ဇွန် ၄
ရုရှားနိုင်ငံ အစိုးရသည် ဒရုန်းစစ်ဆင်ရေးများကို ၎င်း၏နိုင်ငံပိုင် ကျောင်းသင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်း သင်ကြားရန် တရားဝင်ခွင့်ပြုလိုက်ပြီး ၈ တန်းနှင့် ၉ တန်းကျောင်းသားများကို မောင်းသူမဲ့လေယာဉ်(ဒရုန်း)သင်ခန်းစာများ အကြောင်းသင်ရိုးစာအုပ်ကို မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ သင်ရိုးတွင် ဒရုန်းထုတ်လုပ်သူ ဂျီယိုစကမ် (Geoscan) နှင့် ကျောင်းသုံးသင်ရိုးစာအုပ်ထုတ်ဝေသူ ပရာဗျစ်ရှင်းနီးယား (Prosveshcheniye) အဖွဲ့က ပေါင်းစပ်တီထွင်ရေးသားထားသည့် သင်ရိုးတွင် အလိုအလျောက်မောင်းနှင်နိုင်သော မောင်းသူမဲ့လေယာဉ်စနစ်များ၊ UAV အမျိုးအစားခွဲခြားမှုများ၊ ဒီဇိုင်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ မောင်းနှင်နည်း၊ လေယာဉ်မှူး၊ အလိုအလျောက် ပရိုဂရမ်များနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများ ပါဝင်ပြီး ဒရုန်းသင်ခန်းစာအကြောင်းအရာမျိုးစုံ ပါဝင်ပါသည်။ သင်ရိုးသည် လုပ်ငန်းသုံး (နည်းပညာ) ဘာသာရပ် ဖြစ်ပြီး “စက်ရုပ်”ပညာသင်ခန်းစာအဖြစ် စာသင်နှစ်အတွင်း ၃၄ နာရီသင်ကြားမည်ဖြစ်ပြီး ကျောင်းသားများ ကိုလက်တွေ့ကျွမ်းကျင်မှုရစေရန် ရည်ရွယ်ထားသည်။
ဤနည်းပညာပညာရေးတွန်းအားပေးမှုသည် ယူကရိန်းနှင့်ပဋိပက္ခတွင် ဒရုန်းအသုံးပြုမှု ပိုမိုပြင်းထန်လာချိန်တွင် ၂၀၃၀ ပြည့်နှစ်တွင် ဒရုန်းအော်ပရေတာ ၁ သန်းကို လေ့ကျင့်ပေးရန် ရုရှား၏မဟာဗျူဟာရည်မှန်းချက်နှင့် ကိုက်ညီပါသည်။ သို့ရာတွင် ဒရုန်းနည်းပညာကို စစ်ရေးအရ အသုံးချနိုင်မှုများ၊ သမ္မတပူတင်၏မိသားစုနှင့် ပိတ်ဆို့အရေးယူခံထားရသော ကုမ္ပဏီများ၏ ချိတ်ဆက်မှုများကြောင့် နိုင်ငံတကာမှ စိုးရိမ်မှုများမြင့်တက်လာစေခဲ့သည်။
Ref: ဖော့စ်ဘိုက်