ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ မေ ၂၀ ရက်က ကုန်တင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိ တအဖွဲ့ထံမှ သိရသည်။
တောင်ငူမြို့နယ်၊ ရန်ကုန်၊မန္တလေးကားလမ်းဟောင်းပေါ်ရှိ ကန်ရိုးအထွက်တွင် ကုန်တင်ကား(၁)စီးတိမ်းမှောက်ခဲ့သဖြင့် Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့က ကူညီမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒ-ဏ်ရာရသူ(၂)ဦးရှိခဲ့ကြောင်း Taungoo Rescue အရေးပေါ်ကယ်ဆယ်ရေးပရဟိတအဖွဲ့၏ သတင်းများအရ သိရသည်။
Photo-T Rescue
