Thursday, February 12, 2026
မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...
မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...
မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...
မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...
မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...
ရင်ခုန်နေကြသည့် ချစ်သူများနေ့
ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeArticles"ရေချိုးချိန် သီချင်းဆိုခြင်းက စိတ်ဖိစီးမှုကို...
“ရေချိုးချိန် သီချင်းဆိုခြင်းက စိတ်ဖိစီးမှုကို အမှန်တကယ် လျှော့ချပေးနိုင်ကြောင်း စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များကဆို”
“ရေချိုးချိန် သီချင်းဆိုခြင်းက စိတ်ဖိစီးမှုကို အမှန်တကယ်လျှော့ချပေးနိုင်ကြောင်း စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များကဆို”
ရေချိုးချိန် သီချင်းဆိုခြင်းက မထင်မှတ်ထားတဲ့အထိ အနည်းဆုံးကောင်းကျိုး (၅) ချက်ဖြစ်တဲ့ စိတ်ဖိစီးမှု လျှော့ချပေးခြင်း၊ ပျော်ရွှင်မှုဖြစ်စေခြင်း၊ မှတ်ဉာဏ်ပိုကောင်းလာခြင်း ၊စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုပိုကောင်းလာစေခြင်းနှင့် အဓိကအချက်ဖြစ်တဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတတ်လာစေခြင်း စတဲ့ မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေရလာလိမ့်မယ်လို့ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များက အကြံပြုထားပါတယ်။
စိတ်ပူပန်ခြင်း၊ ၀မ်းနည်းခြင်းနဲ့ အထီးကျန်ခြင်းစတာတွေကို တွန်းလှန်ဖယ်ထုတ်ရာမှာလိုအပ်တဲ့ စိတ်စွမ်းအားလည်းရရှိစေပါတယ်။ အခုအချိန်မှာ နေ့စဉ်နဲ့ အမျှပြောင်းလဲနေတဲ့ နည်းပညာရပ်ဝန်းနဲ့ စီးပွားရေးပိုင်းဟာလူသားအားလုံးရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်မှုရှိပါတယ်။ အဓိကအရာကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရဲ့ အခြေခံအချက်ဖြစ်တဲ့ စိတ်ဖိစီးမှုဟာ အကြောတတ်ခြင်းနဲ့ သွေးတိုးခြင်းလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါထိခိုက်မှု ဖြစ်ပေါ်လာစေပါတယ်လို့ ထိုင်းနိုင်ငံနွချန်ရက်ချာစီမာမြို့ နွခန်ရတ်ချာစီမာ ရာဂျန်နာဂရင်ဒရာ စိတ်ရောဂါကုဆေးရုံရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာကစ်တီခူပိုကဆိုပါတယ်။
ပြည်သူများအနေနဲ့ စိတ်ဖိစီးမှုကို နည်းလမ်းအမျိုးမျိုးနဲ ့ဖြေရှင်းနိုင်ပါ တယ်။ ဒါပေမယ့် ပိုက်ဆံမကုန် တဲ့အပြင် အရွယ်သုံးပါးနဲ့လိုက်ဖက်ကာ သင့်အနီးအနားမှာလည်းရှိတဲ့ ရေချိုးခန်းထဲမှာ ရေချိုး တဲ့ အခါတိုင်း သီ ချင်းဆိုတဲ့ နည်းလမ်းဟာ အလွန်လွယ်ကူတဲ့နည်းလမ်းဖြစ်ပါတယ်။ ပုံမှန် အားဖြင့် မနက် နဲ့ ည တစ်နေ့ ၂ကြိမ်ရေချိုးနေကြမို ့လို့ ရေချိုးနေ စဉ်သီ ချင်း ဆိုခြင်းနည်းကို နေ ့စဉ် ကိုယ်ရောစိတ်ပါ ကျန်းမာရေးလက်စွဲ အဖြစ် လုပ်ဆောင်နိုင်ပါတယ်။
