Thursday, August 6, 2026

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်အတွက် ဂျိုရှုအာဗန်နှင့်...

UFC ဖလိုင်းဝိတ်တန်း (Flyweight) ချန်ပီယံ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဂျိုရှုအာဗန် (Joshua Van) နှင့် ချန်ပီယံဟောင်း ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါး...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်၍ မြန်မာ–ထိုင်း...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်...
HomeNewsLocal Newsရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးမျိုးစိတ် ၁၂...

ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးမျိုးစိတ် ၁၂ မျိုးကို သားဖောက်ထုတ်လုပ်ပေးနေ

(Unicode)

ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးမျိုးစိတ် ၁၂ မျိုးကို သားဖောက်ထုတ်လုပ်ပေးနေ

နေပြည်တော် ဇန်နဝါရီ ၁၇

နေပြည်တော် ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးမျိုးစိတ်ပေါင်း ၁၂ မျိုးကို သားဖောက်မွေးမြူ ထုတ်လုပ်ပေးလျက်ရှိကြောင်း ရေဆင်းငါးလုပ်ငန်းစခန်းမှ သိရသည်။

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးမျိုးစိတ်ပေါင်း ၁၂ မျိုးကို သားဖောက်မွေးမြူထုတ်လုပ်ပေးလျက်ရှိရာ သဘာဝနည်းဖြင့်သားဖောက်မွေးမြူသည့်နည်းလမ်းနှင့် ဆေးထိုးသားဖောက်မွေးမြူသည့်နည်းလမ်းတို့ဖြင့် သားဖောက်မွေးမြူလျက်ရှိကြောင်း၊ ထိုသို့ သဘာဝနည်းဖြင့် သားဖောက်မွေးမြူသည့် ငါးမျိုးစိတ်မှာ ရွှေဝါငါးကြင်းနှင့် တီလားဘီးယားတို့ဖြစ်ကြပြီး ဆေးထိုးသားဖောက်ရသည့်ငါးမျိုးစိတ်များမှာ ငါးမြစ်ချင်း၊ ငွေရောင်ငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးတန်၊ ရေချိုငါးမုတ်၊ စူတန်နှင့် ငါးသလောက် ငါးမျိုးတို့ဖြစ်ကြကြောင်း သိရသည်။

“ရေဆင်းငါးလုပ်ငန်းစခန်းအနေနဲ့ နှစ်စဉ်ငါးသားပေါက်ကောင်ရေ သိန်း ၄၀ ကျော်ကို ထုတ်လုပ်ပေးနေပြီး ငါးမျိုးစိတ်ပေါင်း ၁၂ မျိုးကို သားဖောက်မွေးမြူထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ဒီလိုငါးသားဖောက်မွေးမြူထုတ် လုပ်ပေးတဲ့နေရာမှာ သဘာဝနည်းအရသားဖောက်ပေးရတဲ့ငါးမျိုးစိတ်နဲ့ ဆေးထိုးသားဖောက်မွေးမြူထုတ်လုပ်ရတဲ့ ငါးမျိုးစိတ်တို့ဖြစ်ကြပါတယ်။ ဒီစခန်းကထုတ်လုပ်တဲ့ ငါးသားပေါက် တွေကို နိုင်ငံအတွင်း ငါးရိက္ခာအတွက်ရည်မှန်းပြီး ထုတ်လုပ်ပြီး ဆည်တွေ၊ မြစ်တွေ၊ ချောင်းတွေ၊ အင်းအိုင်တွေထဲမှာပဲ အဓိကလွှတ်ပေးနေပါတယ်” ဟု ရေဆင်းငါးလုပ်ငန်းစခန်းကတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရေဆင်းငါးလုပ်ငန်းစခန်းဧရိယာစုစုပေါင်းမှာ ၅၁ ဒသမ ၈၃ ဧကရှိပြီး ရေပြင်ဧရိယာ စုစုပေါင်း ၂၈ ဒသမ ၈၈ ဧက ရှိကာ ငါးမွေး၊ ငါးသားဖောက်ကန်အလုံးရေမှာစုစုပေါင်း ၅၄ လုံးရှိကြောင်း၊ မျိုးငါးကန် ၁၂ လုံး၊ ရေလှောင်ကန် ၂ လုံးနဲ့ ငါးသားပေါက်ပြုစုကန်မှာ ကန်အလုံးရေ ၄၀ တို့ဖြစ်ကြကြောင်း၊ ရေဆင်းငါးလုပ်ငန်းစခန်းမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ကောင်ရေ သိန်း ၄၀ ဒသမ ၄၇ ကိုထုတ်လုပ်နိုင်ခဲ့ပြီး ယခု ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျတ်တွင် နှစ်လက်မအရွယ်ငါးသားပေါက်ကောင်ရေ ၁၃ ဒသမ ၅၀ သိန်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်ကောင်‌ရေ သိန်းပေါင်း ၄၂ သိန်း ကို ထုတ်လုပ်ပေးသွားရန် လျာထားကြောင်း သိရသည်။

(Zawgyi)

ေရဆင္းငါးလုပ္ငန္းစခန္းမွ ငါးမ်ိဳးစိတ္ ၁၂ မ်ိဳးကို သားေဖာက္ထုတ္လုပ္ေပးေန

ေနျပည္ေတာ္ ဇန္နဝါရီ ၁၇

ေနျပည္ေတာ္ ေရဆင္းငါးလုပ္ငန္းစခန္းမွ ငါးမ်ိဳးစိတ္ေပါင္း ၁၂ မ်ိဳးကို သားေဖာက္ေမြးျမဴ ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း ေရဆင္းငါးလုပ္ငန္းစခန္းမွ သိရသည္။

ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္အတြင္းရွိ ေရဆင္းငါးလုပ္ငန္းစခန္းမွ ငါးမ်ိဳးစိတ္ေပါင္း ၁၂ မ်ိဳးကို သားေဖာက္ေမြးျမဴထုတ္လုပ္ေပးလ်က္ရွိရာ သဘာဝနည္းျဖင့္သားေဖာက္ေမြးျမဴသည့္နည္းလမ္းႏွင့္ ေဆးထိုးသားေဖာက္ေမြးျမဴသည့္နည္းလမ္းတို႔ျဖင့္ သားေဖာက္ေမြးျမဴလ်က္ရွိေၾကာင္း၊ ထိုသို႔ သဘာဝနည္းျဖင့္ သားေဖာက္ေမြးျမဴသည့္ ငါးမ်ိဳးစိတ္မွာ ေ႐ႊဝါငါးၾကင္းႏွင့္ တီလားဘီးယားတို႔ျဖစ္ၾကၿပီး ေဆးထိုးသားေဖာက္ရသည့္ငါးမ်ိဳးစိတ္မ်ားမွာ ငါးျမစ္ခ်င္း၊ ေငြေရာင္ငါးၾကင္း၊ ေခါင္းႀကီးငါးၾကင္း၊ ျမက္စားငါးၾကင္း၊ ငါးၾကင္းျဖဴ၊ ငါးသိုင္းေခါင္းပြ၊ ငါးတန္၊ ေရခ်ိဳငါးမုတ္၊ စူတန္ႏွင့္ ငါးသေလာက္ ငါးမ်ိဳးတို႔ျဖစ္ၾကေၾကာင္း သိရသည္။

“ေရဆင္းငါးလုပ္ငန္းစခန္းအေနနဲ႔ ႏွစ္စဥ္ငါးသားေပါက္ေကာင္ေရ သိန္း ၄၀ ေက်ာ္ကို ထုတ္လုပ္ေပးေနၿပီး ငါးမ်ိဳးစိတ္ေပါင္း ၁၂ မ်ိဳးကို သားေဖာက္ေမြးျမဴထုတ္လုပ္ေပးေနတာျဖစ္ပါတယ္။ ဒီလိုငါးသားေဖာက္ေမြးျမဴထုတ္ လုပ္ေပးတဲ့ေနရာမွာ သဘာဝနည္းအရသားေဖာက္ေပးရတဲ့ငါးမ်ိဳးစိတ္နဲ႔ ေဆးထိုးသားေဖာက္ေမြးျမဴထုတ္လုပ္ရတဲ့ ငါးမ်ိဳးစိတ္တို႔ျဖစ္ၾကပါတယ္။ ဒီစခန္းကထုတ္လုပ္တဲ့ ငါးသားေပါက္ ေတြကို ႏိုင္ငံအတြင္း ငါးရိကၡာအတြက္ရည္မွန္းၿပီး ထုတ္လုပ္ၿပီး ဆည္ေတြ၊ ျမစ္ေတြ၊ ေခ်ာင္းေတြ၊ အင္းအိုင္ေတြထဲမွာပဲ အဓိကလႊတ္ေပးေနပါတယ္” ဟု ေရဆင္းငါးလုပ္ငန္းစခန္းကတာဝန္ရွိသူတစ္ဦးက ေျပာသည္။

အဆိုပါ ေရဆင္းငါးလုပ္ငန္းစခန္းဧရိယာစုစုေပါင္းမွာ ၅၁ ဒသမ ၈၃ ဧကရွိၿပီး ေရျပင္ဧရိယာ စုစုေပါင္း ၂၈ ဒသမ ၈၈ ဧက ရွိကာ ငါးေမြး၊ ငါးသားေဖာက္ကန္အလုံးေရမွာစုစုေပါင္း ၅၄ လုံးရွိေၾကာင္း၊ မ်ိဳးငါးကန္ ၁၂ လုံး၊ ေရေလွာင္ကန္ ၂ လုံးနဲ႔ ငါးသားေပါက္ျပဳစုကန္မွာ ကန္အလုံးေရ ၄၀ တို႔ျဖစ္ၾကေၾကာင္း၊ ေရဆင္းငါးလုပ္ငန္းစခန္းမွ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္း ငါးသားေပါက္ေကာင္ေရ သိန္း ၄၀ ဒသမ ၄၇ ကိုထုတ္လုပ္ႏိုင္ခဲ့ၿပီး ယခု ၂၀၂၁-၂၀၂၂ မီနီဘတ္ဂ်တ္တြင္ ႏွစ္လက္မအ႐ြယ္ငါးသားေပါက္ေကာင္ေရ ၁၃ ဒသမ ၅၀ သိန္း ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း၊ ထို႔ျပင္ လာမည့္ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္တြင္လည္း ေရဆင္းငါးလုပ္ငန္းစခန္းမွ ငါးသားေပါက္ေကာင္‌ေရ သိန္းေပါင္း ၄၂ သိန္း ကို ထုတ္လုပ္ေပးသြားရန္ လ်ာထားေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071