLocal Newsဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ...

ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန် ၄၃၂,၁၅၀ ဝယ်ယူဖြန့်ဖြူးရောင်းချရန် ထောက်ခံချက်ပေးထား

နေပြည်တော်၊ စက်တင်ဘာ ၁

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၄၃၂,၁၅၀ ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထောက်ခံချက်များ ပေးထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဓာတ်မြေဩဇာများကို စိုက်ပျိုးသီးနှံများအတွက် အချိန်မီ အသုံးပြုနိုင်ရေးနှင့် တောင်သူများထံသို့ အချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်ကာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက မိုးစပါးနှင့် မိုးသီးနှံများအတွက် သီးနှံပေါ်ပေးစနစ်၊ လက်ငင်းငွေချေစနစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် REZ စီမံကိန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာပမာဏ လက်ကျန်လုံလောက်စွာ ရှိစေရေးနှင့် မပြတ်လပ်စေရေး စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်နေချိန်တွင် တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်စေရန် စုပေါင်းဝယ်ယူ၊ စုပေါင်းဖြန့်ဖြူးသည့် သမဝါယမစနစ် Consortium ပုံစံဖြင့် အမြတ်မယူဘဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဓာတ်မြေဩဇာများအတွက် ရည်ညွှန်းဈေးနှုန်းကိုလည်း လစဉ်ပုံမှန် ထုတ်ပြန်ပေးလျက်ရှိပြီး အရည်အသွေးနှင့် အလေးချိန် မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမရှိစေရေးနှင့် ဓာတ်မြေဩဇာများကို သိုလှောင်၍ ဈေးကစားခြင်းများ မရှိစေရေးအတွက် မြို့နယ်အလိုက် အရောင်းဆိုင်များကို စစ်ဆေးရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် တာဝန်ရှိသူများက ဓာတ်မြေဩဇာ ဝယ်ယူတင်သွင်း၊ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လက်ရှိအခြေအနေများကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု လျှော့ချနိုင်ရန် Base Isolation System နည်းပညာအသုံးပြုသည့် အဆောက်အအုံတစ်လုံး မန္တလေးမြို့တွင် ပထမဆုံးအကြိမ် စတင်တည်ဆောက်

မန္တလေး၊ စက်တင်ဘာ ၁ မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုများကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုကို လျှော့ချနိုင်ရန်အတွက် Base Isolation System နည်းပညာကို အသုံးပြုသည့် အဆောက်အအုံတစ်လုံးကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ Base Isolation System သည် ငလျင်လှုပ်ခတ်သည့်အခါ မြေပြင်၏ လှုပ်ရှားမှုကို အဆောက်အအုံသို့ တိုက်ရိုက်မရောက်ရှိစေရန် အဆောက်အအုံ၏ အခြေခံအုတ်မြစ်နှင့် အဆောက်အအုံကို သီးခြားခွဲထုတ်ပေးသည့် ငလျင်ဒဏ်လျှော့ချရေးနည်းပညာတစ်ရပ်ဖြစ်ကြောင်း သိရသည်။ အဆိုပါအဆောက်အအုံ၏ ပန္နက်တင်အခမ်းအနားကို ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက...

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန် ရည်ရွယ်၍ စက်တင်ဘာ...

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလေ-ာင်ကျွမ်း

တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် တို-က်မိရာမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တို့ တို-က်မိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ် ဖြစ်ပွားရာသို့ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071