သီချင်းစာသား မှန်မမှန် ကီးကိုက်မကိုက် စိတ်ပူစရာမလိုပါဘူးလို့ ဒေါက်တာ ကစ်တီ ခူပို က ဆိုပါ တယ်။ အောက်ပါအတိုင်း ရေချိုးနေ စဉ်သီချင်း ဆိုခြင်းဟာ ရေချိုးခြင်းအပေါ်လွတ်လပ်ပျော်ရွင်မှုတွေ စီးမျှောစေသလို အနည်းဆုံး အောက်ပါကောင်းကျိုး (၅) ချက် ရှိ ပါတယ်။
၁။ အဆုတ်ထဲ အောက်စီဂျင်ပမာဏ ပိုများလာစေလို ့ ဦးနှောက်ဆီကို သွေးလည်ပတ်မှု စနစ် အားကောင်း စေတဲ့အတွက် စိတ် ဖိ စီးမှု ကိုလျော့ ချပေးစေပါတယ်။
၂။ သီချင်းဆိုခြင်းဟာ စိတ်ဖိစီးစေတ ဲ့အရာကနေ သွေဖယ်သွားစေတဲ့ အပြုမူလည်းဖြစ်ပါတယ်။ ကိုယ်အပန်းဖြေနေတဲ့အချိန်မှာ သီဆို တဲ့ သီချင်းဟာလည်း များသောအားဖြင့် မိမိပျော်ရွင်ချိန်က အကြောင်း အရာ အခိုက်အတန့်ကို သတိရဆက်နွယ်စေလို့ ခန္ဓာကိုယ်ကနေ ပျော်ရွင်ခြင်းဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။
၃။ ဂျပန်နိုင်ငံ မှာ ဦးနှောက်လေ့ကျင့်ခန်းအတွက် လွယ်လွယ်နဲ့ဂဏန်း ပေါင်းခြင်းကို ထပ်ခါထပ်ခါ ပြုလုပ်စေတဲ့ လှုပ်ရှားမှုမျိုးရှိပါတယ်။ ရေချိုးစဉ်သီချင်းဆိုခြင်းဟာလည်း ထိုနည်းအတိုင်းပဲ ဦးနှောက် မှတ် ဉာဏ်ပိုတိုးလာစေပါတယ်။
၄။ သီချင်းဆိုခြင်း၊ နားထောင်ခြင်းနဲ့ တီးခတ်ခြင်းလို ဂီတနဲ့ပတ်သတ်တဲ့ လှုပ်ရှားမှုတိုင်း မိမိကိုယ်ကိုယ် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်အားပိုကောင်း လာစေသလို တခုခုလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချရာမှာ ပိုပြီး စေ့စပ်နှိုင်း ယှဉ်မှုဖြစ်လာစေကြောင်း သုသေတနပြုချက်တော်တော်များများက ဖော်ပြခဲ့ပါတယ်။
၅။ သီချင်းဆိုခြင်းဟာ မိမိစိတ်ပိုင်းဆိုင်ရာကို ဆုချခြင်းလည်းဖြစ်ပါတယ်။ သင္အသံ နားဝင်ချို သည်ဖြစ်စေ မချိုသည်ဖြစ်စေ သီချင်းဆိုခြင်းဟာ သင့်ကိုယ်သင် တန်ဖိုးထားတတ်လာစေပြီး မိမိ ကိုယ်ကိုယ်လည်း ယုံကြည့်မှု ပိုရှိလာစေပါတယ်။ ဒီအရာ နှစ်ခုဟာ စိတ်ပူပန်ခြင်း ၊ ဝမ်း နည်း ညှိုး ငယ်ခြင်းနဲ့ အထီးကျန်ဆန်ခြင်းကို ကောင်းကောင်းကိုင် တွယ်နိုင်တဲ့အရာလည်းဖြစ်တယ်လို႔ ဆို ပါတယ်။
Zaw Gyi
ရေချိုးချိန် သီချင်းဆိုခြင်းက မထင်မှတ်ထားတဲ့အထိ အနည်းဆုံးကောင်းကျိုး (၅) ချက်ဖြစ်တဲ့ စိတ်ဖိစီးမှု လျှော့ချပေးခြင်း၊ ပျော်ရွှင်မှုဖြစ်စေခြင်း၊ မှတ်ဥာဏ်ပိုကောင်းလာခြင်း၊
Ads Space Available
Continue reading
ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...
ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...
ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော
မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071