Monday, April 20, 2026

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီ ၇ မိနစ်...

အီရန်ကုန်သင်္ဘောကိုယူအက်စ်ကသိမ်း၍ လက်တုန့်ပြန်မည်–တေရန်

အီရန်နိုင်ငံ ဆိပ်ကမ်းများသို့ သွားရောက်မှုကို ပိတ်ဆို့ထားသည်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန်အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းကို အမေရိကန်တပ်များက ဖမ်းဆီးထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ...

မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအပြီး ရုံးပိတ်ရက်ရှည်ပြီးနောက် ပြန်လည်တွေ့မြင်ရသည့်...

ယနေ့ (ဧပြီ ၂၀) သည် သကြင်္န်ပွဲတော်ကာလအပြီး၊ ရုံးပိတ်ရက်ရှည်အပြီး အစိုးရရုံးများပြန်လည်ဖွင့်လှစ်ကာ ရုံးလုပ်ငန်းဆောင်တာများ ပြန်လည်စတင်ဆောင်ရွက်ကြပြီလည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအပြီး ရုံးပိတ်ရက်ရှည်ပြီးနောက်...

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) ရရှိသူများ လိုက်နာရမည့်...

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိသူများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များကို လယ်ယာမြေ ဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃) အရ...
HomeMoviesရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။

ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ်ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအားအမြဲမပြတ်စစ်ဆေးရန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား ငလျင်ဒ-ဏ်ခံ Elastomeric Bearings များတပ်ဆင်ထားမှု၊ အရည်အသွေးထိန်းသိမ်းရေးဆောင်ရွက်နေမှု၊ ရေတိုက်စားမှုကာကွယ်ရန် ရေလမ်းကြောင်းရှင်းလင်းခြင်းနှင့် ရေတားအကာအကွယ်များဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆွာချောင်းတံတား(အပြန်လမ်း)အား အသစ်အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကာ ဆွာချောင်းတံတား(အသွားလမ်း)နေရာတွင်လည်း ယာယီဘေလီတံတားထပ်ပိုးအသုံးပြုနေခြင်းကိုအစားထိုး၍ တံတားအသစ်ပြန်လည်တည်ဆောက်သွားမည်ဖြစ်သည်။

လက်ရှိအချိန်၌ အမြန်လမ်းမကြီးပေါ်ရှိ မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် မိုင်တိုင်အမှတ်(၁၉၀/၁)ရှိ မှောက်ခုံချောင်းတံတားမှာလည်း ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်

အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ ဧပြီ ၂၀ ရက်နံနက်ပိုင်းက မင်းကင်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၁၁ နာရီ ၇ မိနစ် ၃၆ စက္ကန့်က မင်းကင်းမြို့၏ တောင်-အရှေ့တောင်ဘက်(၁၅)မိုင်ခန့်အကွာ၊ အနက် (၄၉)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစ ကေး(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အီရန်ကုန်သင်္ဘောကိုယူအက်စ်ကသိမ်း၍ လက်တုန့်ပြန်မည်–တေရန်

အီရန်နိုင်ငံ ဆိပ်ကမ်းများသို့ သွားရောက်မှုကို ပိတ်ဆို့ထားသည်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန်အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းကို အမေရိကန်တပ်များက ဖမ်းဆီးထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ပြန်လာသော သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က တို-က်ခိုက်ခဲ့ကြောင်း အီရန်စစ်တပ်က အတည်ပြုခဲ့ပြီး ယင်းလုပ်ရပ်အတွက် မကြာမီ လက်စားချေမည်ဟု ကတိပြုခဲ့သည်။ လက်ရှိတွင် ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှု၊ ဝါရှင်တန်၏ ရပ်တည်ချက် ပြောင်းလဲမှုနှင့် အလွန်အကျွံတောင်းဆိုမှုများကြောင့် တေရန်သည် လက်ရှိတွင် အမေရိကနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ရန် အစီအစဉ်မရှိကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။ သီတင်းနှစ်ပတ်ကြာ အပ-စ်အခတ်ရပ်စဲရေးသက်တမ်း မကုန်ဆုံးမီ...

မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအပြီး ရုံးပိတ်ရက်ရှည်ပြီးနောက် ပြန်လည်တွေ့မြင်ရသည့် ရန်ကုန်မြို့လယ်မြင်ကွင်းများ

ယနေ့ (ဧပြီ ၂၀) သည် သကြင်္န်ပွဲတော်ကာလအပြီး၊ ရုံးပိတ်ရက်ရှည်အပြီး အစိုးရရုံးများပြန်လည်ဖွင့်လှစ်ကာ ရုံးလုပ်ငန်းဆောင်တာများ ပြန်လည်စတင်ဆောင်ရွက်ကြပြီလည်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအပြီး ရုံးပိတ်ရက်ရှည်ပြီးနောက် ပြန်လည်တွေ့မြင်ရသည့် ရန်ကုန်မြို့လယ်မြင်ကွင်းအချို့ကို ဖော်ပြအပ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071