ဂျပန်နိုင်ငံမြောက်ပိုင်းတွင် တနင်္လာနေ့က ပြင်းအား ၇ ဒဿမ ၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ပြောကြားခဲ့ပြီး အီဝါတီ၊ အာအိုမိုရီနှင့် ဟော့ကိုင်းဒိုးစီရင်စုများတွင် ၃ မီတာအထိမြင့်မားသော ဆူနာမီရေလှိုင်းများ ရို-က်ခတ်နိုင်ကြောင်း သတိပေးခဲ့သည်။
ငလျင်သည် ဒေသစံတော်ချိန် ညနေ ၄း၅၃ နာရီတွင် မြောက်ပိုင်းအီဝါတီစီရင်စု၏ ပစိဖိတ်ကမ်းလွန်ရေပြင်၌ အနက် ၁၀ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ငလျင်သည် ကီလိုမီတာရာပေါင်းများစွာ ဝေးကွာသော တိုကျိုမြို့ရှိ ကြီးမားသောအဆောက်အအုံများကို လှုပ်ခါစေသည်အထိ ပြင်းထန်ခဲ့သည်။
ငလျင်ကြောင့် တိုကျိုဘူတာနှင့် ရှင်အာအိုမိုရီဘူတာကြား ရထားပြေးဆွဲမှုများကို ရပ်ဆိုင်းထားကြောင်း ကျည်ဆန်ရထားအော်ပရေတာ Tohoku Shinkansen က ပြောကြားခဲ့သည်။
ငလျင်သည် ဂျပန်၏ ငလျင်ပြင်းအားစကေးတွင် ၅ အထက်ရှိခဲ့ပြီး လူများ လှုပ်ရှားသွားလာရန် ခက်ခဲစေလောက်အောင် ပြင်းထန်သည်။
Ref: စီအင်န်အေ
