Monday, June 8, 2026

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင်...

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက်...

လာအိုဂူထဲ နောက်ဆုံးကျန်ရှိနေသူနှစ်ဦးရှာဖွေမှုလုပ်ငန်းစဉ်ရပ်ဆိုင်း

       ရှာဖွေရေးနယ်မြေသည် မြေသားမတည်ငြိမ်ဖြစ်လာခြင်းနှင့် အသက်ရှင်သန်နိုင်သည့် မျှော်လင့်ချက်များ မှေးမှိန်လာခြင်းတို့ကြောင့် လာအိုနိုင်ငံရှိ ရေမြုပ်နေသော ဂူတစ်ခုအတွင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့သော အမျိုးသားနှစ်ဦးအတွက် ရှာဖွေကယ်ဆယ်မှုကို စနေနေ့တွင်...
HomeInternationalရုရှား၏ထိပ်တန်းရေနံထုတ်လုပ်သူ ၂ ဦးကို...

ရုရှား၏ထိပ်တန်းရေနံထုတ်လုပ်သူ ၂ ဦးကို ယူအက်စ်က ပိတ်ဆို့အရေးယူ

ယူကရိန်းတွင် အပ-စ်အခ-တ်ရပ်စဲရေးကို သဘောတူရေးအတွက် မော်စကိုအားဖိအားပေးရန်အလို့ငှာ ရုရှား၏ အကြီးဆုံးရေနံထုတ်လုပ်သူ ရို့စ်နက်နှင့် လုခ်ကွိုင်းလ် တို့ကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့ဟုသိရသည်။

“ယခုအချိန်သည် သ-တ်ဖြတ်မှုများကို ရပ်တန့်ရန်နှင့် ချက်ခြင်း အပ-စ်အခ-တ်ရပ်စဲရန် အချိန်ဖြစ်သည်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆင့်၏ ကြေငြာချက်ကို ကိုးကားဖော်ပြထားသည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများကို လိုက်နာရန်အတွက် အမေရိကန် မဟာမိတ်များက ပူးပေါင်းပါဝင်ရန် တိုက်တွန်းနေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ အစိုးရအဖွဲ့သည် လိုအပ်ပါက နောက်ထပ်အရေးယူရန် ပြင်ဆင်ထားကြောင်း၊ ဘက်ဆင့်က ပြောကြားခဲ့သည်။

နိုင်ငံပိုင် ရို့စ်နက် နှင့် ပုဂ္ဂလိကပိုင် လုခ်ကွိုင်းလ် တို့သည် ရုရှား၏ ရေနံစိမ်းတင်ပို့မှု စုစုပေါင်း၏ ထက်ဝက်နီးပါး (သို့မဟုတ်) ယခုနှစ် ပထမနှစ်ဝက်တွင် တစ်ရက်လျှင် စည်ပေါင်း ၂ ဒဿမ ၂ သန်းခန့်ကို ပူးတွဲထုတ်လုပ်သည့် အကြီးဆုံး ရုရှားရေနံထုတ်လုပ်သည့်ကုမ္မဏီ နှစ်ခုဖြစ်ကြသည်ဟု ဘလွန်းမ်ဘာ့ဂ် က ခန့်မှန်းထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခသည် ပြေလည်သွားလိမ့်မည်ဟု သူမျှော်လင့်ထားသောကြောင့် “သူတို့ ကြာရှည်မခံဘူး” “အချိန်တန်ပြီလို့ ထင်ပါတယ်” ဟု အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်း၌ ထရမ့်ပ်က ပြောကြားခဲ့သည်။

Ref: ချိုင်းနားဒေးလီး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်တက်ရောက်ရန် ရန်ကုန်နှင့် မန္တလေးဝန်ကြီးချုပ်များ ဗီယက်နမ်သို့ ထွက်ခွာ၊ မြို့ပြစီမံခန့်ခွဲမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးမည်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် “အာဆီယံအနာဂတ်ဖိုရမ်” နှင့် “အာဆီယံမြို့တော်ခေါင်းဆောင်များ ကွန်ဖရင့်” သို့ တက်ရောက်ရန် ဇွန်လ ၇ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲများကို ဇွန်လ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် အောက်ပါတာဝန်ရှိသူများ လိုက်ပါသွားကြသည် - ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်မန္တလေးတိုင်းဒေသကြီး...

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ ခုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများကို ကြိုတင်သိရှိသတိပြုနိုင်ရန်နှင့် ဘေးကင်းစွာ နေထိုင်သွားလာနိုင်ရန်အတွက် Mon State Red Cross မှ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ အသိပညာပေးမှုများကို မွန်ပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ် ၈ ခုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ ကျိုက်ထိုမြို့နယ်၊ ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်ရွက်ခဲ့သည့် အသိပညာပေးလုပ်ငန်းများ အဆိုပါမြို့နယ်များအတွင်းရှိ လူစည်ကားရာနေရာများနှင့် ကျေးရွာများတွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်ပါအတိုင်း ထိထိရောက်ရောက်...

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်

ရန်ကုန်တိုင်းတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများကို နှစ်ရှည်ငှားရမ်းမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုမြေကွက် (၁၂) ကွက်အား ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များသို့ နှစ် ၃၀ (၂၀+၅+၅) နှစ်ရှည်ငှားရမ်းမည်ဖြစ်သည်။ ငှားရမ်းလိုသောကုမ္ပဏီများအနေဖြင့် တင်ဒါပုံစံများကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ် (၄၀) ၊ နေပြည်တော်တွင် ဝယ်ယူနိုင်ကြောင်း တင်ဒါကော်မတီက ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071