Monday, April 20, 2026

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...

ရေနံကုန်သွယ်မှုတွင် ဒေါ်လာအစား ယွမ်ကို အသုံးပြုလာနိုင်ကြောင်း...

အီရန်ပဋိပက္ခ ကြာရှည်လာပါက မိမိတို့၏ ဒေါ်လာအရန်ငွေများအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အမေရိကန်အား သတိပေးလိုက်ပြီးနောက် တရုတ်ယွမ်ငွေကဲ့သို့သော အခြားရွေးချယ်စရာ ငွေကြေးများဖြင့်...

မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ...

ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ယနေ့ (ဧပြီ ၂၀) တွင်...

ဂျပန်မှာအားပြင်းငလျင်လှုပ်ခတ်၍ ဆူနာမီသတိပေးချက် ထုတ်ပြန်

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် တနင်္လာနေ့က ပြင်းအား ၇ ဒဿမ ၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့ပြီး အီဝါတီ၊ အာအိုမိုရီနှင့်...
HomeNewsLocal Newsရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet...

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်(၆)ပါးအပါအ ဝင် (၉)ဦးပျံလွန်/သေဆုံး (၁၀)ပါး/ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သထုံမြို့နယ်ရှိ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၄/၅ တွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူ (၁၉) ဦးအနက် ဘုန်းကြီး(၅)ပါး၊ ကိုရင်(၁)ပါး၊ အမျိုးသား (၃)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ပျံလွန်/သေဆုံးသွားခဲ့ပြီး ဘုန်းကြီး(၇)ပါးနှင့် အမျိုး သား(၃)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပျံလွန်၊ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအား အကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသားလူမှုကူညီရေးအသင်း၊ နှလုံးသားလှလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ သင်္ခါရလူမှုကူညီရေးအသင်းတို့မှ သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြကာ ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူများ၌ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော်တရားဟောကြားတော်မူ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က "သြဝါဒကထာ"ခေါင်းစဥ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်(၇၅)သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြသည်။

ရေနံကုန်သွယ်မှုတွင် ဒေါ်လာအစား ယွမ်ကို အသုံးပြုလာနိုင်ကြောင်း UAE က အမေရိကန်အား သတိပေး

အီရန်ပဋိပက္ခ ကြာရှည်လာပါက မိမိတို့၏ ဒေါ်လာအရန်ငွေများအပေါ် ဖိအားဖြစ်စေနိုင်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အမေရိကန်အား သတိပေးလိုက်ပြီးနောက် တရုတ်ယွမ်ငွေကဲ့သို့သော အခြားရွေးချယ်စရာ ငွေကြေးများဖြင့် ရေနံကုန်သွယ်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်းဆိုသည်။ ပင်လယ်ကွေ့ဒေသ၏ အဓိက ဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်သည့် UAE ထံမှ ထွက်ပေါ်လာသော ဤအရိပ်အယောင်သည် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကမ္ဘာ့စွမ်းအင်စျေးကွက်တွင် ဒေါ်လာကို စွန့်ခွာရန် အရှိန်အဟုန် မြန်ဆန်လာနိုင်သည်ဟူသော စိုးရိမ်မှုကို မီးမောင်းထိုးပြနေသည်။ လက်ရှိဖြစ်ပွားနေသော တင်းမာမှုများကြားတွင် ဒေါ်လာအသုံးပြုမှု လျှော့ချရေး ကြိုးပမ်းမှုမှာ အရှိန်အဟုန်သစ် ရရှိလာဖွယ် ရှိနေသည်။ အကယ်၍...

မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်

ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးအနေဖြင့် သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ယနေ့ (ဧပြီ ၂၀) တွင် ထုတ်ပြန်သည်။ သံရုံးဆိုင်ရာ ကိစ္စရပ်များကို သံရုံးကသာ ဆောင်ရွက်ပေးလျက်ရှိနေခြင်းဖြစ်ကာ ယင်းသို့ဆောင်ရွက်ရာ၌ လျှောက်ထားသူများက ပူးတွဲတင်ပြလာသော အထောက်အထား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိ စိစစ်ပြီး အချိန်မကြန့်ကြာစေရန် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။ ထို့ကြောင့် မြန်မာ သံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးခြင်းမရှိပါကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071