အီရန်နိုင်ငံ ဆိပ်ကမ်းများသို့ သွားရောက်မှုကို ပိတ်ဆို့ထားသည်ကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန်အလံလွှင့်ထူထားသော သင်္ဘောတစ်စင်းကို အမေရိကန်တပ်များက ဖမ်းဆီးထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ ပြန်လာသော သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က တို-က်ခိုက်ခဲ့ကြောင်း အီရန်စစ်တပ်က အတည်ပြုခဲ့ပြီး ယင်းလုပ်ရပ်အတွက် မကြာမီ လက်စားချေမည်ဟု ကတိပြုခဲ့သည်။
လက်ရှိတွင် ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှု၊ ဝါရှင်တန်၏ ရပ်တည်ချက် ပြောင်းလဲမှုနှင့် အလွန်အကျွံတောင်းဆိုမှုများကြောင့် တေရန်သည် လက်ရှိတွင် အမေရိကနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ရန် အစီအစဉ်မရှိကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။
သီတင်းနှစ်ပတ်ကြာ အပ-စ်အခတ်ရပ်စဲရေးသက်တမ်း မကုန်ဆုံးမီ ရက်အနည်းငယ်အလို တနင်္လာနေ့တွင် အမေရိကန်ညှိနှိုင်းရေးမှူးများကို ပါကစ္စတန်သို့သွားရန် ထရမ့်ပ်က ညွှန်ကြားခဲ့ပြီးနောက် ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
Ref: အယ်လ်ဂျာဇီးယား
