Monday, May 11, 2026

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို...

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်...

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန်...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...
HomeCelebrities' Newsရပ်ဆဲလ် ဘဝနဲ့ရင်းပြီး ရလိုက်တဲ့...

ရပ်ဆဲလ် ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစာ တစ်ခု

သရုပ်ဆောင်ရပ်ဆဲလ်က ၂ဝ၁၅ ခုနှစ်တုန်းက မိခင်ဖြစ်သူ အွန်လိုင်းပေါ်မှာငွေလိမ်လည်ခံခဲ့ ရတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်ခ် လူမှုကွန်ရက်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ အိမ်တွင်းရေးကိစ္စဖြစ်တဲ့အတွက် ကိုယ်ပေါင် ကိုယ်လှန် ထောင်းသလို ဖြစ်မှာစိုးတာကြောင့် ဖေ့စ်ဘုတ်ခ်ပေါ် မတင်ချင်ပေမယ့်လည်း သူ့ရဲ့ ပရိသတ် တွေလည်း ဒီလိုမျိုး မကြုံရအောင်လို့ သူ့ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစာတစ်ခုကို အသိပေးလိုက်တာဖြစ်ကြောင်း ရပ်ဆဲလ်ကပြောပါတယ်။

အွန်လိုင်း ပေါ်မှာ အထီးကျန်နေတဲ့ လူကြီးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ငွေ လိမ်တာမျိုးတွေ ရှိနေကြောင်းကို ရပ်ဆဲလ်က “အဓိက ကတော့ သူတို့က အထီးကျန်နေတဲ့လူတွေ အဘိုးကြီးတွေ၊ အဘွားကြီးတွေ၊ အမျိုးသမီးတွေကို အဖွဲ့လိုက်ရည်ရွယ်ချက်ရှိရှိနဲ့ လိုက်ပြီး စကားတွေလိုက်ပြောတယ်။ လူတစ်ယောက် fake account တွေ လုပ်ဖို့အတွက် ဓာတ်ပုံက ၄၊ ၅ ပုံလောက်ဆိုရပြီ။ သူတို့ရဲ့ history တွေကို Download  ဆွဲထားတဲ့ ပုံအတုတွေနဲ့ ကာရိုက်တာ အတုတွေလုပ်တယ်။ ပြီးရင် ရင်းနှီးမှုတွေရအောင် ယူတယ်။ ရင်းနှီးပြီး နောက်တစ်ဆင့်တက်သွားတဲ့အခါမှာ ပိုပြီးကြောက်စရာကောင်းတာက ပိုက်ဆံတွေတောင်းလာတယ်။ ရင်းနှီးပြီး ပိုက်ဆံတွေ လှမ်းပို့ကြတယ်။ အဲဒီလိုကနေမှ ဒီထက်ပိုပြီး ဆိုးရွားတဲ့ အခြေ အနေတွေ ဖြစ်သွားနိုင်ပါတယ်။ လူကြီးတွေကျတော့ တစ်ခါမှ social media ကို သေချာမသုံးဖူးဘူး။ ရပ်ဆဲလ်တစ်ခု အားနည်းသွားတာက အနုပညာအလုပ်တွေ လုပ်နေ တဲ့အချိန်မှာ အမေ့ကိုလည်း အနီးကပ် မပြုစုနိုင်ဘူး။ ရပ်ဆဲလ်ထင်ထားတာက သူ့ဂျပန် ကအမျိုးတွေရယ်၊ အမေရိကားက အမျိုးတွေနဲ့ စကား တွေ ပြောနေတယ် လို့ပဲထင်ထားတာ။ အဲဒီလိုမဟုတ်ဘဲ လူလိမ်တွေနဲ့ အချိန်ပေးမိ သလိုဖြစ်သွားတာ” လို့ ရပ်ဆဲလ်ကပြောပါတယ်။

ဒီလိုကိစ္စမျိုး ကြုံတွေ့လာတဲ့အခါ ရှက်စရာမလိုဘဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြေရှင်း ပါဆိုတဲ့ ရပ်ဆဲလ်က “ဒီကိစ္စတွေက မြန်မာနိုင်ငံမှာ တင်မဟုတ်ဘူး။ အမေရိကမှာလည်း ဖြစ်နေတဲ့ကိစ္စတွေပါ။ အွန်လိုင်း မှာ ရှာကြည့်ရင် အဘိုးကြီးအဘွားကြီးတွေ ပိုက်ဆံတွေ အလိမ်ခံ နေရတယ်။ အိမ်တွေရောင်းပြီး သားသမီးအိမ်မှာ လာနေတဲ့ ကိစ္စတွေအများကြီးပဲ။ ကိုယ့်ထက်ဆိုးတဲ့လူတွေ အများ ကြီးရှိပါတယ်။ အဲဒါကြောင့်လူကြီးမိဘတွေကို လွှတ်မထားပါနဲ့။ ဖေ့စ်ဘုတ်စ် တွေဖြစ်ဖြစ် သူတို့သုံးနေတဲ့အကောင့်တွေမှာ password တွေသိအောင် လုပ်ထားပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ – မင်းမင်းထွန်း 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071