Tuesday, April 28, 2026

တရုတ်က သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောကို လွှဲပြောင်းပေးအပ်

ဧပြီလ ၂၇ ရက် တရုတ်နိုင်ငံသည် တန်ဖိုးမြင့်သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် တောင်ကိုရီးယား၏ လွှမ်းမိုးမှုကို ပိုမိုစိန်ခေါ်လာစဉ် ၎င်း၏ အကြီးဆုံးသော သဘာဝဓာတ်ငွေ့ရည် တင်သင်္ဘောကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။...

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သူသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။ "ကျွန်တော် အရင်ကပြောခဲ့သလိုပဲ...

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု...

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့်...

လူ့အခွင့်အရေးချိုးဖေ-ာက်မှုများအား ကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း MNHRC...

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဥပဒေပါအခွင့်အရေးများနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်သည့် အခွင့်အရေးများ ဖေ-ာက်ဖျ-က်ခံရပါက ကော်မရှင်သို့...
HomeMoviesရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှထုတ်ဝေသည့် သုတေသနစာစောင်များကို CABI...

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှထုတ်ဝေသည့် သုတေသနစာစောင်များကို CABI ဒီဂျစ်တယ်စာကြည့်တိုက်မှတစ်ဆင့် နိုင်ငံတကာသို့ဖြန့်ဝေရေးကို လန်ဒန်မြို့၏ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ပြော

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှထုတ်ဝေသည့် သုတေသနစာစောင်များကို CABI ဒီဂျစ်တယ်စာကြည့်တိုက်မှတစ်ဆင့် နိုင်ငံတကာသို့ဖြန့်ဝေရေးကို မြန်မာသံရုံး၊ လန်ဒန်မြို့၏ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ဦးဝင်းဇေယျာထွန်းက ဆွေးနွေးပြောကြားသည်။

သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ဧပြီ ၂၂ ရက်တွင် အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးနှင့် ဇီဝသိပ္ပံဗဟိုဌာန(CABI)၏ CEO ဖြစ်သူ Dr. Daniel Elger နှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် CABI ကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာများကိုဆွေးနွေးစဥ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သံရုံးယာယီတာဝန်ခံ/သံအမတ်က မြန်မာပြည်သူများအတွက် စိုက်ပျိုးရေးကဏ္ဍအရေးကြီးမှု၊ နိုင်ငံတော်အစိုးရမှ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍရှိ ပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ပေးမှု၊ ရာသီဥတုပြောင်းလဲမှု၊ သီးနှံဖျ-က်ပိုးများနှင့် သီးနှံရောဂါများ၏ စိန်ခေါ်မှုများအားပူးပေါင်းဖြေရှင်းရေး၊ စိုက်ပျိုးရေးနည်းပညာ၊ လူနှင့် တိရစ္ဆာန်ဆက်နွယ်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သုတေသနလုပ်ငန်းများတိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် စိုက်ပျိုးရေးဆိုင်ရာအဆင့်မြင့်နည်းပညာများ ရရှိရန် CABI Academy ၏ သင်တန်းများသို့ မြန်မာပြည်သူများပိုမိုတက်ရောက်နိုင်ရေး၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှထုတ်ဝေသည့် သုတေသနစာစောင်များကို CABI ဒီဂျစ်တယ်စာကြည့်တိုက်မှတစ်ဆင့် နိုင်ငံတကာသို့ဖြန့်ဝေရေး၊ CABI နှင့် မြန်မာနိုင်ငံတို့ ဒေသခွဲဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ Dr. Daniel Elger မှ CABI ၏မဟာဗျူဟာနှင့် ရည်မှန်းချက်များ၊ Dr. Qiaoqiao Zhang ကအဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ Ms. Sing Yun Chin က အာဆီယံမူဘောင်အောက်မှဆောင်ရွက်မှုများ၊ Ms. Phyllis Engefu Ombonyo က အာဖရိကဒေသရှိ ပူးပေါင်းဆောင်ရွက်မှုပုံစံများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

CABI သည် စိုက်ပျိုးရေးကဏ္ဍနှင့် တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံက ၁၉၉၃ ခုနှစ်မှစတင်၍ CABI ၏အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်က သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောကို လွှဲပြောင်းပေးအပ်

ဧပြီလ ၂၇ ရက် တရုတ်နိုင်ငံသည် တန်ဖိုးမြင့်သင်္ဘောတည်ဆောက်ရေးကဏ္ဍတွင် တောင်ကိုရီးယား၏ လွှမ်းမိုးမှုကို ပိုမိုစိန်ခေါ်လာစဉ် ၎င်း၏ အကြီးဆုံးသော သဘာဝဓာတ်ငွေ့ရည် တင်သင်္ဘောကို လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။ ယခုအခါ တရုတ်နိုင်ငံတွင် ထိုသို့သော အဆင့်မြင့်သင်္ဘောများကို ဒီဇိုင်း ပုံထုတ် တည်ဆောက်နိုင်သည့် ပြည်တွင်းသင်္ဘောကျင်း အရေအတွက်သည် ၅ ခုအထိ ရှိလာပြီဖြစ်ပေသည်။ China Merchants Group ၏ လက်အောက်ခံဖြစ်သော China Merchants Heavy Industry (Jiangsu) သည် ကုဗမီတာ ၁၈၀,၀၀၀ (ကုဗပေ ၆.၃၆...

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း မာကို ရူဘီယို ပြောကြား

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သူသည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီနှင့် တို-က်ရို-က်ဆက်သွယ်ပြောဆိုမှု တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။ "ကျွန်တော် အရင်ကပြောခဲ့သလိုပဲ အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တစ်ခါမှ စကားမပြောဖူးပါဘူး၊ သူဟာ ကျွန်တော်တို့ လူတွေနဲ့လည်း စကားပြောတာ ရှားပါတယ်။ အများအားဖြင့်တော့ သွယ်ဝိုက်တဲ့နည်းနဲ့ ဆွေးနွေးကြတာပါ" ဟု ရူဘီယိုက Fox News ရုပ်သံဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဆက်လက်၍ သူက " ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာတော့...

မေလလယ်တွင် မုတ်သုံလေစတင်ဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလခန့်မှန်း

​၂၀၂၆ ခုနှစ်၊ မေလအတွင်း အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံသို့ အဆင့်ဆင့်ဝင်ရောက်လာမည်ဖြစ်ကာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။ မုတ်သုံလေဝင်ရောက်မည့် ကာလများအနေဖြင့် ​မေ (၁၃) ရက်မှ မေ (၁၈) ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်း၊​ မေ (၁၉) ရက်မှ (၂၄) ရက်အထိ မြစ်ဝကျွန်းပေါ်ဒေသ ၊​ မေ (၂၅) ရက်မှ မေ (၃၀) ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်း၊​မေ (၃၁) ရက်မှဇွန် (၅) ရက်အထိ ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071