Monday, January 20, 2025

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည်...

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင်...

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း...

ရန်ကုန်တွင် ယနေ့ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု...

ရန်ကုန်မြို့တွင် ယနေ့ ဇန်နဝါရီ (၂၀)ရက်၊ တစ်ရက်အတွင်း သင်္ဃန်းကျွန်မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် မီးလောင်ကျွမ်းမှု (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းများမှ သွားရောက်၍...
HomeNewsLocal Newsရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ်...

ရန်ကုန် အပါအဝင် တိုင်းနှင့်ပြည်နယ် (၆) ခုတွင် မိုးကြီးပြီး ဒေသအချို့တွင် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေမှုကြောင့် ရန်ကုန် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၆) ခုတွင် မိုးကြီးပြီး စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းကာ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ဇွန်လ (၁၅) ရက် ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်း တိုင်း(အောက်ပိုင်း)နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ရှမ်း(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းတွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်းနှင့် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်သူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်

Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် မြန်မာ၊ တရုတ် နှစ်နိုင်ငံလုံးကို လိ-မ်လ-ည်နေခြင်းဖြစ်သည်ဟု နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသော တရားမဝင် Online လော-င်းကစားမှုများအား နှိမ်နှင်းလျက်ရှိမှုနှင့်ပတ်သက်၍ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ Online လိ-မ်လ-ည်မှုနှင့် လော-င်းကစားမှုလုပ် ဆောင်နေသူများသည် သာမာန်လူများမဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံများ၌ ရာဇဝတ်မှုများဖြစ်ပြီး တိမ်းရှောင်ထွက်ပြေးနေရသည့် လော-င်းကစားလုပ်နေကြသူများက ဦးဆောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ Online လိ-မ်လ-ည်မှုနှင့်လော-င်းကစားမှုများသည် တရုတ်နိုင်ငံသားများက မြန်မာနိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်သကဲ့သို့ မြန်မာနိုင်ငံသားများကလည်း တရုတ်နိုင်ငံသားများကို လိ-မ်လ-ည်နေခြင်းမဟုတ်ဘဲ ရာဇဝတ်မှုကျူးလွန်ထားပြီး...

ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

ဟားခါးမြို့၌ (၀)ဒီဂရီဆဲလ်စီးယပ် အထိရှိကာ အအေးပိုခဲ့

ချင်းပြည်နယ် အပါအဝင်တိုင်းနှင့် ပြည်နယ်(၃)ခု၌ ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက်ကျဆင်းနေပြီး ဟားခါးမြို့ ၌ (၀)ဒီဂရီဆဲလ်စီးယပ်အထိရှိကာ အအေးပိုခဲ့ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလအတွင်း မိုးလေဝသတိုင်းထွာချက်များအရ ညအပူ ချိန်များမှာ ရခိုင်ပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၃) ဒီဂရီဆဲလ်စီးယပ်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂) ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၀.၀ ဒီဂရီဆဲလ်စီးယပ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071