ရာသီတုပ်ကွေးသောက်ဆေး ကနေ ကမ္ဘာ့ပထမဆုံး ကိုဗစ်သောက်ဆေး ဖြစ်လာနိုင်ဖွယ်ရှိ
ရာသီတုပ်ကွေးအတွက် ထုတ်လုပ်ထားတဲ့ သောက်ဆေးတစ်မျိုးဟာ ကိုဗစ်ရောဂါ အတွက် ကမ္ဘာ့ပထမဆုံး ကိုဗစ်သောက်ဆေး ဖြစ် လာနိုင်ဖွယ်ရှိနေပြီး လက်ရှိမှာတော့ လာမယ့် ၂ပတ်အတွင်း အရေးပေါ်အသုံးပြုခွင့်ရရှိရန် လျှောက်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
အမေရိကန်နိုင်ငံက ဆေးဝါးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Merck ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ molnupiravir ဆေးဖြစ်ပြီး ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှု ကို ၅၀% လျှော့ချနိုင်မှာဖြစ်ပါတယ်။
ကိုဗစ်ရောဂါ ပြင်းထန်စွာ ခံစားရနိုင်ဖွယ်ရှိသူ ၇၇၅ဦနဲ့ စမ်းသပ်ထားတာဖြစ်ပြီး အသုံးပြုခွင့်ရရှိမည် ဆိုပါက ကမ္ဘာ့ပထမဆုံး ကိုဗစ် သောက်ဆေး ဖြစ်လာမှာဖြစ်ပါတယ်။
“ကုသပိုင်းမှာရော သေဆုံးမှုပိုင်းမှာပါ ၅၀% လျှော့ချနိုင်မယ်ဆိုရင် ဒါဟာကုသဖို့အတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှု တစ်ခုဖြစ် လိမ့်မယ်” လို့ Merck ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Dr.Dean Li ကပြောပါတယ်။
ယခုနှစ်ကုန်ပိုင်းအထိ အဆိုပါသောက်ဆေး ၁၀သန်းကိုထုတ်လုပ်နိုင်မှာဖြစ်ပြီး ၁.၇သန်းကတော့ အမေရိကန်နိုင်ငံ အတွက်ဖြစ်လိမမယ်လို့ Merck ကပြောထားပါတယ်။
Source – The Independent
Zaw Gyi
ရာသီတုပ်ကွေးအတွက်ထုတ်လုပ်ထားတဲ့သောက်ဆေးတစ်မျိုးဟာ ကိုဗစ်ရောဂါအတွက် ကမ္ဘာ့ပထမဆုံးကိုဗစ်သောက်ဆေြး ဖစ်လာနိုင်ဖွယ်ရှိနေပြီး လက်ရှိမှာတော့ လာမယ့် ၂ပတ်အတွင်း အရေးပေါ်အသုံးပြုခွင့်ရရှိရန် လျှောက်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
အမေရိကန်နိုင်ငံက ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Merck ကုမ္ပဏီကထုတ်လုပ်ထားတဲ့ molnupiravir ဆေးဖြစ်ပြီး ရောဂြါ ဖစ်ပွားမှုနဲ့ သေဆုံးမှုကို ၅၀% လျှော့ချနိုင်မှာဖြစ်ပါတယ်။
ယခုနှစ်ကုန်ပိုင်းအထိ အဆိုပါသောက်ဆေး ၁၀သန်းကိုထုတ်လုပ်နိုင်မှာဖြစ်ပြီး ၁.၇သန်းကတော့ အမေရိကန်နိုင်ငံ အတွက်ဖြစ်လိမ့်မယ်လို့ Merck ကပြောထားပါတယ်။