ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)က “သြဝါဒကထာ”ခေါင်းစဥ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေကျပ်(၇၅)သိန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ထံဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချအမျှအတမ်းပေးဝေခဲ့ကြသည်။